ပဲ့တင်သံ
သူငယ်နာ မစင်တဲ့ NLD-< သန်းထွန်း(tgkn)>
-၉.၃.၂၀၁၂
ကျွန်တော်တို့ ဆီမှာ NLD ရဲ့ မြို့နယ်ခွဲဆိုင်းဘုတ်တင်ပွဲကို တနင်္ဂံနေ့က လုပ်သွားကို လေ့လာဖြစ်ခဲ့ပါ။
တယ်၊အခမ်းအနားမှာလူ ၅၀၀ ကျော်လောက်တက်ရောက်တာတွေ့ရပြီး မြို့နယ်ဥက္ကဌ က မိန့်ခွန်းပြောကြား နာယကဖြစ်တဲ့ ဦးတင်ဦး ကပြောပြီး ၈၈ မျိုးဆက် မှ ကိုမင်းကိုနိုင်ကလည်းဆက်ပြီး သင်္ဃန်းကျွန်းလူထုကိုမိန့် ခွန်း အသီးသီးပြောသွားကြပါတယ်။
မြို့နယ်ဥက္ကဌနဲ့ ကိုမင်းကိုနိုင်တို့ ပြောကြားသွားကြတာ ပြသနာမရှိပေမဲ့ ဒီအခမ်းအနားမှာ အသက်လဲ အကြီးဆုံး၊ဝါလဲအရင့်ဆုံးဖြစ်တဲ့ နာယကကြီးပြောသွားတာကတော့ မေးစရာမေးခွန်းတွေနဲ့ ကျွန်တော်တို့ သင်္ဃန်းကျွန်းမှာ ကျန်ရစ်ခဲ့ပါပြီ။
နာယကကြီးက “ခမောက်တွေကအတုတွေ” လို့ ပြောသွားပါတယ် ဒါဆိုရင် ခမောက်အစစ်က ဘယ်မှာလဲဆိုတာစဉ်းစားစရာ ဖြစ်ရပါပြီ၊
NLD က ခမောက်ကိုတောင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းမရှိဘဲ နဲ့ တိုင်းပြည်ကို နာယကကြီးတို့လက်ထဲကိုအပ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားရင်း ရင်လေးရ ပါပြီ၊ကျွန်တော် သိသလောက်က ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ သင်္ကေံတအဖြစ် NLDကခမောက်ကို ရွေးတယ်၊

တစညက စပါးနှံကို ရွေးပြီး ရွေးကောက်ပွဲဝင်ပြိုင်ကြရာကနေ NLD က အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမဲ့ အာဏာရအောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။
၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD က သပိတ်မှောက် တော့ နိုင်ငံရေးပါတီတရပ်အဖြစ် တရားဝင်ရပ်တည်ခွင့် မရှိတော့သည့်အတွက် ၉၀ ပြည့်နှစ်က ရွေးချယ်ခဲ့တဲ့ ပါတီကိုယ်စားပြု အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်ဆိုတာ ကလည်း အလိုအလျှောက် ပိုင်ဆိုင်ခွင့်ဆိုတာမရှိတော့ပါ။
ဘူး၊အဲဒီကာလမှာ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လိုကြတဲ့ NLD က ခေါင်းဆောင် တချို့စုစည်းပြီး ခမောက်တစ်လုံးရဲ့ အပေါ်မှာကြယ်တစ်လုံး ပါတဲ့ အမှတ်တံဆိပ်ကို NDF ပါတီရဲ့ အမှတ်အသား အဖြစ်မှတ်ပုံ တင်ကာ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ ပြီး အဲဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့သင်္ဃန်းကျွန်းက NDF ပါတီက ၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ အားလုံး အနိုင်ရတာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းမှာဘဲ ပါတီရဲ့ ငွေကြေးအရှုပ်အရှင်းတွေကို မီဒီယာတွေမှာ ပြောတဲ့ကိစ္စနဲ့ ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းညွန့်ကို ပါတီမှနေ ထုတ်ပယ်ခဲ့တော့ ဦးသိန်းညွန့် ကလဲ သင်္ဃန်းကျွန်ကို အခြေခံကာ အနိုင်ရခဲ့တဲ့ သင်္ဃန်းကျွန်းကိုယ်စားလှယ်များနဲ့ ပါတီသစ် တစ်ရပ်ကိုထူ ထောင်ခဲ့ပါတယ်၊ အဲဒီပါတီကို အမျိုးသား ဒီမိုကရေစီပါတီသစ် NNDP အဖြစ် ပါတီမှတ်ပုံတင် ပြီး ပါတီရဲ့အမှတ် သင်္ကေတအဖြစ် ခမောက်သုံးလုံး ကိုရွေးချယ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲပြီးတော့ သင်္ဃန်းကျွန်းက မဲရုံအသီးသီးမှာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ ကြတဲ့ ရဲဘော်များနဲ့ အဘက်ဘက်မှ တာဝန်ကျေခဲ့ကြတဲ့ ရဲဘော်များကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးဘို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ပေမဲ့ သင်္ဃန်းကျွန်းရဲ့ဖိတ်ကြားချက်ကို လှစ်လျူရှုပြီး ဒုတိယပင်လုံညီလာခံကိစ္စ ကို သွားရောက်ခဲ့ပါတယ်၊
NNDP ခမောက်သုံးလုံး ပါတီ နှင့် NDF ခမောက်တစ်လုံးပါတီတို့က အကယ်၍ NLD က ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ပါတီပြန်လည်ပြီး မှတ်ပုံတင်ခဲ့လျှင် NDF က ပြန်လည်ပူးပေါင်းသွားမည်၊ NNDP ကလည်း ပါတီကို ဖျက်သိမ်းသွားမည်လို့ ကြေငြာခဲ့ကြပါတယ်၊

NLD ကပါတီမှတ်ပုံတင်ပြီးတော့ NDF နဲ့ NNDP ကိုပြော ကြားတာကတော့ ပါတီက လွင့်စင်သွားသူတွေ၊ ပါတီက ပဲ့ထွက်သွားသူတွေ၊အကယ်၍ဒီလူတွေ ပါတီကိုဝင်ချင် ရင်ပါတီဝင် လျှောက်လွှာ အသစ်ပြန်တင်ပြီး ဝင်ရမယ်၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြန်လည် စစ်ဆေး ပြီးမှ ပါတီဝင်အဖြစ် စဉ်းစားမယ်လို့ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ဒီအချက်ကို ပေါတောတော ကြောင်တောင် အမတ်တချို့ကလည်းလက်ခံပြီး ဝင်ခဲ့ကြလို့ NLD ကရွေးကောက်ပွဲ မဝင်ရသေး ဘဲနဲ့ လွှတ်တော်အတွင်းမှာ NLD အမတ်ကကြိုပြီး ရောက်နှင့်နေပါပြီ။
ယ္ခုလတ်တလောကာလမှာ ကျွန်တော် ရေးခဲ့တဲ့ “၈၈ မျိုးဆက်နဲ့ လေ့ကျင့်ရေးကွင်းထဲက NLD” ဆောင်းပါးမှာ ရေးခဲ့သလို NLD က ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုအပေါ် ကျူးလွန်ခဲ့တဲ့အမှား က ခမောက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့ကြတဲ့ ဒီမိုကရက် တွေအပေါ် အစာမကြေ ဖြစ်ပြီး ရန်လို မုန်းတည်းမှုတွေပွား၊ တဖက်မှာလည်း ၈၈ မျိုးဆက်တွေကိုသူတို့ သွားသင့်တဲ့ နိုင်ငံရေး လမ်းကြောင်းကို လမ်းညွှန် ပေးရမည့်အစား NLD ကို ထောက်ခံ၊ဝန်းရံပေးအောင် စည်းရုံးနဲ့ ပြာပြာ ခတ်တဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကနေ NLD နဲ့မတူတဲ့ ရှိသမျှ ဒီမိုကရက် မှန်သမျှကို ရန်သူ လိုသဘောထားပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲရလဒ်ပုံစံမျိုး ရအောင်လို့ ရန်သူလားမိတ်ဆွေ လားမခွဲခြားတော့ဘဲ ၄၈ နေရာစလုံး ပန်းဝင်နိုင်အောင်လို့ ပါတီကြီး မာနအပြည့်နဲ့ ပြောသင့်တဲ့စကားလားမ ပြောသင့်တဲ့စကားလား မစဉ်းစားဘဲ အရူးချီးပန်း ပြောနေကြပြီ။
အဖွဲ့အစီးတစ်ခုမှာ နာယက လုပ်သူအနေနဲ့ နာယကဂုဏ် ၆ ပါးဆိုတာရှိပါတယ်၊
ပါတီကြီးတစ် ရပ်က နာယကကြီးတယောက်အနေနဲ့ ကျွန်တော်တို့ သင်္ဃန်းကျွန်းမှာ ပြောသွားတဲ့ ခမောက်တွေက အတုတွေ ဆိုတဲ့ အသုံးအနှုံးက နာယကဂုဏ်၆ပါးနဲ့ ညိစွန်းနေတာကို သတိချပ်စေခြင်ပါတယ်။
အခုnld သွားနေတဲ့ လမ်းကြောင်းက တရားဥပဒေဆိုတာ ဘာမှန်းမသိတဲ့ ပုံပေါက်နေပါတယ်၊
ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက် ထုတ်ပြန်ပြီးမှသာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း တွေအနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးလို့ ရမှာဖြစ်ပါတယ်။
အခုတော့ ကော်မရှင်က တရားဝင် မထုတ်ပြန်ရသေး တဲ့ nld အမတ်လောင်း တချို့ ဟာ မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ် နေကြပါပြီ၊
၁၀.၂.၂၀၁၂ နေ့မှာ ကော်မရှင် က ကိုယ်စားလှယ်လောင်းတွေကို တရားဝင် ကြေငြာမှာပါ။
နောက်တစ်ခုက ပါတီအလံထောင်မည်ဆိုလျှင် နိုင်ငံတော် အလံကိုပါ ထောင် ဖို့ စည်းကမ်းချက်ရှိနေပါတယ်။
nld ရုံတွေမှာ နိုင်ငံတော်အလံ ကို ထောင်တာမတွေ့ ရလောက်အောင်ပါဘဲ။
သတင်းမီဒီယာ ဟာလည်း နိုင်ငံတော်အတွက် စတုတ္ထမန်တိုင်လို့ အားလုံးအသိအမှတ်ပြုကြတဲ့က လောင်လက်နပ်တစ်ခုပါ၊
သတင်းမီဒီယာလောကကြံ့ခိုင်သန်မာရေးအတွက် အဘက်ဘက်မှ အားပေးနေတဲ့ကာ လလဲဖြစ်ပါတယ်၊
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ထုတ် nld ရဲ့ ဒီလှိုင်းစာစောင်မှာ ဟံသာဝတီဦးဝင်းတင်တင်ပြတဲ့ ခမောက်တံဆိပ်နဲ့ အဖွဲချုပ်မဆိုင် ဆိုတဲ့ မေးဖြေခန်း မှာ ခမောက်ကိုဆုံးရှုံးခဲ့ရတာ တော်တော်လေးကို သံဝေဂ ရနေပုံဘဲ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်စုကို ထားခဲ့ပြီး မဝင်နိုင်လို့ သပိတ်မှောက်ခဲ့တယ်လို့ဆိုတယ်။
အဲဒီတော့ ပါတီအရေးနဲ့ လူပုဂ္ဂိုအရေး၊ တိုင်းပြည်အရေးနဲ့ လူပုဂ္ဂိုအရေး ယှဉ်လာရင် လူပုဂ္ဂိုတစ်ဦးယောက်အ ရေးကိုဦးစားပေးပါတယ်လို့ nld ရဲ့ သဘောထားကို ချပြခဲ့တယ်လို့ မှတ်ယူမိပါတယ်၊
ဆရာဦးချမ်းအေး (မောင်စူးစမ်း) ရေးခဲ့တဲ့ nld ဟာ ဒေါ်အောင်ဆန်း စုကြည်မရှိရင် အတွေးအခေါ် ဆင်းရဲတယ် ဆိုတဲ့စကားကို ပြေးမြင်မိပါတယ်၊

၂၀၁၀ ရွေးကောက်ပွဲမှာ ခမောက်အတုနဲ့ ပြည်သူကိုလိမ်သွားတယ်တဲ့ ကိုဒီ ကပြောတယ်။
အမှန်က ၂၀၁၀ ရွေးကောက်ပွဲမှာ nld မပါတာ အာလုံးအသိပါ ဘယ်လိုသိသလဲဆိုရင် nld တွေကိုယ်တိုင် စာတွေလိုက်ဝေတယ်လေ ခမောက်တွေက အတုတွေပါ၊ ရွေးကောက်ပွဲမှာ nld မပါတဲ့အတွက် မဲမပေးဘဲ နေကြပါ ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားတာ တတိုင်းပြည်လုံးအသိပါ။
ကြံ့ဖွင့်ကို မဲမပေးချင်တဲ့ ပြည်သူ တွေက nld မပါတဲ့ ရွေးကောက်ပွဲမှာ ခမောက်တံဆိပ်ပါတဲ့ ဒီမိုကရက်အမတ်တွေကို မဲပေးခဲ့ကြလို့ အခုလွှတ် တော်အတွင်းမှာ အတိုက်အခံရယ်လို့ မယ်မယ်ရရ ပေါ်ပေါက်လားပြီး ကမ္ဘာကလည်း စိတ်ဝင်တစားစောင့်ကြည့် ရတဲ့ အခြေအနေ တစ်ရပ်ကို ညွှန်းဆိုနေရတယ်၊
အကယ်၍များ nld လမ်းစဉ်ကို လိုက်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံ ရေးအခြေအနေ တိုးတက် ပြောင်းလဲမှုဟာ အခုလိုလျှုင်လျှင်မြန်မြန် ဖြစ်လာမည်မဟုတ်ဘဲ ခြင်္သေ့ လွှတ်တော် ဖြစ်နေပြီ၊ အကယ်၍များ nld သာ ၂၀၁၀ ရွေးကောက်ပွဲကိုလူပုဂ္ဂို တစ်ဦး တစ်ယောက်အရေးထက် တိုင်းပြည် အရေးကို ဦးစားပေးရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် လွှတ်တော်အတွင်းမှာ အများစုဟာ nld တွေပါ။
လွှတ်တော်ထဲရောက်မှ ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့ရတဲ့ အခြေအနေရှိပါတယ်။
တမတ်သား စစ်တပ်ကိုယ် စားလှယ်ဆိုတာလဲ ပုထုဇဉ် တွေပါ သူတို့မှာလဲခံစားချက်ကိုယ်စီနဲ့ပါ အပြောတတ်မယ်၊
စည်းရုံးတတ်မယ်ဆိုရင် သူတို့ရဲ့ မဲဟာ ကိုယ့်အတွက်ထောက်ခံမဲပါ ။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပဲ့ထွက်သွားသူ၊ လွင့်စင်သွားသူ၊ ဗွေဖေါက်သွားသူ၊ အဇာတသတ်လို့ အမည်အမျိုးမျိုးနဲ့ nldက ကင်ပွန်းတပ်ေ နတဲ့ဦးသိန်းညွန့်က ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူများ အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးရေးအဆိုကို တင်သွင်းတော့ တစ်မတ်သား စစ်တပ်ကိုယ်စားလှယ်တွေက ထောက်ခံ ဆွေးနွေးပြီး ကြံ့ဖွင့်အမတ်တွေက ကန့်ကွက်သူမရှိ ဘဲ အဲဒီအဆိုကို အတည်ပြု ပြီးသမ္မတကြီးက လက်မှတ်ရေးထိုးပေးခဲ့တဲ့ သာဓက ကလည်း သမိုင်းတွင်မဲ့ သာဓကပါ၊
Nld က အခုသွားနေတဲ့ လမ်းကြောင်းက ခင်းဗျားတို့ ကြိမ်စာတိုက်နေတဲ့ ခမောက် တွေရဲ့ ရှေ့ကဖေါက်သွား သွားတဲ့ လမ်းကြောင်းပေါ်ကို လိုက်မယ်ဆိုရင်လဲ အသာတကြည်လိုက်ကြပါ၊
ခမောက်တွေရှေ့ကဖေါက်ခဲ့တာ အရမ်းကိုပင်ပန်းပြီး ခက်ထန်ကြမ်းတမ်းလှပါတယ် ကျေးဇူး မတင်ရင် နေပါ။
ကျေးဇူးတော့မကမ်းကြပါနဲ့။
Nldက ဒီလမ်းစဉ်အတိုင်းဆက်ပြီးသွားမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အိပ်မက်သဖွယ်ဖြစ် သွားပါလိမ့်မယ်၊ တဖက် ကြံ့ခိုင်ရေးပါတီဟာ အခုဆိုရင် ပါတီအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန် မှာ nld က ပါတီဖွဲ့စည်းရေးကတဖက်၊ ဆိုင်ဘုတ်တင်ရေးကတဖက်၊ ၄၈ နေရာစလုံး လွှတ်တော်ထဲရောက်ဖို့ မဲဆွယ်ရတာက တဖက်၊ ပြာပြာခတ်တဲ့ နိုင်ငံရေး လုပ်နေရတာက တဖက် ရှုပ်ယှက်ကို ခတ်နေရတဲ့ ကြားထဲမှာမှ ခမောက်ကို ကြိမ်စာကတိုက် လိုက်သေး ၂၀၁၀ ရဲ့ အမှားသံသရာထဲမှာ တဝဲလယ်လယ်နဲ့။
အော် သနားစရာ Nld ရဲ့ အဖြစ် ဘယ်တော့မှများ သူငယ်နာစင်မလဲ လို့
သန်းထွန်း(tgkn)
---------------------------------
ခမောက်ရူး ဦးတင်ဦး
-< ဒီမိုနီနီ>
-၆.၃.၂၀၁၂
ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ၅.၂.၂၀၁၂ နေ့က NLD ရဲ့ သင်္ဃန်းကျွန်း ရုံးခွဲ လာဖွင့်သွားပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်မလာနိုင်လို့ ပါတီရဲ့ နာယက ဦးတင်ဦးမှအမှာ စကား ပြောသွားပါတယ်။
နာယကဦးတင်ဦး က “ကျွန်တော်တို့တတွေဟာ ခမောက်တွေ မဟုတ်ပါဘူး။
ခမောက်တစ်လုံးကြယ် တံဆိပ်လဲမဟုတ် ခမောက်သုံးလုံး လဲမဟုတ် ၊
ခမောက်တစ်လုံးကြယ်၊ ခမောက်သုံးလုံး စတာတွေဟာ အတု တွေပါ” တဲ့ ။
ကျွန်မတို့ သင်္ဃန်းကျွန်းပြည်တွေက ခမောက်စစ်စစ် ဘယ်မှာရှိသလဲဆိုတာ ကောင်းကောင်း သိထားပြီးပါပြီ ။
ခမောက်စစ်စစ်က သင်္ဃန်းကျွန်းမှာ တည်ရှိပါတယ် ။
အဲဒါ “ခမောက်သုံးလုံးနဲ့” ကျွန်မကိုခမောက် အတုနဲ့ အစစ်ဘယ်လိုခွဲခြား ပါသလဲလို့ နာယကကြီးက မေးလာရင် ကျွန်မက အောက်ပါအတိုင်းဖြေလိုက်ပါမယ်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုံးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ခမောက်ကို ကိုယ်စားပြုတဲ့ NLD ရဲ့ အမတ် ဦးသိန်းညွန့်ကို မဲပေးခဲ့ ပါတယ်။
အဲဒီကာလတွေမှာ NLD က ရွေးကောက်ပွဲ မှာ မဲအပြတ် အသတ်နိုင်ခဲ့ အောင် ပြည်သူပြည်သား တွေအနေနဲ့ တာဝန်ကျေပြွန်ခဲ့ ပေမဲ့ နဝတ စစ်အစိုးဆီကနေ ပြည်သူ့ အာဏာကို ရအောင် မယူတတ်ခဲ့လို့ အာဏာမရခဲ့ဘဲ ကျွန်မတို့ တိုင်းပြည်ကြီးက ဆင်းရဲမွဲ တေမှုတွေ၊ အမျိုးကောင်းသားသ မီးတွေပျက်ဆီးမှုတွေ၊NLD ကိုဆက်လက်ဝန်းရံရင်း သေသူကသေ ထောင်ကျ သူကကျ ဘဝတွေပျက်သူကပျက် နဲ့ နှစ်ပေါင်း၂၀ ကျော် အနီဌာရုံ မြင်းကွင်း တွေထဲမှာ တဝဲလည်လည်နဲ့ ဖြစ်ခဲ့ ရပြီးပါပြီ ။
၂၀၁၀ ရွေးကောက်ပွဲမှာ လဲ ဒေါ်အောင်းစုကြည်ရဲ့ မျက်နှာနဲ့ NLD ကို မဲထပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း ပါတီသိတ္ခာကျ မှာစိုးရိမ်တာက တကြောင်း ဒေါ်အောင်ဆန်း စုကြည် ပါလို့ မရတာက တကြောင်း ကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။
ဆိုတော့ ကျွန်မတို့ ပြည်သူတွေရဲ့ အကျိုးစီးပွားထက် ပါတီအရေး လူပုဂ္ဂိုလ်အရေးကို ဦးစားပေးခဲ့ပြီး ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို မျက်ကွယ်ပြုပြီးပါပြီ။
ကျွန်မတို့ သင်္ဃန်းကျွန်းအရွေးမှန်သွားပါပြီ။။
အဲဒီလို ၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါပေမဲ့ ၉၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ ရွေးချယ်ပေးထားတဲ့ ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် က သူ့ရဲ့ ရဲဘော်တွေဖြစ်ကြတဲ့ ဦးကျော် တိုင်းဒေသကြီး လွှတ်တော်၊ ဒေါ်စန်းစန်းမြင့် တိုင်းဒေသကြီး လွှတ်တော် ဦးဘုန်းမြင့်အောင် အမျိုးသား လွှတ်တော် က ခမောက် တစ်လုံး ပါတီက နေ ဝင်ပြိုင်ခဲ့လို့ ကျွန်မတို့ သင်္ဃန်းကျွန်းရဲ့ ကံကြမ္မာ ကို ရွေးချယ်ခွင့် ရခဲ့ပါတယ်။
ကျွန်မတို့ ရွေးချယ်ခဲ့တာ မှန်သလားမှားသလားဆိုတာ အားလုံးအသိပါ၊
အခုဆိုရင် ကျွန်မတို့ သင်္ဃန်းကျွန်းမှာ မတရားတဲ့ ကိစ္စ မှန်သမျှကို ကူညီဖြေရှင်းပေးနေတာ၊ပြည်သူ့အသံကို လွှတ်တော်အတွင်းသယ်ဆောင် ပေးနေတာ၊ သင်္ဃန်းကျွန်းဈေးသူဈေးသားတွေကိစ္စ၊င/က ရပ်ကွက် မှာ အဝီစိတွင်း တူးပေးတဲ့ကိစ္စ၊ ငမိုးရိပ်က ရေစီးရေလာ ကောင်းအောင် ရေမြောင်း တွေတူးဖေါ်တဲ့ကိစ္စ၊ မိုးတွင်းမှာ ရေလျှံတတ်တဲ့ လေးဒေါင့်ကန် လမ်းမကြီးနဲ့ သံသုမာလမ်း တွေကို ကွန်ကရစ်လမ်းခင်းပေးရသည့်ကိစ္စ၊ အမှိုက်ပုံတွေရှင်းလင်း ပေးရသည့် ကိစ္စနဲ့ မင်္ဂလာမွန်ဈေး car parking နေရာမှာ ဂမုန်းပွင့် ကုမ်ပဏီက အဆောက်အဦးဆောက် လုပ်မဲ့ကိစ္စ ၊ ဘုရင့်နောင်ဈေး car parking မှာလဲ အဆောက်အဦး ဆောက်လုပ်မဲ့ ကိစ္စတွေကို လဲ ဈေးသူဈေးသားများ ကို ကူညီဆောင် ရွက်ပေးနေတာ ကျွန်မတို့ သင်္ဃန်းကျွန်းသူ/ သားတွေရဲ့ ရွေးချယ်မှုက တက်လာကြတဲ့ ကိုယ် စားလှယ်တော်ကြီးများရဲ့ စွမ်းဆောင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကျေနပ် အားရ မိပြီး ခမောက်စစ်စစ် ဟာ သင်္ဃန်းကျွန်းမှာ ရှိနေတယ်ဆိုတာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ ဂျာနယ် အသီးသီးက ဖေါ်ပြနေပါတယ်။
ပါတီကြီးတစ်ခုရဲ့ နာယက တစ်ဦးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ရှိတဲ့ ခမောက်သုံးလုံး ပါတီကို စော်ကားရာ မရောက် ပေဘူးလား ။
