ရေးသားချိန် 17 September 2012, 12:17 AEST
တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြား ပိုင်ဆိုင်မူ ဆက်လက် အငြင်း ပွားနေကြမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်တောင်ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကာ ကွယ်ရေး ဝန်ကြီးက သတိပေးလိုက်ပါတယ်။
တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြား ပိုင်ဆိုင်မူ ဆက်လက် အငြင်း ပွားနေကြမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်တောင်ဖြစ်လာနိုင်တယ်လို့
Chinese protesters march with anti-Japanese banners and Chinese
national flags in Zhengzhou, central China's Henan province, on
September 15, 2012, as they protest against Japan's "nationalizing" of
the disputed Diaoyu Islands, also known as Senkaku Islands in Japan.
ဂျပန်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူ တရုတ်နိုင်ငံသားများ (Credit: AFP) ဇာတ် လမ်း ကျွန်း ဝယ်မယ့်ကိစ္စပြန်စဉ်းစားဖို့ ဂျပန်ကို တရုတ်ပြော
တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်က ကျွန်းတွေကို တရုတ်နဲ့ ဂျပန်တို့က ပိုင်ဆိုင်မူ အငြင်းပွားနေပြီး နှစ်ဖက်စလုံးက တဦးပေါ်တဦး ရန်စတဲ့အပြုအမူတွေ လုပ်နေတဲ့အတွက် စစ်ဖြစ်နိုင်ပြီး
တခြားနိုင်ငံတွေပါ ပါဝင်လာတဲ့အထိ ပြဿနာရှိနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောသွားတာဖြစ်ပါတယ်။
ပိုင်ဆိုင်မူအငြင်းပွားနေတဲ့ 
ကျွန်းကို ဂျပန်က ဝယ်ယူမယ်လို့ပြောပြီးနောက် ဂျပန်ကို ဆန့်ကျင်တဲ့အနေနဲ့
တရုတ်နိုင်ငံမှာ ရက်ဆက်ဆိုသလို ဆန့်ကျင်ဆန္ဒပြမူတွေ လုပ်နေပါတယ်။
ဂျပန်ကို ဆန့်ကျင်တဲ့ဆန္ဒပြမူတွေ တရုတ်နိုင်ငံတလွှားမှာ ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံတွင်းရှိ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်စီးပွားရေးတွေကို လုံခြုံရေးအပြည့်အဝပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရကို ပြောလိုက်ပြီးနောက် အမေရိကန်နိုင်ငံက ခုလို သတိပေးချက်တွေ ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြို့ကြီး ၈၀ ကျော်က ဆန္ဒပြတရုတ်ပြည်သူတွေက ဂျပန်လူမျိုးတွေ ဂျပန်နိုင်ငံကို ပြန်ဖို့ ပြောဆိုနေပြီး စနေနေ့တုန်းက ဂျပန်သံရုံးကို ကျောက်တွေ၊ ရေဗူးတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ပြီးနောက် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။
တချို့မြို့တွေမှာတော့ ဂျပန်နိုင်ငံနဲ့ ဆက်စပ်မူရှိတဲ့ ဈေးဆိုင်ကို ဝင်ရောက်လုယူမူတွေနဲ့ ကားရောင်းဝယ်ရေးဌာနတခုကို မီးရှို့ဖျက်ဆီးမူတွေ လုပ်ခဲ့ကြောင်းလဲ သိရပါတယ်။
news from...Radio Australia - Myanmar
ဂျပန်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူ တရုတ်နိုင်ငံသားများ (Credit: AFP) ဇာတ် လမ်း ကျွန်း ဝယ်မယ့်ကိစ္စပြန်စဉ်းစ
တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်က ကျွန်းတွေကို တရုတ်နဲ့ ဂျပန်တို့က ပိုင်ဆိုင်မူ အငြင်းပွားနေပြီး နှစ်ဖက်စလုံးက တဦးပေါ်တဦး ရန်စတဲ့အပြုအမူတွေ လုပ်နေတဲ့အတွက် စစ်ဖြစ်နိုင်ပြီး
တခြားနိုင်ငံတွေပါ ပါဝင်လာတဲ့အထိ ပြဿနာရှိနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောသွားတာဖြစ်ပါတယ်။
ပိုင်ဆိုင်မူအငြင်းပွားနေတဲ
ဂျပန်ကို ဆန့်ကျင်တဲ့ဆန္ဒပြမူတွေ တရုတ်နိုင်ငံတလွှားမှာ ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံတွင်းရှိ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်စီးပွားရေးတွေကို လုံခြုံရေးအပြည့်အဝပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရကို ပြောလိုက်ပြီးနောက် အမေရိကန်နိုင်ငံက ခုလို သတိပေးချက်တွေ ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြို့ကြီး ၈၀ ကျော်က ဆန္ဒပြတရုတ်ပြည်သူတွေက ဂျပန်လူမျိုးတွေ ဂျပန်နိုင်ငံကို ပြန်ဖို့ ပြောဆိုနေပြီး စနေနေ့တုန်းက ဂျပန်သံရုံးကို ကျောက်တွေ၊ ရေဗူးတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ပြီးနောက် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။
တချို့မြို့တွေမှာတော့ ဂျပန်နိုင်ငံနဲ့ ဆက်စပ်မူရှိတဲ့ ဈေးဆိုင်ကို ဝင်ရောက်လုယူမူတွေနဲ့ ကားရောင်းဝယ်ရေးဌာနတခုကို မီးရှို့ဖျက်ဆီးမူတွေ လုပ်ခဲ့ကြောင်းလဲ သိရပါတယ်။
news from...Radio Australia - Myanmar
http://www.facebook.com/photo.php?fbid=347359405355599&set=a.329330483825158.78075.322396224518584&type=1&theater

No comments:
Post a Comment