ပတ္တမြားမှန်တဲ့ ရွှေညဝါဆရာတော် ဘယ်တော့မှ နွံမနစ် .. ပတ္တမြားမမှန်တဲ့ လောက်စလုံးတွေသာ ရေထိရင် မူလသဘာဝ ရွှံ့ပဲပြန်ဖြစ်မှာပါ ..
ဒီကနေ့
ရွှေညဝါ ဆရာတော်ကြီးနဲ့ သံဃာတော်တွေ ဆွမ်းခံကြွတဲ့ တတိယမြောက်နေ့ပါ..။
သတင်းတွေကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ...။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ နေ့စဉ်ရက်ဆက် လိုက်ပါပေးနေတဲ့
စမ်းချောင်းကိုကိုကြီးနဲ့ ဗကသများအဖွဲ့ချုပ်မှ ဒီငြိမ်းလင်းတို့ အပါအဝင်
ဆရာတော်ကြီးကို ကြည်ညိုကြတဲ့ ပြည်သူတွေ လိုက်ပါခဲ့ကြပါတယ်...။
ဆွမ်းခံရရှိတဲ့ ဆွမ်း၊ ဟင်းနဲ့ လှူဖွယ်ဝတ္ထုတွေ အပါအဝင်
ရရှိတဲ့ဝတ္ထုငွေတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို သွားရောက်
လှူဒါန်းခဲ့ပါတယ်..။
ပြည်သူတွေရဲ့ မျက်နှာတွေပေါ်မှာ စိတ်မကောင်းတဲ့ အချင်းအရာတွေ အထင်းသားပေါ့...။
မဟုတ်မဟတ၊်
ဗရုတ်ဗယက်၊ အစုတ်အပျက်၊ အပုပ်အစပ်တွေလို လုပ်ဇာတ်ခင်းနေတဲ့ မြင်ကွင်းတွေ
မဟုတ်ပါ..။ ပတ္တမြားမှန်တဲ့ ရွှေညဝါဆရာတော် ဘယ်တော့မှ နွံမနစ် ..
ပတ္တမြားမမှန်တဲ့ လောက်စလုံးတွေသာ ရေထိရင် မူလသဘာဝ ရွှံ့ပဲပြန်ဖြစ်မှာပါ။
တနေ့ကိုယ်ပြုတဲ့ကံ
ကိုယ့်ထံပြန်လာစမြဲပါ...။ အမိန့်ထုတ်တဲ့ တိုင်းမဟနနဲ့ နောက်ကွယ်က
ကြိုးကိုင်နေသူတွေ ပြည်သူတွေကြားထဲ ရွှေညဝါဆရာတော်ကို အမိန့်ထုတ်တာ
မိမိတို့ပါ ဆိုပြီး ဆရာတော် ဆွမ်းခံကြွသလို ဒီလိုကြေငြာပြီး ထွက်ပြပါ..။
ဆိုဆုံးမရခက်သော ဒုပ္ပဇပုဂ္ဂိုလ်ဆိုတာ ဘယ်သူတွေဆိုတာ ပြည်သူတွေ အမှန်နဲ့
အမှားကို ခွဲခြားပြပါလိမ့်မယ်...။
ရိုင်းတာပါရင်
ခွင့်လွှတ်ပါ..။ ထိုပြောမိရေးမိ၊ ကျမိသော မျက်ရည်များသည်
အမှန်တရားအတွက်ဖြစ်သည်။ အမှန်တရားဘက်က ခံစားချက်နဲ့ ရေးလိုက်ပါတယ်...။
၁၉ရက်နေ့မှာ ရွှေညဝါကျောင်းမှာ စုံကြမယ်...။
ဓာတ်ပုံ ဒီမိုဝေယံ

No comments:
Post a Comment