Monday, September 17, 2012

ဒေါက်တာနိုင်အောင်၊ အောင်နိုင်တို့ ဂျောက်ချခဲ့သောကျာင်းသားတပ်မတော်အတွင်းရှင်းလင်း သုတ်သင်သတ်ဖြတ်မှုများ


By Nyein Chan
ကျွန်တော်စဉ်းစားမိတာတချို့ရှိပါသည်။ ပထွေးခြေသလုံးပြေးဖက်ပြီးတာနဲ့
တရားရုံးမှာတွေ့ကြတာပေါ့ ကြုံးဝါးသူ တယောက် သူပြောသလို ပွင့်လင်းမှန်ကန်မှုရှိရှိနှင့်
သူတို့တာဝန်ယူစဉ်ကာလအတွင်းတွင်ဖြစ်ပျက်ခဲ့သော ရှင်းလင်းသတ်ဖြတ်မှုများ၊ စုံစမ်းစစ်
ဆေးမှုများနှင့်စွဲချက်များ၊ စုံစမ်းစစ်ဆေးရေးတွေအသုံးပြုခဲ့သော နည်းနာများအားလုံး တို့ကို
မေးခွန်းထုတ်လိုက်သည် နှင့် ခွေးအကြီးချီးကားကြိတ်သွားရသလို အသံတိတ်သွားတော့သည်။ သေချာသည်က
သူဆိုလို သော ပွင့်လင်းမှန်ကန်မှုဆိုသည်မှာ တာဝန်ရှိပါတယ်၊ ဒါပေမဲ့ တာဝန်ရှိတယ်ဆိုတာ စကားအရသာဖြစ်ပြီး
လုံးလုံး တာဝန်ခံ မှုကင်းမဲ့သော စကားဖြစ်သည့် အပြစ်တော့ ရှိမယ်မထင်ပါဘူးလိုဟာမျိုးပဲဖြစ်မည်ထင်သည်။
မပြန်ရသေးခင် အက်ဖ်ဒီဘီအဖွဲ့အ တွင်းတွင် အပြီးပြန်တော့မည်ဘာညာပြောခဲ့သောစကားကလည်း ပထွေးတွေကို
ဘယ်လောက်အားကိုးမှန်းသိသိ သာသာ ပြသခြင်း ဖြစ်သည်။

ထားပါတော့။ သူတို့၏စရိုက်က သူတို့ဘာတွေဆိုသည်ကို ပြသလိမ့်မည်ဖြစ်သည်။ ကျောင်းသားတပ်မတော်အတွင်းတွင်
ရန်သူ့ သူလျှိုများဖမ်းဆီးရမိလျှင် မည်သို့လုပ်မည်၊ မည်သို့အရေးယူစစ်ဆေးမည်၊ မည်သို့မျှမျှတတရှိသော
တရားခွင်တွင်စီရင်ချက်ချ၍ ဆုံးဖြတ်မည်၊ မည်သို့သောအယူခံဝင်ခွင့်များသတ်မှတ်ပေးထားသည်တို့ကို
ကျောင်းသားတပ်မတော်၏တရားစီရင်ရေးနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေတို့ကို သိနားလည်သူများက
ဖေါ်ထုတ်ရေးသားပေးစေလိုပါသည်။

ဒေါက်တာနိုင်အောင်၊ အောင်နိုင်နှင့် သွေးစွန်းနေသူတို့
ကျောင်းသားတပ်မတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားစီရင်ရေးတို့ ကိုမည်မျှလိုက်နာခဲ့ပြီး
အဖွဲ့အတွက်လားအဖွဲ့ကိုဖျက်ဘို့လားလုပ်ခဲ့ကြသည်ကို ကျောင်းသားတပ်မတော် ၏ဥပဒေများနှင့်
ယှဉ်တွဲစဉ်းစားလျှင် လွယ်လွယ်ကူကူပိုရှင်းရှင်းလင်းလင်းသိမြင်လာစေနိုင်သည်။

ကျောင်းသားတပ်မတော်အတွင်း ရန်သူ့ထောက်လှမ်းရေးများဟုသံသယရှိပါက
မည်သို့သောစုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုထား သည်၊ မည်သို့သောလူမဆန်သည့်နှိပ်စက်ညှဉ်းပန်းမှုများကို
တားမြစ်ထားသည်တို့ကို ပွင့်ပွင့်လင်းလင်းသိနိုင်လျှင် အရုပ်ဆိုးသည့် အစုလိုက်အပြုံလိုက်ညှဉ်းပန်းနှိပ်စက်မှုများ၊
လူမဆန်သည့်သွေးဆာသော လုပ်ရပ်များကို ကျောင်းသားတပ်မ တော်၏အခြေခံဥပဒေများအားမျက်မှောက်ပြုကာ
မည်သို့စော်ကားခဲ့ကြသည်ကို စတင်ဖေါ် ထုတ်ကြရန်လိုပေသည်။

ထိုလူယုတ်မာ သွေးစုတ်ဖုတ်ကောင်များအနေနှင့် ကျောင်းသားတပ်မတော်ကော၊ ဒီမိုကရေစီရရှိရေးအတွက်
အသက်စွန့်၊ ဘဝစွန့်လှုပ်ရှားသွားကြသူများ၏မျက်နှာကိုထောက်လိမ့်မည်မဟုတ်ပဲ
သူတို့ဗြောင်လိမ်ဗြောင်ညာလုပ်ရန်အတွက် ကျောင်းသား တပ်မတော်ကို ဘာကြီးဖြစ်နေဖြစ်နေ အသုံးချလိမ့်မည်ဖြစ်သည်။

No comments: