~
ဟုတ်ပါတယ်၊ ခေါင်းစဉ်တပ်ထားသလိုပဲ သမ္မတဦးသိန်းစိန်လည်း လမ်းဘေးရောက်သွားပါပြီ။ နိုင်ငံတကာမှာ တွေ့နေရတဲ့ Graffiti ခေါ် လမ်းဘေးအုတ်နံရံပန်းချီယဉ်ကျေးမှုက ရန်ကုန်မှာလည်း ခေတ်စားနေပြီး မနေ့က Facebook ကို ရောက်လာတဲ့ဓာတ်ပုံတပုံမှာ ဆိုရင် ဦးသိန်းစိန် Graffiti ကို လက်ရာမြောက်စွာ တွေ့ရပါတယ်။
သမ္မတကြီးပုံ....ဂွတ်ဒယ်ဗျာ.......
we love ပြောင်ပြောင် :D
Respect so cool art :))))))))))
ဆိုပြီး ဒီပုံကို Facebook မှာ မှတ်ချက်ပြုထားကြပါတယ်။
ဓာတ်ပုံရိုက်ကူးသူလို့ ယူဆရတဲ့ Nyane Chann Nsh က ဒီလို ဆိုပါတယ် -
ကမ်းနားလမ်း က ဖြတ်သွားတုန်းတွေ့ ခဲ့တဲ့ graff တစ်ခုပါ.. ဘယ်သူဆွဲတာလဲတော့ မသိပါဘူး ...အရမ်းမိုက်ပါတယ်... :)
ဒီနေ့ကာလမှာ ပြည်တွင်းပြည်ပ ချစ်ခင်လေးစားမှု အများဆုံး ရရှိလာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းဆိုလို့ ဦးသိန်းစိန် တယောက်တည်း ရှိပါတယ်။
သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ မကြာသေးခင်က ပေါ်ပေါက်လာအပြီး အခုလို Graffiti လက်ရာတခုမှာ ဦးသိန်းစိန်ပုံကို တွေ့ကြရပါ။
ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ရန်ကုန်နဲ့ Graffiti အကြောင်း လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
No comments:
Post a Comment