All Datura plants contain tropane alkaloids such as scopolamine, hyoscyamine, and atropine,
primarily in their seeds and flowers. Because of the presence of these
substances,Datura has been used for centuries in some
cultures as a poison and hallucinogen
အဆိပ်ပင်
ရေမလောင်းနှင့်
ဆုပ်ရင်လည်းဆူး ရှူရင်လည်းမူး
စားရင်လည်းရူးမည့်
အထူးဆိုးဝါးသည့်
အဆိပ်ပင်များ
သွားပြီးရေမလောင်းပေးပါနှင့်။
နေရောင်ခြည်လည်းကောင်း
မြေလဲပျော့ပျောင်း
ရေအားပါကောင်းကောင်း
လောင်းပေးလိုက်ပါလျှင်
အပင်ဖြိုးရင့်
ပဒိုင်းပန်းပွင့်၍
ဆိပ်သင့်မဲ့
အသီး ပဒိုင်းသီးလည်း
ထီးထီးမားမား
ကြီးထွားလာပြီး
ညောင်ပင်အလား
ရှင်သန်ပွားကာ
သင့်အားဒုက္ခပေးတော့မည်။
အဆိပ်ပင်ဒုက္ခ
ပေးလာကြလျှင်
မည်သူက
မည်သူ့ကို
တထစ်ချမုန်ယို
အပြစ်ဆိုမည်နည်း။
အပင်မျိုးရိုး
ပျိုးလာသူအပြစ်
ဖြစ်စေကာမူ
ထပ်တူလက်ညှိုး
ထိုးနိုင်ပြန်သည်
ဆိုးသွမ်းအဆိပ်ပင်
သိလျက်နှင့်ပင်
တမင်စုပေါင်း
ရေလောင်းပေးသူ
ထိုသူသည်လည်း
ခွဲယူအပြစ်
ရှောင်မပစ်နိုင်
ပိုင်ပိုင်သတိ
ရှိကြလော့။
မကောင်းသည့်အရေး
အားပေးသူသည်
ထပ်တူမကောင်းမှု
ပြုသောသူနှင့်
ညီတူအပြစ်ဒဏ်ခံရမည်။
No comments:
Post a Comment