Saturday, September 15, 2012

တရုတ်မှာ ဂျပန်ကျွန်း အတွက် ၂ရက်ဆက်တိုက် ဆန့်ကျင်ရေးဆန္ဒပြ



တရုတ်မှာ ဂျပန်ကျွန်း အတွက် ၂ရက်ဆက်တိုက် ဆန့်ကျင်ရေးဆန္ဒပြ

ဂျပန်နိုင်ငံက Senkaku ကျွန်းကိုတိုင်းပြည်အပိုင်အဖြစ် ဝယ်ယူလိုက်တဲ့အတွက် တရုတ်ပြည် ရှိ နေရာ၄၀မှာ ယခင်ထက်အကြီးမားဆုံး ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ အုပ်စု တစုက ဂျပန်ကုမ္ဗဏီများကိုတိုက်ခိုက်တဲ့အတွက် ဆုံးရှုံးမှုများတိုးပွားလာပါတယ်။

ပီကင်းမှာရှိတဲ့သံရုံးရှေ့မှာပါ။ အခုအချိန်အထိ နှိုင်းယှဉ်လို့မရနိုင်တဲ့ ဆန္ဒပြသူတွေရှိ
ပါတယ်။ သံရုံးကိုကြက်ဥများ၊ ပုလင်းများနဲ့ပစ်ပေါက်နေပါတယ်။ အခု အထူးရဲတပ်ဖွဲ့ရောက်လာပါ တယ်။ တရုတ်အထူးရဲတပ်ရောက်လာပါတယ်။ သံရုံးရှေ့ကိုကာကွယ်ဘို့သွားနေပါတယ်။ သံ ရုံးရှေ့မှာ လူ၁သောင်းလောက်စုဝေးနေပြီး၊ လူငယ်တွေနဲ့ လက်နက်ကိုင်တပ်တွေက ရုမ်းရင် ဆံခတ်ဖြစ်နေပါတယ်။ Konan ပြည်နယ်မှာရှိတဲ့ ဂျပန်ကုန်တိုက်ရဲ့တံခါးကို ဖျက်စီးပြီး အထဲ ကိုဝင်ရောက်ကာ ရွှေထည်ပစ္စည်းများကိုလုယက်သွားကြပါတယ်။

Santou ပြည်နယ် ကျင်းတောင်မှာလည်း ဂျပန်ကုမ္ဗဏီစက်ရုံအမြောက်အများကို တိုက်ခိုက် ကြပြီး၊ မီးရှို့ခံလိုက်ရပါတယ်။ ဂျပန်ဆန့်ကျင်ရေးဆန္ဒပြတာဟာ နေရာ၄၀အထက်မှာရှိပြီး၊ ဂျ ပန်ကုမ္ဗဏီမှာ ထိခိုက်နစ်နာမှုရှိတဲ့အတွက် ဂျပန်သံရုံးမှတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ လရှောခိ အာရှဒေသဆိုင်ရာဌာနမှုးအား တရုပ်ပြည်တွင်းနေထိုင်နေသော ဂျပန်လူမျိုးများနှင့် ဂျပန်ကုမ္ဗဏီများ၏လုံခြုံမှုကို ကာကွယ်ပေးရန်တောင်းဆိုလိုက်ပါတယ်။
http://tunwai-states.blogspot.jp/2012/09/blog-post_8384.html
ဗွီဒီယိုသတင်း

No comments: