လွတ်စေကြောင်း
ကျွတ်စေကြောင်း
ဇွဲမာန်တထောင်းထောင်း
အဲဒါမှခွပ်ဒေါင်း။
ခွပ်ဒေါင်းမိခင်
စံတင်လောက်
ရဲရဲတောက်တောက်
တော်လှန်ရေးလမ်းကိုလျှောက်
စစ်ဖိနပ်အောက်က
လွတ်မြောက်ရေး
ဒုတိယလွတ်လပ်ရေး
လူ့အခွင်းရေးနဲ့
ဒီမိုကရေစီအရေး
ရယူပေးနိုင်ရေးအတွက်
အသက်ကိုပင်မငဲ့ကွက်
ဆက်ဆက်တိုက်ပွဲဝင်နေလျက်
ယုံကြည်မှုအတွက်
အသက်ရှင်နေ
ဒို့အမေ။
ပန်းဝင်လှလှ
ဘ၀လှအောင်
ဒုက္ခနဲ့ရင်း
စွန့်လွှတ်ခြင်းနဲ့
အပ်နှင်းခဲ့ရာ
သူ့ဘ၀တာ
သူ့မှာအစဉ်
ပျော်လျက်ပါ။
ချစ်ခင်လေးစား
ပြည်သူများကို
ရင်ဝယ်သားအလား
အစဉ်ပိုက်ထားပြီး
ဘယ်သွားသွား
ဘယ်လာလာ
မေတ္တာကိုပေး
ဂရုဏာဆေးနှင့်
အစဉ်တိုက်ကျွေး
ရင်အေးအောင်
အစဉ်ပေးဆောင်သမို့
လူထုမေတ္တာ
ရောင်ပြန်ဟပ်
မိန်းမမြတ်ဂုဏ်ရောင်ထွန်းလင်းပြောင်
လူ့ဘောင်ဘုံအလယ်
တင့်တင့်တယ်။
အမေစုမေတ္တာ
လူထုမှာ
လူထုမေတ္တာအမေစုမှာ
အေးချမ်း
ဘေးမသန်းတဲ့ မေတ္တာဓါတ်
လွှမ်းပတ်ကမ္ဘာတည်လိမ့်မှာ။
မြန်မာပြည်သည်လည်း
ဆင်းရဲဒုက္ခ
ဝဲဂယက်မှ
အစဉ်အမြဲ
လွဲထွက်နိုင်တော့မှာ။
တက္ကသိုလ်ဘုန်းကြွယ်(၂-၁၆-၂၀၁၂)
__._,_.___
Attachment(s) from Ko Ko Aung
2 of 2 File(s)
No comments:
Post a Comment