Sunday, February 19, 2012

ကိုထွန်းအောင်ကျော် ဂျပန်တွင် လာရောက်ဆွေးနွေးဟောပြောမည်


19.2.2011
၁၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့  ဖေဖေါ်ဝါရီ လကုန်ပိုင်းအတွင်း လာရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။
 
အဆိုပါ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တခုကို လည်း ကျင်းပပြုလုပ်သွားရန် ရှိကြောင်း သိရှိရပါသည်။
 
ကိုထွန်းအောင်ကျော်မှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ပေါ်ပေါက်လာခြင်း နှင့် ကျောင်းသားများ၏ အခန်းကဏ္ဍ၊ စစ်အာဏာရှင်စံနစ်နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်(၅၀)၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအ နေ နှင့် လွန်ခဲ့သော အနှစ် (၂၀) က ဖြစ်ပွားခဲ့သည့် ABSDF မြောက်ပိုင်း (ကချင်ဒေသ) မှ ရင်နင့်စရာ ကျောင်းသားများ အသတ်ခံရမှု စသည့် ကိစ္စရပ်များအား အကျယ်တ၀င့် ရှင်းလင်း ပြောကြားမည် ဖြစ် ကြောင်း သိရှိရပါသည်။
 
ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ABSDF ရဲဘော်ဟောင်းများက ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြောင်း။ ဟောပြောပွဲသဘောမျိုး မဟုတ်ပဲ  အပြန်အလှန် ဆွေးနွေးမည့် အစီအစဉ်များနှင့် အနှစ်သာရရှိရှိ ကျင်းပသွားမည့် အကြောင်း ပွဲစီစဉ်သူ တဦးမှ ပြောကြားခဲ့ပါသည်။
 
ဆွေးနွေးပွဲကို မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေရာနှင့် အချိန်ကိုတော့ မကြာခင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
 
ဆက်သွယ်စုံစမ်းရန်။
 
ကိုသန်းဆွေ (မြေနီကုန်း)    -   03 6479 6784
ကိုသာထက် (ကိုသောင်းလှိုင်) -   090 3242 1988
ကိုညီညီလွင်              -   090 2157 3906
ကိုခင်မောင်ထွေး           -   080 3456 4935
ကိုထွန်းဝေ                -   080 3099 1503
မလေးလေး               -    090 9828 2240
 
သတင်း
မောင်ဖိုးဇော်

No comments: