Tuesday, February 14, 2012

ဝမ်းနည်းကြောင်းသ၀ဏ်လွှာတွေ မလုပ်နိုင် မပို့နိုင်ကြတာလဲဗျာ..

ကျနော်ဗျာ..တောက်လျောက်စောင့်ကြည့်နေတာ။ ကိုယ်ပဲ မတွေ့မိလို့လား...(သို့တည်းမဟုတ်)မျက်စီလျှမ်းသွားတာလားတော့မသိဘူး...



ဖေဖော်ဝါရီ ၁၂ ရက်နေ့က မြောက်ပိုင်းကျောင်းသားရဲဘော်/မေတွေအတွက် ပြည်တွင်းမှာရော ပြည်ပနိုင်ငံတစ်ချို့မှာ ကောင်းမှုကုသိုလ်ပြုပွဲတွေလုပ်ကြ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွေပို့ကြ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက တက်ရောက်ပြီး အမှာစကားတွေပြောကြနဲ့....

သို့ပေမယ့်..

(က)လက်ရှိအေဘီက ဘာကြောင့် ကောင်းမှုကုသိုလ်ပြုပွဲတွေ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွေ မလုပ်နိုင် မပို့နိုင်ကြတာလဲဗျာ..

(ခ)အေဘီ ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့ရော ဘာကြောင့် ကောင်းမှုကုသိုလ်ပြုပွဲတွေ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွေ မလုပ်နိုင် မပို့နိုင်ကြတာလဲဗျာ..
(ကိုထွန်းအောင်ကျော်ရဲ့စာပဲဖတ်ရတယ်)

အထူးသဖြင့်ပေါ့ဗျာ...

လူထူထူတွေ့ရင် ကျနော်က ပေါ်ဦး(မင်းကိုနိုင်)နဲ့ အတူတူလက်တွဲလုပ်လာတာ...။ ပေါ်ဦးဆိုတာ ငါ့သူငယ်ချင်း။ ငါလည်း ပြည်ပရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လို့ တစ်စာစာကြွေးကြော်နေတဲ့ ကိုမိုးသီးဇွန်အနေနဲ့လည်း မြောက်ပိုင်းလူသတ်မှုမှာ မိမိဟာ ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင် (သို့)ကိုယ့်လိပ်ပြာကိုယ်လုံရင် (သို့)ယနေ့အချိန်အထိ မြန်မာပြည်သူ/သားအားလုံးလေးစားတဲ့ ၈၈ မျိုးဆက်ကျောင်းသားလို့ခံယူထားတယ်ဆိုရင် ၀မ်းနည်းကြောင်းသ၀ဏ်လွှာလေးတော့ ရေးသင့်၊ ပို့သင့်ပါတယ်။

အခုတော့ဗျာ...

လက်ရှိအေဘီရော၊ ဥက္ကဋ္ဌဟောင်း ကိုမိုးသီးဇွန်ရော၊ ဒေါက်တာနိုင်အောင်ရော တိုင်ပင်ပြီး စည်းဝါးရိုက်ထားသလားအောက်မေ့ရတယ်။ ဘာဆိုဘာမှ မထုတ်ပြန်ကြဘူး။

ကျနော့်အမြင်အရဆိုရင်..

ကိုမိုးသီး ဂျပန်မှာဖြေခဲ့သလို ကျနော့်မှာတာဝန်မရှိဘူး။ မခံစားရဘူးဆိုတဲ့ စကားအတိုင်း တစ်ကယ်ကိုပဲ တာဝန်ယူချင်တဲ့စိတ်မရှိကြလို့လား..။ ကိုယ့်ရဲဘော် ရဲဘက်တွေ ရက်ရက်စက်စက်အသတ်ခံရတာကို လူသားဆိုတဲ့စိတ်နဲ့ ခံစားချက်နှလုံးသားမရှိကြလို့လားဗျာ..

စာဖတ်သူများရော ဘယ်လိုထင်မိပါသလဲဗျာ..

သိတဲ့လူများရှိရင် ဖြေပေးစေချင်ပါတယ်...

ရိုးသားမှုတိုင်းကိုလေးစားလျက်-
မောင်ရှင်

ရက်ရက်စက်စက် အသတ်ခံလိုက်ရသော ကျောင်းသားရဲဘော်/မေကြီးများအတွက်

အမျှ အမျှ အမျှ ယူတော်မူကြပါစေသော်..


သာဓု သာဓု သာဓု



///////////////////////////////////////////////////////////
 

DO NORTH.
Our ,ABSDF, traditional way of understanding, We should do something, instead of doing nothing.
We do not want bad politic, bad policy.
We do not want  history of AB will become a very dark day in our history.
We need political correctness, correctness of military manoeuvres, correctness of persuade and organize and correctness of public and social relations.
We have a much better understanding of what we need to correct our future AB Army.
Clear Thinking,
Right and wrong is decide by time, not by our.
We alone can not change.
We all have a choice, stand with the people of Burma and the students.
Agreements, disagreements or bitter disagreement, that will be a path to our future.
For right now, we can get uncomfortable position for AB, but it will try to shape a roll for itself.
Please! Do not give a bad name for AB.
For better or worse,There is no other road.
Do north,
write a letter for fallen comrades from northern AB.
with deep respect
Htay Tint , ( amazeain ) 
 
 
__._,_.___


No comments: