Thursday, September 13, 2012

ဖားကန့် ရေမဆေး ကောက်သူများကို အစိုးရစစ်တပ် ဖမ်းဆီးရိုက်နှက်စစ်ဆေး




ကချင်ပြည်နယ် ဖားကန့် ဥရုဆိုင်းမှော်ဒေသရှိ
မှော်စီဇာ (Mawsiza) တွင် မြန်မာအစိုးရတပ်
သည် စက်တင်ဘာ ၁၁ ရက် နံနက် ၃ နာရီချိန်
တွင် ကျောက်စိမ်းရိုင်းများ (ရေမဆေး) ကောက်
နေသော အရပ်သားပြည်သူများအား ရိုက်နှက်
စစ်ဆေးမေးမြန်း နေကြောင်း ဖားကန့်ဒေသခံ
တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းမြန်မာအစိုးရသည် အင်အား ၃၀ ကျော်ဖြင့်
ရောက်ရှိလာပြီး ကျောက်စိမ်းတုံးရိုင်းများ
(ရေမဆေး) ကောက်သည့်သာမန်ဝတ်စုံနှင့်
ကျောက်သယ်လာသော သူများကို ရုတ်တရက်
လမ်းတွင် မောက်ရပ်လဲ ခိုင်းထားပြီး နှိပ်စက်ရိုက်နှိ
က်မေးမြန်းခဲ့သည်ဟု ပြောသည်။

“ဝါးလုံးတွေနဲ့ ရိုက်တယ်..ဆိုင်ကယ်မီးကိုလည်း
ရိုက်ခွဲပေးလိုက်တယ်။ ဓာတ်မီးလည်း မထွန်းခိုင်း
ဘူး။ ဘာလူမျိုးလဲဆိုပြီး ကချင်လူမျိုးဆိုရင် သေ
နတ်ဒင်နဲ့ ထိုးတယ်၊ ရိုက်တယ်။ ဖုန်း၊ နာရီ၊ ပိုက်
ဆံအားလုံးကို လုယူသွားတယ်” ဟု ရေးမဆေး
ကောက်သူတဦး KNG ကချင်သတင်းဌာန
သို့ပြောသည်။

ကျောက်ရိုင်းများကောက်သူများသည် ကုမ္ပဏီ
များ၏ကျောက်စိမ်းတူးဖော်ရာမှစွန်ပစ်ထားသော
ကျောက်ရိုင်းမြေဇာများထဲမှာ ကောက်ယူနေခြင်း
ဖြစ်ပြီး ၄င်စွန့်ပစ်လာမည့်အချိန်ကို နံနက် ၁
နာရီခန့်မှ ထိုနေရာများတွင် ဓါတ်မီးများဖြင့်စောင့်
ဆိုင်းကာ အလုအယက်ကောက်ယူနေကြချိန် ဖမ်း
ဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို မြန်မာစစ်သားများသည် ဆိုင်ကယ် ၎
စီးနှင့် သုံးဘီးကား ၁ စီးလည်း သိမ်းယူထားပြီး
ကျောက်ရိုင်း ကောက်သူများကိုမူ စိမ်းလဲ့အောင်
ကုမ္ပဏီ လမ်းကြား မှော်စီဇာဖုန်းရုံး လမ်းဘက်သို့
ဒိုင်ဗင်ထိုး၊ ဖားခုန်ခုန်ခိုင်းပြီးမှ ပြန်လွတ်ပေးခဲ့
ကြောင်းသိရသည်။

ယခုချိန် ယခုချိန် အစိုးရနှင့် ကချင်လွတ်မြောက်
ရေးတပ်ဖွဲ့KIAကြားတိုက်ပွဲများဖြစ်ပွားနေချိန်ဖြစ်
သော်လည်း ကျောက်စိမ်းရိုင်းကောက်သူအများ
စုသည် ကျောက်မှော်စီဇာ (Mawsiza) နှင့် နမ့်ဖစ်
(Namhpyit) တွင်ရှိကြောင်း သိရသည်။
(source-KNG)

No comments: