-WFWW-
တော်လှန်ရေးတာဝန်ကိုထမ်းဆော
အခမ်းအနားကို
ကိုချစ်ဖွယ်၊
ကိုရာဇာ၊ ကိုသီဟဘကြည်၊ မမင်းမင်းထွေးငယ်၊ ကိုရဲ၊ ကိုအောင်ကြီး၊
ကိုအေးသိန်းထွေး၊ ကိုစိုးကြီး၊ ကိုဥာဏ်အောင်၊ ကိုစိုးချိန် ၊မခင်စန်းနွယ် ၊
ကိုရီဇော် တို့က ဦးဆောင်ပြီး ကျန်ရစ်သူ မိသားစုတွေ၊ မိတ်ဆွေတွေ ကိုယ်စား ကောင်းမှု ကုသိုလ်ပြု
ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။ အခမ်းအနား မှာ အကြောင်းမလှစွာ
ကျဆုံးခဲ့ရသော မကဒတ ရဲဘော်များ ၏ ဓာတ်ပုံများ၊ ဗွီဒီယို မှတ်တမ်းများ၊ အထောက်အထားများ ကို ပြသခဲ့ကြပြီး၊
ဂုဏ်ပြုတေးသီးချင်းများ ကိုလည်း သီဆိုခဲ့ကြပါသည်။
မကဒတ
မှာ ကျဆုံးသွားခဲ့ကြသော ရဲဘော်များအတွက် အောင်းမေ့ဘွယ် ဂုဏ်ပြု အခမ်းအနား မှာ မကဒတ စတင် တည်ထောင်ခဲ့ကြသူများတွင်ပါဝင်ခဲ့ကြတဲ့
မကဒတ
ဒုဥက္ကဌဟောင်း ကိုဝင်းမိုး၊ အထွေအထွေ အတွင်းရေးမှူး ဟောင်း ကိုကိုဦး၊ ကိုမြတ်စိုး တို့ကလည်း မိမိ တို့နှင့် လုပ်ဖော်ကိုင်ဖက်များ မကဒတ တောင်ပိုင်းတွင် ကြုံတွေ့
ခဲ့ရသော သမိုင်းဖြစ်ရပ်မှန် များ
ကို ပြန်ပြောင်းပြောဆိုခဲ့ကြပြီး၊ လူရာပေါင်း များစွာ အသက်စွန့် စတေးပေး
တာဝန်ထမ်းဆောင်သွား
ခဲ့ကြသော မကဒတ ရဲဘော်အားလုံး၏ ဂုဏ်သိက္ခာ နှင့် ရဲဝံ့တောင်ပြောင်စွာ
အသက်စွန့် လုပ်ဆောင်သွားမှုတွေကို အမှတ်တရ ဂုဏ်ပြု ပြောဆိုသွားကြပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသက်စွန့် စတေးသွားခဲ့ကြတဲ့ မကဒတ ရဲဘော်အားလုံးဟာ ကြမ်းတမ်းတဲ့ မုန်းတိုင်းထဲ ကို ဖြတ်လျှောက်ရင်း အကြောင်းမလှစွာ
ကြွယ်ကျခဲ့ရတဲ့ ကြယ်တွေလိုဖြစ်ခဲ့ရပေမဲ့၊ သူတို့ဟာမြန်မာပြည်သူတွေရဲ့
သူရဲကောင်းများ အဖြစ် ထာဝရ မှတ်တမ်းတင် ခြင်းခံရမှာ ဖြစ်ကြောင်း
ပြောဆိုသွားကြတယ်။





No comments:
Post a Comment