Thursday, September 13, 2012

""OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်""


OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း
 ဆောင်ရွက်ရေးရုံးဟာ လူသားချင်း
 စာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာ
အစိုးရနဲ့ သဘောတူညီချက် လက်မှတ်

 ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က
 ကြေညာပါတယ်။

ကူဝိတ်နိုင်ငံမှာရှိတဲ့ OIC အထွေထွေ အတွင်းရေးမှူးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့

သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေနဲ့
ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စအတွက် OIC အတွင်းရေးမှူးချုပ်က
အချက်အလက် ရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဒီသဘောတူညီချက်ကို အင်္ဂါနေ့က
လက်မှတ်ရေးထိုး ခဲ့တယ်လို့ Mr. Bakheet က ပြောပါတယ်။

ဒါဟာ ထူးခြားပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့လည်း ပြောပါတယ်။ OIC အတွင်းရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဒီခရီးအတွက်

 မြန်မာအစိုးရနဲ့ အစီအစဉ် လုပ်နေတယ်လို့လည်း ဆိုပါတယ်။

OIC ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အပြင် နေရပ်က

 ရွှေ့ပြောင်းရသူတွေ ရှိနေတဲ့ နေရာတွေကိုလည်း ကွင်းဆင်းတယ်လို့ ဆိုပါတယ်။


RFA (မြန်မာပိုင်း)

1 comment:

Anonymous said...

What the hell is that agreement? Why letting them intervene internal affair? If OIC really wants to help, accept those people who can't stay peacefully in Rakhine state to their 57 countries. Opening their stupid office to intervene Burma's affair is unacceptable to any people in Burma. How stupid is Mr. Thein Sein government agreeing that radical affair. Every Burmese has to oppose it.