Monday, September 10, 2012

ဂျကာတာမြို့အား မြန်မာ့ပြည်ရိုဟင်ဂျာအရေးနှင့်ပါတ်သက်ပြီးအသေခံဗုံးခွဲမည့်သူဖမ်းဆီးမိ။



ဂျကာတာမြို့အား မြန်မာ့ပြည်ရိုဟင်ဂျာအရေးနှင့်ပါတ်သက်ပြီးအသေခံဗုံးခွဲမည့်သူဖမ်းဆီးမိ။
ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှားအမျိုးသားတဦးလက်နက်ချအဖမ်းခံကာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောရိုဟင်ဂျာများအားပြုမှုများကိုမကျေနပ်သည့်အတွက် ဂျကာတာရှိဗုဒ္ဓဘာသာအသိုင်းအဝိုင်းကိုပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်ရန်ကြံရွယ်ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူမှ အေအက်ပီသတင်းသို
့ထုတ်ဖေါ်ပြောကြားခဲ့သည်။
သံသယရှိသူအား Muhammad Toriq ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar မှအတည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပါတ်ကတည်းက အသေခံဗုံးခွဲမည့်သူနေထိုင်ရာအိမ်အတွင်းမှ မသင်္ကာဖွယ်ရာမီးခိုးများထွက်ရှိကြောင်းကို အိမ်းနီးချင်းတချို့၏သတင်းပေးဖို့ချက်ကိုလက္ခံရရှိခဲ့သည်။ အသေခံဗုံးခွဲမည်သူနေထိုင်ရာ အိမ်အတွင်းမှ ဒီတိုနေတာ၊သံတိုသံစသေတ္တာနှင့် ပေါက်ကွဲစေသောအရာများကို သိမ်းဆည်းရခဲ့ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်အရ အသေခံဗုံးခွဲမည့် Toriq ၏အစီအစဉ်မှာ ဗုံးပြင်ဆင်ပြီး ယနေ့တိုက်ခိုက်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Amar ကတနင်္လာနေ့တွင်မီဒီယာသို့ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ဖမ်းဆီးရမိသူသည်ဘယ်အကြောင်းကြောင့် လက်နက်ချအဖမ်းခဲ့ကြောင်းကိုမသိရှိရသေးကြောင်းနှင့် Toriq တို့၏အသေခံမှာဗုံးခွဲမည့်အစီအစဉ်မှာ ဂျကာတာရှိ ရဲဌာချုပ်၊အမှတ်၈၈ အကြမ်းဖက်ရဲတပ်ဖွဲ့ရုံး၊ရဲစခန်းတခုနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့ လက်ရွေးစင်များဖြင့်ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်းကို ပြောရေးဆိုခွင့်ရှိသူ Amar မှပြောဆိုခဲ့သည်။

photo - AFP/Adek Berry

No comments: