ဗြိတိန်တော်ဝင်မင်းသမီးနှင့် ကိန်းဘရစ်ခ်ျမြို့စားကတော် ကက်သရင်း
(ကိတ်မစ်ဒယ်လ်တန်) ၏ အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံများကို
ပုံနှိပ်ဖော်ပြခဲ့သော ပြင်သစ်နိုင်ငံထုတ် Closer မဂ္ဂဇင်းအား
ဒဏ်ကြေးပေးဆောင်ရန် ပြင်သစ်တရားရုံးက ယနေ့ စီရင်ချက်ချမှတ်လိုက်သည်။
Posted on Sep 18 12 - 08:43 PM
ဗြိတိန်တော်ဝင်မင်းသမီးနှင့်
ကိန်းဘရစ်ခ်ျမြို့စားကတော် ကက်သရင်း (ကိတ်မစ်ဒယ်လ်တန်) ၏
အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံများကို ပုံနှိပ်ဖော်ပြခဲ့သော
ပြင်သစ်နိုင်ငံထုတ် Closer မဂ္ဂဇင်းအား ဒဏ်ကြေးပေးဆောင်ရန် ပြင်သစ်တရားရုံးက
ယနေ့ စီရင်ချက်ချမှတ်လိုက်သည်။

(တော်ဝင်မင်းသမီး ကက်သရင်း၏ အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံများ ပုံနှိပ်ဖော်ပြထားသည့် Closer မဂ္ဂဇင်း)
ပြင်သစ်တရားရုံးက Closer မဂ္ဂဇင်းအား ယူရို ၂,၀၀၀ (ဒေါ်လာ ၂,၆၀၀ ခန့်)
ပေးဆောင်ရန် ဒဏ်တပ်ရိုက်လိုက်ပြီး ကက်သရင်း၏ မူရင်းဓာတ်ပုံများကို ၂၄
နာရီအတွင်း တော်ဝင်မိသားစုထံ လွှဲပြောင်းပေးအပ်ရန် ညွှန်ကြားလိုက်သည်။

(ဆော်လမွန်ကျွန်းစုသို့ အလည်အပတ်ခရီးတွင် တွေ့ရသည့် တော်ဝင်မင်းသားဝီလျံနှင့် ကြင်ယာတော် ကက်သရင်း)
ထို့အပြင် ဓာတ်ပုံများ လွှဲပြောင်းပေးအပ်ရန် နှောင့်နှေးပါက
တစ်ရက်လျှင် ယူရို ၁၀,၀၀၀ ထပ်မံပေးဆောင်ရန်လည်း စီရင်ချက်တွင်
ဖော်ပြပါရှိကြောင်း CNN သတင်းက ပြောကြားသည်။
No comments:
Post a Comment