Monday, February 13, 2012

ပဲကောက်ချိန်



ပဲကောက်ချိန်

ဟေမန္တာ ချမ်းမယ်လို့ ပြောင်းပြန်တော့
မေအဏ္ဏ၀ါ ကမ်းဆွယ်ချောင်းမှာလ
လွမ်းဖွယ်ကောင်းပါတဲ့ သည်အချိန်...။
ကမ်းတစ်ဖက်မှာတော့
ထန်းရွက်ကာ ယာယီတဲတွေနှင့်
နေလဲမလုံပါတယ် တစ်ပိုင်းကာ ကနဖျင်းငဲ့ပြင်
မြေပဲ၊ဖရုံ၊ကိုင်း၊ယာ အတွင်းဆီက
သီချင်း တသဲ့သဲ့ တမှိန်မှိန်ရယ်
ညှင်းခဲ့ ကြိမ်ကြိမ် ...။
ငွေအဆင်းပမာ သောင်ပေါ်ဦးဆီက
ရွှေဟင်္သာမောင်နှံနှစ်ဖေါ်တို့မြူးရှာကြ
အောင်တော်ထူးကာပ နှစ်ဦးနှစ်ဖြာအချိန်
ပလူးကာ ကလိန်တာက လူ့အသွင်မခြား ...။
ရွှေယင်းသောင်
ငွေနှင်းတွေ ရီမှောင်ထန်တော့
သည်သောင်ယံ သဲပြင်မြောက်မှာလ
ညီမောင်နှံ ပဲဝင်လို့ကောက်ရှာကြ
ဆံတောက်တွေ အလျှို အလျှို ပြန်တော့
ဆို ငို ဟန် လွမ်းဖွယ်က ကောင်းပါဘိ
တောင်စောင်းမှာရေသာခို၍
အောက်ချင်းဖို ကြင်ဖော်စချိန်မို့
ချစ်သူကို လှစ်ကြူလို့ တမိပါရဲ့
ကိုင်းငူမှာ ဗျိုင်းဖြူ အလှတွေနှင့်
လွမ်းရ တအား ... ...။

အောင်ဆန်း

No comments: