ABSDF
မြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြည့် ပထမဦးဆုံးအကြိမ်
စုပေါင်းကောင်းမှုကုသိုလ်ပြု ဆွမ်းကျွေးပွဲတွေကို နေရာတော်တော်များမှာ
ကျန်ရစ်သူတွေဖြစ်ကြတဲ့ များစွာသောမိခင် ဖခင်တွေ၊ များစွာသောညီအကို
မောင်နှမတွေ၊ များစွာသောသူငယ်ချင်း အပေါင်းအသင်းတွေ၊ များစွာသောလုပ်ဖော်
ကိုင်ဖက်တွေက ယ္ခုလိုတိုင်းပြည်ပြောင်းလဲရေးအတွက်
ပြည်သူတွေကောင်းစားရေးအတွက် တိုက်ပွဲဝင်ရင် အပြည်ပြည်ဆိုင်ကပြထမ်းထားတဲ့
စစ်သုံးပန်းတွေဖြစ်ခဲ့ရင်တောင် ငြင်းပန်းနှိပ်ဆက်မူ့မပြုကျင့်ရလိုဆိုတဲ့
နိုင်ငံတကားရဲ့ဥပဒေကို မျက်ကွယ်ပြုကာ လူအခွင့်ရေးအတွက်
တိုက်ပွဲဝင်တဲ့သူတွေကိုယ်တိုင် အခြေခံကျတဲ့ လူအခွင့်ရေးတွေမရရှိလိုက်ရတဲ့
ထိုသူတွေအတွက်
ယ္ခုလို့အောင်းမေ့ပွဲအခန်းအနားပြုလုပ်မူ့အတွက်
ကျိုးပမ်းလုပ်ဆောင်ပေးကြသူများကို အထူးပဲကျေးဇူးတင်ပါသည်။ ABSDF-NB
ရဲ့ဖြစ်ရပ်မှန်တွေကို ပါဝင်သက်ခဲ့သူတွေအပြင် များစွာသောသူငယ်ချင်း
အပေါင်းအသင်းတွေ၊ များစွာသောလုပ်ဖော် ကိုင်ဖက်တွေက
အများပြည်သူကိုသိရှိအောင်ထုပ်ဖေါ် ပြောဆိုပေးခဲ့ကြသူတွေကိုလဲ
အထူးပဲကျေးဇူးပါသည်။
ယ္ခုအချိန်ဟာ
ABSDF မြောက်ပိုင်းလုပ်ကြံမူရဲ့အကြောင်းကို အမှန်တရားပေါ်ပေါက်ပြီ
ပြစ်မူ့ကျူးလွန်ခဲ့သူတွေနဲ့ စစ်ထောက်လှမ်းရေးလို့ မတရားစွက်ဆွဲခါ
ညင်းပန်းနိုပ်ဆက် ပြစ်မူ့ကျူးလွန်ခြင်း ခံရသူတွေရော အားလုံးသံသရတွေ
ရှင်းအောင်လို့ တရားခွင်မှာတွေဆုံကြရမဲ့အချိန်ကို
ကြရောက်လာပြီလို့ဆိုလိုရတယ်။ ဒီတော့ တရားဥပေဒေကြောင်းအရ
ဆက်လက်ပြုလုပ်နိင်ဖို့ကို လုပ်ရမယ်လိုယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်ပ်တို့ဟာလူသားတွေဖြစ်တယ် လူသားတိုင်းဟာ မိမိကို မည်သို့သောသူကမှ
ကို့ကိုယ်နိုက်ထက်စီးနင်း မတော်မတရား စော်ကားတာကို လိုလားကြသူတွေမဟုတ်ဘူး။
မြန်မာနိုင်ငံမှာ
အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက်ကစပြီ ကျုပ်တို့တိုင်းပြည်မှာ တရားဥပဒေ
မရှိခဲ့လို့များစွာသောအပြစ်မဲ့တဲ့သူတွေ လူအခွင့်ရေးချိုးဖေါက်ခံနေရတာ
ယနေ့ထိပဲ။ မြန်မာနိင်ငံမှာပြောက်ဆုံးနေတဲ့ လူ့အခွင့်ရေးတွေအတွက်
တိုက်ဝင်နေတဲ့သူတွေထဲက မိမိနိင်ငံရေးသြဇာလိုချင်လိုဖြစ်စေ၊
လူအခွင့်ဆိုတာကိုမယုံကြည်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့
ထိုပြစ်မူကြီးကိုကျူးလွန်ခဲ့တာပဲဖြစ်ဖြစ် အချို့သောလူတစုက
လူ့အခွင့်ရေးတွေအတွက် တိုက်ဝင်နေတဲ့သူတွေကို တရားဥပဒေမဲ့ပြုကျင့်ခံရတာ
စိတ်မကောင်းစရာ ဝမ်းနည်းကျေကွဲစရာပါပဲ။
တရားဥပဒေဘောင်အတွင်းကနေဘဲ
စကားပြောဆိုကြမယ်ဆိုရင် ပြုလုပ်ခဲ့တဲ့သူတွေရော
ပြုကျင့်ခံလိုက်ရတဲ့သူတွေအတွက်ရော ကောင်းတယ်။ တိုင်းပြည်မှာ
တရားဥပဒေမရှိတဲ့အတွက် ခင်ဗျတို့ ကျုပ်တို့ စစ်အုပ်စုကိုတော်လှန်ဖို့
ထွက်လာခဲ့ကြတာမဟုတ်ဘူးလား?
