အာဏာသား
ပါးကွက်ကျား
လူသတ်သမား။
ခိုးစား
လုစား
အချောင်သမား။
မတော်မတရား
စော်ကား
ဖေါ်လံဖါး။
ဘုရားမသိ
တရားမရှိ
ဘုရားသားတောင်
သတ်တဲ့ငတိ။
မျက်စိမရှိ
ပညာမရှိ
ယုတ်မာတာ
တကမ္ဘာလုံးသိ။
လက်ရှိအစွယ်ပွား
မွေးစားသား
ရမ်းကားပုံများ
ထူးမခြားနား။
ဘုန်းကြီးတွေလဲလမ်းပေါ်ရောက်
သတင်းသုံးရာ
ကျောင်းတွေပျောက်
ဒုက္ခရောက်ကြတဲ့
များပြည်သူ
လူကူလီလုပ်
စစ်မီးတွေနဲ့မောင်းထုတ်
အဟုတ်ကိုအမေကျော်ဒွေးတော်လွမ်း
နိုင်ငံရပ်ခြားမှာတပင်တပန်း
လွမ်းရတဲ့ရွှေပြည်တော်
မျှော်လေတိုင်းဝေး တွေးမရ ဆွေးကြ
ဘေးမခဖို့အရေး
ဆုတောင်းပေး
အကျိုးမပေးသေးသမျှ
ကံပုံချ
ဒီဘ၀ ဒီမျှနဲ့သာ
ဝဋ်ရှိရင်ကျေပါလ
နောင်ဘ၀ကျရင်
မမြင်ချင်တဲ့ဒီအစိုးရ
မမြင်ရပါလို၏ဘုရားလို့
တရားတွေတောင်း
ဆုတွေတောင်း
ဘုန်းကြီးကျောင်းသွား
အကောင်းတရားဟောကြားပေးတဲ့
ကိုယ်တော်တွေတောင်
မနေရ အမိန့်အာဏာပြ ကျောင်းပေါ်က ဆင်းပြေးခဲ့ရ။
သြော်……..ပဒိုင်းသီးအစိုးရနဲ့အရူးနိုင်ငံသား
တွေ့ကြရောဗျား။
တက္ကသိုလ်ဘုန်းကြွယ်(၂-၁၆-၂၀၁၂)
No comments:
Post a Comment