Saturday, February 11, 2012

"တို့ ပြည်ထောင်စု"


ငါညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်းနှင့် ကချင်နှင့် ၊ချင်းနှင့်  ကယားနှင့် 
ရှမ်းနှင့် ရခိုင်နှင့် မွန်နှင့်  ကရင်နှင့် 
သင့် သင့် မြတ်မြတ်၊အနေတတ်လျှင်
နတ်ပြည်နှိုင်းတု၊ပြည်ထောင်စုဟု
သူ့ စေတနာထား၊သူ့ စကားကို
မိန့် ကြားလိုက်သော ထိုအခါ.......။
မောရှမ်းထိုထို၊ရှေ့ တစ်ခိုမှ
အောက်ပြည်ကော့ သောင်
သို့ တိုင်အောင်တည့် 
တောတောင်ကြံ့ခံ၊ကမ်းယံဆီးတား
တိုင်းခြားရန်စွယ်၊အန္တရာယ်မှ
ကာကွယ်မည်တို့ ကြိုဧ။်သို့ .......။
ဆီပဲ ထန်းလျက်၊လက်ဖက် မက်မန်း
ဝါကျွန်းရေနံ၊ဆန်ဆား ငါးပိ
သီးမှည့်စုံစွာ၊လိုရာရာတို့ 
အညာအကြေ၊မြေပြန့် တောင်တန်း၊ကူးသန်းရောယှက်၊စီးပွါးဆက်အောင်၊တက် သက်မည်တို့ ကြိုဧ။်သို့ ။ xxxxxxxxxxx။။။။။။။
(ဇော်ဂျီ)........

No comments: