Wednesday, February 15, 2012

 ဘန်ကောက်မြို့ ဗုံးဖောက်ခွဲမှုများအပါအ၀င် ကမ္ဘာတစ်ဝန်းဗုံးခွဲတိုက်ခိုက်မှုများ နောက်ကွယ်တွင် အီရန်ကြိုးကိုင်နေကြောင်း အစ္စရေးစွပ်စွဲ


PDF Print
Thursday, 16 February 2012 02:05
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အီရန်နိုင်ငံသား Saeid Morid ၏နေအိမ်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ အီရန် နိုင်ငံသားတစ်ဦးက ဗုံးဖြင့် တိုက်ခိုက် ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်အပါအ၀င် မကြာသေးမီက အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင် အစ္စရေး သံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် အဇာဘိုင်ဂျန်နိုင်ငံရှိ အစ္စရေးသံအမတ်အားလုပ်ကြံရန် ကြိုးပမ်းမှုများအပါအ၀င် ဇန်န၀ါရီလမှ စတင်ခဲ့သည့် ကြိုတင်ကြံစည်ထားသော အစဉ်လိုက်တိုက်ခိုက်မှုများ နောက်ကွယ်တွင် အီရန်ကြိုးကိုင်နေကြောင်း အစ္စရေးတာဝန်ရှိသူများက စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
အီရန်နိုင်ငံသား Saeid Morid သည် နိုင်ငံခြားသားသုံးဦးငှားရမ်း ထားဖွယ်ရှိသော ဘန်ကောက်မြို့ရှိ ငှားထားသောအိမ်တွင် ရှိနေစဉ် ဖောက်ခွဲရေးပစ္စည်းများ မတော်တဆပေါက်ကွဲ၍ ဒဏ်ရာရခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ယင်းနိုင်ငံခြားသားသုံးဦးအနက် နှစ်ဦးမှာနေရာမှ ထွက်ခွာသွားခဲ့ပြီး Saeid က အငှားကားတစ်စီးအားတားရန် ကြိုးပမ်းသောအခါ ယာဉ်မောင်းက လိုက်ရန်ငြင်းဆန်သဖြင့် Saeid သည် ကားပေါ်သို့ ဗုံးတစ်လုံး ပစ်ထည့်ခဲ့ကြောင်း ရဲများက ပြောကြား ခဲ့သည်။
ပေါက်ကွဲမှုကြောင့် ရဲများရောက် လာစဉ် နောက်ထပ်ဗုံးတစ်လုံးကို ရဲများထံပစ်ခဲ့ရာ ဗုံးမှာ သစ်ပင်နှင့်ထိ ၍ လွင့်စင်ပေါက်ကွဲခဲ့သည်။ နောက် ဆုံးဗုံးမှာ ဖောက်ခွဲသူ၏ခြေရင်း၌ပင် ပေါက်ကွဲခဲ့သောကြောင့် ၎င်း၏ ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ အီရန်အစိုးရကို ကမ္ဘာပေါ်တွင် အကြမ်းဖက်သမားများအား အကြီးမားဆုံးထောက်ပံ့သူ ဟုစွပ်စွဲခဲ့သည်။ အီရန်သမ္မတကမူ အီရန်နှင့်ယင်းတိုက်ခိုက်မှုများ သက်ဆိုင်မှုမရှိဟု ငြင်းဆိုထားသော်လည်း အစ္စရေးကိုဆန့်ကျင်သော လက်ဘနွန်နှင့် ဟားမားစ်အဖွဲ့တို့အား အကူအညီများပေးလျက်ရှိသည်ဟု ၀န်ခံထားသည်။
Ref;CNN:ABC

No comments: