
အမေစုရဲ့လှည်းကူးခရီးလည်း
ရှုမငြီးစရာပါ
စုစည်းလာတဲ့လူထု
အမေစုအား
သောင်းသောင်းဖျဖျ
ကြက်ပျံမကျ
ကြိုဆိုကြပြန်တယ်။
အမေစု ဘယ်ကိုသွားသွား
လူထုရဲ့ရင်ခွင်ကြား
အမေစုသာ
ရှိပါကလား။
ဝေ့လည်ကြောင်ပတ်
ရှောင်ပတ်ပြီး
ကြားဖြတ်ရွေးကောက်ပွဲလုပ်မနေနဲ့တော့။
စစ်ဝတ်စုံချွတ်
ကြက်သရေခေါင်းပေါင်းစွပ်
လူဝတ်အသစ်
တဖြစ်လဲလိုက်တဲ့အစိုးရ
အမျိုးလှအောင်
မလုပ်ပေးနိုင်
မတူသေးတဲ့အယူဆများဘေးဖယ်ထား
တူတာတွေနဲ့
ခရီးသွား
ကလေးကလား
အတွေးမှားနဲ့
ဒီမိုကရေစီခရီးကို
သွားလို့မရ။
ဒီမိုကရေစီဟာ
ဒီမိုကရေစီ
အာဏာရှင်ဟာအာဏာရှင်
ယှဉ်တွဲလို့မရတဲ့
မျဉ်းပြိုင်နှစ်ကြောင်းဗျ
စပ်ဟလို့မရ
တဲ့ ပြဒါးတလမ်း သံတလမ်း
အလှမ်းကဝေး
မှန်းဆတွေးလို့ကိုးမရ။
ဆိုးလှတဲ့အာဏာရှင်ထောက်တိုင်နဲ့
ဒီမိုကရေစီပန်းတိုင်
မရောက်နိုင်။
ဖာထေးလို့မရ
ပုပ်ပွနေတဲ့အာဏာရှင်သွားပုပ်ကို
မုချနှုတ်ပစ်မှ
သွားသစ်ဖြစ်တဲ့
ဒီမိုကရေစီသွားအသစ်ကိုစိုက်နိုင်မယ်။
ပြည်သူထံ
အာဏာကို မခိုမကပ်
အမြန်သာ
လွှဲအပ်
သင်တို့ရဲ့လုပ်ရပ်ကိုလဲ
အမှတ်မထား
ခွင့်လွှတ်ခြင်းတရားနဲ့
ဖယ်ရှားခွင့်လွှတ်လိုက်ပါမယ်။
မိုးရွာတုန်းရေခံပါ
အခါအခွင့်ပေးတုန်း
အကောင်းဆုံးဖြစ်အောင်
စွမ်းဆောင်ကြိုးပမ်းကြပါလို့။
ကဒါဖီလို
အာဏာသာကိုးစား
မိုက်ချက်ကယ်ပွားနေရင်
ဆုံးပါးရမှာက
အာဏာသာမဟုတ်
ထုတ်ပေးရမဲ့အသည်း
ခွဲပေးရမဲ့ရင်
အမြင်မကောင်း
လူအပေါင်းရဲ့
ထုထောင်းနင်းချေ
အသေဆိုးနဲ့
သေရပေလိမ့်မယ်။
ဤလိုသေခြင်းမျိုး
အသေဆိုးနဲ့
ပိုးဆိုးပက်စက်
မသေရက်ပါရင်
အဖြေထွက်အောင်
ဆုံးဖြတ်ချက်ချ
လက်ကအာဏာ
အကြည်တသာထုတ်ပေး
အုပ်ချုပ်ရေးကို
အဟုတ်မနှေး
လက်လွှဲပေးလိုက်ပါတော့လေး။
ဤအင်အားကိုယူ
ဤလူထုကိုစု
လူထုတွေလဲ
တောင်းဆိုမှုပြုရတော့မည်။
မြင်တော်မူကြတဲ့အတိုင်း
ဒေါ်စုကိုဝိုင်း
အသိုင်းဝိုင်းကြွယ်
ဝိုင်းဝိုင်းလည်။
တတိုင်းတပြည်လုံး
အုံးအုံးကျက်ကျက်
အားတက်မာန်တက်
ဒေါ်စုကိုသာထောက်ခံနေတဲ့အတွက်
သင်တို့လက်ထဲက
အပိုင်အုပ်
ကိုင်ချုပ်ထားတဲ့
အာဏာ
တခါထဲသာ
ပြန်အပ်ပေးလိုက်ပါ။
ကျန်ရှိတဲ့
နိုင်ငံရေးအကျဉ်းသားများလဲ
ညှဉ်းမထားတော့ပဲ
ချက်ချင်းလွှတ်
စစ်ဖိနပ်အောက်ကလွတ်ကျွတ်ရေး
ဒို့အရေး
စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး
ဒို့အရေး
ကြားဖြတ်ရွေးကောက်ပွဲ
အလိုမရှိ
ပြည်သူထံအာဏာပြန်အပ်ရေး
ဒို့အရေး ဒို့အရေး။
အရေးတော်ပုံ
အောင်ရမည်
အောင်ရမည်။
တက္ကသိုလ်ဘုန်းကြွယ်(၂-၁၅-၂၀၁၂)
No comments:
Post a Comment