ထားဝယ် ၊ စက်တင်ဘာ ၂၂ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်ဆိုင်းသွားေ စရန် ရည်ရွယ်ပြီး ဆီမီးခွက်များဖြင့် Stop War စာတန်းကို ပုံဖော်ကာ ငြိမ်ချမ်းရေးဆုတောင်းပွဲတစ်ခုကို
စက်တင်ဘာလ ၂၁ ရက် ညနေ ၅ နာရီခွဲ ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင်
ထားဝယ်ဒေသခံများက ရွှေတောင်စားစေတီတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ
ဆုတောင်းပွဲကို ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများ ၊ ထားဝယ် ခရိုင်
ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ ၊ NLD အဖွဲ့ဝင်များ အပါအ၀င် ဒေသခံ ၅၀
ခန့်တက်ရောက်ဆုတောင်းခဲ့ကြောင်း ၊ ၈၈ အရေးတော်ပုံအတွင်း ကျဆုံးသွားသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အြ ဖစ်
တစ်မိနစ် ငြိမ်သက်ခဲ့ပြီး ၊အဆိုတော် ထူးအိမ်သင်၏ သီချင်းတစ်ပုဒ်ဖြစ်သော
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ သီချင်းအား “ကချင်မြေ ငြိမ်းချမ်းပါစေ ” ဟု
ပြောင်းလဲသီဆိုသည်။ “ လာမယ့်နှစ် ၂၀၁၃ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ
အခုလို ဆီမီးထွန်းပြီး ဆုတောင်းရမယ့် နှစ် မဖြစ်ချင်တော့ဘူး။
ဒီနှစ်နောက်ဆုံးဖြစ်ပါစေလို့  ဆုတောင်းပါတယ်” ဟု ထားဝယ် ၈၈ မျိုးဆက်ကျောင်းသား ဦးကျော်ကျော်သက်က ဆန္ဒပြုသည်။
No comments:
Post a Comment