MOETHIHAAUNG
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
Saturday, February 11, 2012
ဦးတင်ရီ ၏ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချခဲ့
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ နယ် စည်းရုံးရေးခရီးမှာ ဟောပြောနေစဉ်
ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှဇန်နဝါရီ(၁၁)ရက်နေ့ကပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှသိရသည်။ထိုသို့ ခရိုင်ကော်မရှင်အ ဖွဲ့ခွဲမှ ကန့်ကွက်လွှာအားပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ဇန်နဝါရီလဒုတိ ယပတ်တွင်အယူခံတင်သွားမည်ဖြစ် ကြောင်း ကန့်ကွက်လွှာပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မ ရှင်ကိုအယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ဗဟိုကိုတက်မယ်။ ဗဟိုကပယ်ရင် လွှတ်တော်တင် မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်'' ဟုညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ် တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းဦးတင်ရီကဆို သည်။''ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့တော့ ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၊နည်းဥပဒေမှာပါတဲ့အတိုင်းပဲ လွတ် လပ်စွာပဲ ဆုံးဖြတ်ခဲ့တယ်။နောက် တည်ဆဲဥပဒေတွေကိုလည်းကိုးကား ပြီးစိစစ်ပေးခဲ့တယ် လက်ခံသင့်တာ လက်ခံ၊ပယ်သင့်တာပဲခဲ့တယ်။ကျွန် တော်တို့အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေအပိုဒ်-၂၈(က)အရ ဆောင်ရွက်ခဲ့ပါတယ်'' ဟုတောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူကဆိုသည်။ကော့မှူးမြို့နယ် မဲဆန0x081ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက0x081ကဌဒေါ် အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန0x081ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာအားတောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်တည်ဆဲဥပဒေ ဖြစ်သော စကားရပ် များအား အစားထိုးခြင်းဥပဒေ (၁၉၇၃)စသည့်ဥပဒေများကိုအခြေခံ ကာစိစစ်သုံးသပ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကန့်ကွက်မှုတွင် ကန့်ကွက်ခြင်းခံခဲ့ရသည့်ကိုယ်စား လှယ်လောင်းကလည်းဇန်နဝါရီ(၉)ရက်နေ့ကချေပလွှာပြန်လည်တင် သွင်းခဲ့ကြောင်း သိရသည်။ ထုကန့်ကွက်လွှာ၊ ချေပလွှာများကို ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ သုံးကြိမ်တိုင် စိစစ်သေချာစိစစ်ကာဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာ တွင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၂၁၊ပုဒ်မခွဲ(င)၊(စ)၊ (ဆ)အရလည်းကောင်း၊ပြည်သူ့လွှတ် တော်ရွေး ကောက်ပွဲ ဥပဒေပုဒ်မ-၁၀၊ပုဒ်မခွဲ(စ)၊(ဆ)၊(ဇ)၊(ဍ)အရလည်း ကောင်း၊၂၀၁ဝပြည့်နှစ်နိုင်ငံရေးပါ တီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ-၄၊ ပုဒ်ခွဲ(စ)၊ ပုဒ်မ-၁၀၊ပုဒ်ခွဲ(စ)အရ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းဦးတင်ရီက ကန့်ကွက်ခဲ့ကြောင်းသိရသည်။ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကမြန်မာတစ် ပြည်လုံးရှိလစ်လပ်(၄၈)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခြယ်ခံ ကြမည့်ကိုယ်စား လှယ်လောင်းများ ၏အမည် စာရင်းကိုမကြာမီထုတ် ပြန်ကြေညာတော့မည်ဖြစ်သည်။ အဆိုပါကော့မှူးမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီမှ ဦးတင်ရီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှဒေါက်တာဦးစိုး မင်းတို့ကဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။
ရန်ကုန်တိုင်းမ်
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment