အနှစ် ၂၀ ကျော် အတွင်းမှာ အရဲရင့်ဆုံး နှင့် အကောင်းဆုံး သော
လုပ်ရပ်ကို ၀န်ကြီးချုပ်အနေနှင့် လုပ်ခဲ့သော တခုတည်းသော
လုပ်ဆောင်ချက်အဖြင့် မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။
ကျန်ရှိနေသေးသော NCUB တို့ ကိုမောင်မောင်
ဖယ်ဒရယ်ပါလီမန်တို့ကိုပါ ဦးစိန်ဝင်း လုပ်ဆောင်သလို တာဝန်ရှိသူများက
အမြန်ဆုံးဖျက်သိမ်းပစ်မယ်ဆိုပါလျှင် တိုင်းသူပြည်သားများ
များစွာဝမ်းမြောက်မည်ဖြစ်သလို။ NCG ဖျက်သိမ်းလိုက်သဖြင့် NCG ပါဝင်ပြီး
ဖွဲ့စည်းထားသော တပ်ပေါင်းစုများကို
လည်း ရဲရဲဝံ့ဝံ့ ဖျက်သိမ်းသင့် ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
ဘောင်းဘီချွတ်
သမတ သိန်းစိန်ရဲ့ ဖိတ်ကြားချက် နှင့်သော်၎င်း မိမိသဘောနှင့်သော၎င်း
ပြန်သွားသူများပါဝင်သော အဖွဲ့များအနေနှင့်လည်း မိမိအဖွဲ့ကို ဖျက်သိမ်းလျင်
ဖျက် မဖျက်နိုင်ပါလျှင် ထိုသူများကိုယ်တိုင် ထိုထိုဤဤ အဖွဲ့များမှ
အမြန်ဆုံးနှုတ်ထွက်သင့်ကြပါပေတယ်။
နိုင်ငံရေးသမားဟု
အမည်ခံထားသူများအနေဖြင့် မိမိတို့လုပ်ရပ်များ အမြီး အမောက်တည့်အောင်
လုပ်ဆောင်ခြင်းဖြင့် မိမိတို့ရပ်တည်ချက် မိမိတို့ သိက္ခာ (ရှိခဲ့လျှင်)
များကို ထိမ်းသိမ်းစေခြင်ပါတယ်။
အားလုံးကို (ပြည်သူအတွက်) ရိုးသားကြပါ ရဲဝံ့ကြပါ လိုတိုက်တွန်းရင်း
မောင်ဂဏန်း
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်
No comments:
Post a Comment