ခေါင်းဆောင်တယောက်ရဲ့
အဓိကကျတဲ့ အရည်အချင်းဟာ မိမိဟာ အသင်း အဖွဲ့စည်းတခုခုမှာဖြစ်စေ၊
အစိုးရတရပ်ရပ်မှာဖြစ်ဖြစ်စေ အမြင့်ဆုံးရာထူးကိုယူဆောင်ထားသူသည်
၎င်းအဖွဲ့အစည်း၏ ဆိုးကျိုးရောကောင်းကျိုးပါ စသည်တို့ကား ထိုအဖွဲ့စည်း၏
အမြင့်ဆုံးရာထူးယူဆောင်သူထံတွင် လုံးဝတာဝန်ရှိသည်။
မြန်မာနိုင်ငံအုပ်ချုပ်သူတွေ
ခေါင်းဆောင်တွေမဟုတ်ကြဘူး၊ ဦးနုကစပြီးကြည့်ရင် လူမျိုးစုကိစ္စမှာသူဟာ
ပထမအကြိမ်ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ ပင်လုံစာချုပ်ကို
ကိုင်တွယ်ပုံမှားရွင်းခဲ့လို ကျုပ်တို့အားလုံးရဲ့လွတ်လပ်ရေးဟာ
စစ်အုပ်စုလက်ထက်ရောက်ခဲ့ရတယ် အယ်ဒါကို ဦးနုဟာ
သူကြောင့်ပြည်တွင်းစစ်ပေါ်ပေါက်ခဲ့တာကို ပြီးဆုံးအောင်မဖြေရှင်းပဲ
တာဝန်မဲ့စွာရှောင်ရှားခဲ့ခြင်းဟာ ခေါင်းဆောင်တယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး၊
ဦးနေဝင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီ ၂၆နှစ်အုပ်ချုပ်တယ်
သူလုပ်တာလူထုက မကြိုက်ဘူး မအောင်မြင်ဘူးလဲဆိုရော
သေနပ်ဟာမိုးပေါ်ထောင်ပြစ်ဖို့မဟုတ်ဆိုကား ပြည်သူလူကိုဆော်ကားခဲ့တဲ့လုပ်ရပ်ဟာ
ခေါင်းဆောင်တယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး၊ ဦးသန်းရွှေလဲပဲထိုနည်းအတူ
တပ်မတော်နဲ့ပြည်သူလူထူတွေ ဒုက္ခမျိုးစုံရောက်အောင်လုပ် သူလက်ထက်မှာ
အနှစ်၂၀အတွင်းတိုင်းပြည်ဟာ ဘက်ပေါင်းစုံ ပျက်စီးယွင်းသွားတာတွေ
မြန်မာနိင်ငံမှာဘဝတွေများစွာ ပျက်စီးခဲ့တာတွေကို တာဝန်မယူသည်အပြင်
ရသလောက်ခိုးယူသွားပြီး ပြည်သူလူကိုဆော်ကားခဲ့တဲ့လုပ်ရပ်ဟာ ခေါင်းဆောင်
တယောက်ရဲ့
လုပ်ရပ်မဟုတ်ဘူး။ ယ္ခုABSDF မြောက်ပိုင်း
ကိစ္စမှာ ဒေါက်တာနိင်အောင်မှာတာဝန်အရှိဆုံးပဲ တာဝန်ရှိတဲ့သူတွေအနေနဲ
မိမိဟာခေါင်းဆောင်စစ်မှန်ရင် ကျုပ်အထက်ကပြောခဲ့တဲ့ အာဏာရှင်ရဲ့
တာဝန်မဲ့လုပ်ရပ် ကျင့်ဝတ်တွေနဲ မတူဖို့လိုတယ်။
ကျုပ်ကအမေရိကားမှာရှိတော့
အမေရိကန်နိုင်ငံမှာတရားစွဲဆိုနိုင်အောင် ကျိုးပမ်းလုပ်ဆောင်မယ်။
မကျဆုံးသင့်ပဲ ကျဆုံးသွားတဲ့ အာဇာနည်ကျောင်းသားစစ်သည်တွေအတွက်
နောက်မှာကျန်ရှိနေတဲ့ ABSDF ရဲဘော်ရဲမေတိုင်မှာ မိမိပါတ်သက်ဘူးခဲ့တဲ့
အဖွဲစည်းကိုသမိုင်းမှာ သိက္ခာရှိရှိကျန်ရစ်နိုင်ဖို့ အားလုံးမှာတာဝန်ရှိတယ်။
အမေရိကန်နိုင်ငံမှာတရားစွဲဆိုရေးကိုကျုပ်နဲ့အတူပူးပေါင်းပါကြစေလိုတယ်
အားလုံးဖိတ်ခေါ်ပါတယ်။
"လူအခွင့်ဆိုတာ လူတယောက်အတွက်မဟုတ်ဘူး လူတစုအတွက်မဟုတ်ဘူး လူအခွင့်ရေးဟာ လူသားတိုင်အတွက်ပဲဖြစ်တယ်"။
February 12, 2012
(၁) ရွှေထီး(၈၈၈၈)
ရဲဘော်ဟောင်း(ပထမ ဗဟိုကော်မီတီ ABSDF)
(၂) မိမိနံမည်ဆက်လက်ဖြေစွက်ရန်
(၃) မိမိနံမည်ဆက်လက်ဖြေစွက်ရန်
No comments:
Post a Comment