Thursday, September 13, 2012

သမ္မတ ရုံးသို့ ဒီသတင်းကို အမြန်ပို့ပေးပါရန်. . .

Cho Tu Zal
သမ္မတ ရုံးသို့ ဒီသတင်းကို အမြန်ပို့ပေးပါရန်. . .

ဖားကန့်မြို့နယ်တွင် ယနေ့၁၃ ရက် စက်တင်ဘာလ ၂၀၁၂ ခုနှစ် ညနေ ၃း၃၀ နာရီခန့်မှ မြန်မာ့ တပ်မတော်မှ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်နှင့် လမ်းများသို့ လက်နက်ကြီးများဖြင့် ၂ နာရီခန့် ရမ်းသန်းပစ်ခတ်ရာ မော်ဝမ်းကြီးရပ်ကွက် စာသင်ကျောင်းအနီးသို့ လက်နက်ကြီးတလုံး ကျဆင်းပြီး ကျောင်းဆင်းစ

ကျောင်းသူကျောင်းသားများနှင့် အရပ်သားများ ထိခိုက်ဒါဏ်ရာ ရသူ စုစုပေါင်း ၈ ဦး ဖားကန့် ဆေးရုံသို့ ရောက်ရှိလာရာမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသူ မဆိုင်းဂျာအိမ်၊ အဖ ဦးဘရန်ရှောင်သည် ယနေ့ညနေ ၁၀ နာရီခန့် ခွဲစိပ်ခန်းတွင် ကုသခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့ပါသည်။
ထို မော်ဝမ်းကြီးရပ်ကွက် ခရစ်ယာန် ဘုရားကျောင်းများတွင်လည်း စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသူ အရေအတွက်မှာ မော်ဝမ်း မြို့ဦးစေတီတော် - ၇၂၁ ဦး၊ မောဝမ်းကျောက်လှိုင်ဂူ - ၅၅၀၊ မော်ဝမ်းမူရင်း နှစ်ချင်းအသင်းတော် ၈၁၇၊ မော်ဝမ်း နှစ်ချင်းအသင်းတော် ၂၃၈၊ မော်ဝမ်း အင်္ဂလီကန် အသင်းတော် ၁၈၁ ဦးတို့ နေထိုင်ရာ ထိုစစ်ပြေးဒုက္ခသည်များလည်း ရေတိုးနေသည့် ကြားမှပင် ပြေးလွှားရှောင်တိမ်းနေရပါသည်။

သူများနိုင်ငံတွေမှာ ဘတ်စ်ကားစင်းလိုက် ချောက်ထဲကျသွားတာမျိုးကိုတောင် တနိုင်ငံလုံး အုတ်အော်သောင်းနင်း ၀မ်းနည်းမဆုံးဖြစ်ကြ၊ သမ္မတ ကိုယ်တိုင် ဦးဆောင်

ပြီး၊ ၀မ်းနည်းကြေကွဲမှု အထိမ်းအမှတ်တွေ လုပ်လို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အလေးအနက်ထားနေချိန်မျိုးမှာ. . .
ကျနော်တို့ တိုင်းပြည်တနေရာမှာ ဖြစ်တဲ့ ဖြစ်ရပ်တွေက မကြားဝံ့မနာသာ
ဆိုးရွားလွန်းတယ်။

ခု ဒီမိုကရေစီ ကို ထူထောင်သူ၊

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကိုတောင် တန်တယ် ပြောသူကပြောနေတဲ့သူ
သမ္မတနဲ့ အစိုးရက မသိလို့လား။ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာလား၊ မေးခွန်းတွေ ထုတ်ပါရစေ။

ကချင်ပြည်နယ်က စစ်ပွဲမှာ အရပ်သားတွေ ထိခိုက်သေကြေပျက်စီးနေတယ်။


သမ္မတဦးသိန်းစိန်. . .


ခင်ဗျားဘာလဲ၊ ဘယ်လဲ. . .


ချိုတူးဇော်

No comments: