Saturday, September 08, 2012 အိမ့်သံစဉ်
ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ
၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း
ဂစ်တာ လေလံတင်ရောင်းချရငွေ အပါအ၀င် အလှူငွေ စုစုပေါင်း (၂၇၂၆) သိန်း
ရရှိခဲ့သည်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့
နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင်
ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို သတင်းမီဒီယာ ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က
စေတနာဝသန် ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာလေလံတင်ရောင်းချရငွေ အပါအ၀င် အလှူငွေ
စုစုပေါင်း (၂၇၂၆)သိန်း ရရှိခဲ့ကြောင်း၊ ဂီတပွဲအတွက်
ကုန်ကျစရိတ်စုစုပေါင်း (၂၁၀) သိန်း ကုန်ကျခဲ့ကြောင်း ပြောပါတယ်။
ဂီတပွဲမှာ ရရှိခဲ့တဲ့ အလှူငွေများထဲမှ -
ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း (၂၀၀)၊
ရခိုင်ပြည်နယ်က ဘေးဒုက္ခ ရောက်နေသူများ အတွက်သိန်း (၂၀၀)၊
ဧရာဝတီတိုင်းက ရေဘေးဒုက္ခရောက်နေသူများ အတွက် သိန်း (၂၀၀)၊
နာရေးကူညီမှုအသင်းအတွက် (၂၅)သိန်း၊
HIV လူနာများအတွက် (၂၅)သိန်း၊
ပေးလှူဒါန်းသွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမြအေးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
No comments:
Post a Comment