Saturday, February 18, 2012

လိမ္မာယဉ်ကျေး သမီးငယ်ကလေး




သာယာတဲ့တေးသံ
နန်းဆန်တဲ့အက
သဘာဝလည်းကျ
ကဟန်လဲလှ
အသက်က ၃-နှစ်
ဆန်းသစ်တဲ့ပညာ
ပါလာတဲ့ပါရမီ
စာစီကာ ဆိုက
ဘ၀မှာ-ငိုရ
ဆိုးလှတဲ့ကံကြမ္မာ
မွေးလာပြီး ရက်တစ်ရာ
ဖခင်မှာကွယ်လွန်ရှာ
ကျန်ပါလေ သော အမိ
ရောဂါဖိစီးတဲ့ အဖွား
အနားမှာခေါ်ထား
စကားလည်းသင် သီချင်းလည်းကျောင်း
အသံကလည်းကောင်း
ကျောင်းမတက် စာမကျက်ပေတဲ့
အသံထွက်တွေကမှန်
သီချင်းသံကဆူဆူညံ
အဖိုးတန်တဲ့သမီးမြတ်
အစစအရာရာ အလွန်သိတတ်
အိုက်စပ်စပ်နေ့မှာယပ်တောင်ယူ
ကြည်ဖြူမနှေး ယပ်ခတ်ပေး

ဆေးပေးမီးယူ လုပ်အားကူ
ရွယ်တူကလေး မလုပ်နိုင်သေး
ယဉ်ကျေးလိမ္မာ သမီးခမျာ
သည်းချာချိုအေး အမေ့ရင်သွေး။





အထက်ပါလင့်ကိုCopyလုပ်ပြီး
အင်းတက်နက်မှာPaste လုပ်ပါ။
ပျော်ရမည့်အရေး မြင်ယောင်သေး။

တက္ကသိုလ်ဘုန်းကြွယ် (၂-၁၆-၂၀၁၂)

No comments: