2008 ခုနှစ်အခြေခံဥပဒေဟာ ပြည်သူတွေတခဲနက်ထောက်ခံထားတ
Thar Swe အဲဒီတော့ လွှတ်တော်ထဲဝင်ပြီး ပြင်မယ်ဆိုတဲ့လူတွေ ဘာဆက်လုပ်ကြမလဲ ? နည်းတနည်းပဲရှိတော့တယ်။ စစ်အုပ်စုပြောတဲ့ တခဲနက်ပြည်သူတွေထောက်ခံထားတ
Political Defiance Network စစ်အစိုးရကို(ခုလက်ရှိ ဒီမိုကရေစီအစိုးရသစ်ထဲမှာရေ
ပါတီပေါ်လစီ
၁။ မကြာသေးမှီကာလတွင်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး
(ဒုဗိုလ်ချုပ်ကြီးဟောင်း)မှ အမတ် ၄၈နေရာ ရွေးကောက်ပွဲဝင်မည့်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကို ရည်ရွယ်ပြီး ကန့် သတ်ချုပ်ချယ်အမိန့် များကို
ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။
၂။ ထုတ်ပြန်လိုက်သော အမိန်
့များသည် စစ်တပ်ဂုဏ်သိက္ခာထိပါးစေမှုများမဖြစ်ရေး၊၂၀၀၈ဖွဲ့  စည်းပုံအခြေခံဥပဒေကို
မထိခိုက်ရေး၊လူမျိုး၊ဘာသာ၊လူပုဂ္ဂိုလ်တဦးဦးအားမထိခိုက်စေရေး-- စသဖြင့် များအား
ချိုးဖောက်ပါက ပါတီမှတ်ပုံတင် ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း
သတိပေးလိုက်ပြီဖြစ်ပါသည်။ (မှတ်ချက်။ ။
စသဖြင့် ခံထားခြင်းသည် နောက်ထပ်အမိန့်  တိုးပြီး ထုတ်လို့ ရအောင်ဖြစ်ပါသည်။)
၃။ထိုသို့ ဆိုလျှင်
ဒေါ်အောင်ဆန်းစုကြည် မည်သို့ သော ဂငယ်အချိုးမျိုး ချိုးမည်နည်း။
တိုင်းပြည်အနာဂတ်အတွက် အရေးတကြီးလိုအပ်နေသော အသက်ကယ်ဆေးကို သုံးရန်လိုအပ်နေပါသည်။
၎။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင်
သံသယကင်းသော၊ထင်သာမြင်သာရှိသော၊ပွင့်လင်း ရိုးသားမှုများသည်
အခြေခံအဆောက်အအုံများဖြစ်ပါသည်။
၅။
ထိုအခြေခံအဆောက်အအုံများအား အပြန်အလှန်လက်ဆွဲနှုတ်ဆက်နေကြသော
ဒိုင်ယာလော့ခ်နည်းဖြင့် တည်ဆောက်၍ မရနိုင်ဟု
နားလည်ထားပါသည်။ ၁၉၆၂ခုနှစ်မှသည် ၁၉၈၈ခုနှစ်အထိအုပ်ချုပ်သွားခဲ့သော
ဗိုလ်နေ၀င်းသည်တပါတီစံနစ်ကိုလိုက်မလား၊ပါတီစုံစံနစ် ကို လိုက်မလားဟု တိုင်းပြည်အား
မေးမြန်းခဲ့သောဖြစ်စဉ်သည် ဒိုင်ယာလော့ခ်နည်းကြောင့်လား၊လူထုနည်းကြောင့်လားဟု
စဉ်းစားချိန်ထိုး ကြိုးပမ်းသင့်ကြပါ သည်။
ဂငယ်ကွေ့ များဖြင့်
သွေးချောင်းစီးမှုများရှောင်လွဲနိုင်ကြပါစေ
စစ်အောင်
No comments:
Post a Comment