ရွေးကောက်ပွဲကော်မရှင်က စီးမျဉ်းကမ်းတွေနဲ့ အရေးယူလို့ မရဘူးလာား ကျွန်မမေးချင်ပါတယ်၊
ခမောက်က NLD မဟုတ်ဘူးဆိုတာဘယ်လိုသိသလဲ။
၂၀၁၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ခမောက်ကိုယ်စားလှယ် လောင်းတွေ အိမ်တိုင် ရာရောက် လာပြီး မဲဆွယ်တဲ့ လက်ကမ်းကျော်ငြာ တွေလာဝေကြတယ်၊
အဲဒီလိုဘဲ NLD ကလဲ ရွေးကောက်ပွဲနေ့မှာ မဲရုံကို မသွားဘဲ အိမ်အပြင် မထွက်ကြဖို့ဒေါ်အောင်ဆန်းစုကြည်က မှာထားတယ်၊
မဲရုံသွားပြီး မဲမပေးဘဲနေပိုင်ခွင့်ရှိတယ်၊
NLD က၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ် စတဲ့ စတဲ့ လက်ကမ်း ကျော်ငြာတွေကို ဒေါ်အောင်ဆန်းစုကြည် တီရှပ်ဝတ်ထားတဲ့ NLDလူငယ်အဖွဲ့ဝင်တွေ ဝေငှတာကိုလဲ တဝကြီးဖတ်ထားပြီးပါပြီ ။
အဲဒါကြောင့် ဒီိနေ့ ဦးတင်ဦး ပြောတာတွေကို ကျွန်မတို့က ၂၀၁၀ မှာထဲက ခမောက်စစ် စစ်က ဘယ်မှာလဲဆိုတာ သိထားပြီးပါပြီ ။
ဦးတင်ဦး မသိသေးရင် ဂျာနယ်လေးဘာလေးဝယ်ဖတ်ကြည့်ပါ။
မျက်မှန်တော့တပ်ထားနော်၊ ၂၀၁၀ မှာ ခမောက် ပါတီက မှတ်ပုံတင်တော့ NLD က နေပြည်တော်အထိ သွားပြီးကန့် ကွက်ခဲ့သေးတယ်လေ ။
ကော်မရှင်က ဘယ်လို ဆုံးဖြတ်ပေးလိုက်သလဲ ဆိုတာကိုလဲ သတင်း စာလေးဘာလေးဖတ်ကြည့်ပါအုံး မေ့နေတယ်ဆိုရင်လဲ ကျွန်မရဲ့ဒီဆောင်းပါးလေးကို ဖတ်ပြီးရင် နှာဖူးပေါ် ခြေတောက်တင်ပြီး စဉ်းစားကြည့်ပါ၊
လက်တင်ပြီးစဉ်းစားလို့တော့ အဖြေကထွက် လာမှာ မဟုတ်ဘူးနော်။
ပြောင်းသွားတဲ့ ဒေါ်စုလေသံ-
၁၉၉၀ရွေးကောက်ပွဲ မှာတုံးကလဲ ဒေါ်စု အဖမ်းခံထားရပေမဲ့ ၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်။
၂၀၁၀ ရွေးကောက်ပွဲမှာတော့ စေါ်စု ဝင်ခွင့်မရလို့ သပိတ်မှောက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်တဲ့ ဒီမိုကရက်တွေကို သစ္စာဖေါက်တွေ၊ ခမောက်အတု တွေလို့ ပြောပြီး ရွေးကောက်ပွဲမှာ NLD မပါတဲ့အတွက် မဲမပေးဘဲနေကြပါ လို့ ပြောခဲ့တဲ့ ဒေါ်စု ဟာ အခုတော့ “ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးကြပါ မဲပေးရင်လဲ NLD ကိုဘဲပေးရမယ်နော်” ဆိုတဲ့ စကားသံတွေ ကို ဒေါ်စုရောက်တဲ့ မြို့ရွာတိုင်းမှာ ပြောခဲ့တာကို လဲ ဂျာနယ်အသီး သီးမှာဖတ်ခွင့်ရနေပါတယ်၊
အော်!ပြောင်းလဲသွားပြီပေါ့ ဒေါ်စုရယ် ၂၀၁၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ ကဒေါ်စုပြောတာကိုနားထောင်မိခဲ့ရင် သင်္ဃန်းကျွန်းရဲ့ကံကြမ္မာဟာ ခြသေ့င်္ပါးစပ်ထဲ ရောက်သွားခဲ့ပြီ၊
ကံသီပေလို့ ဒေါ်စု စကားနားမထောင်မိတာ။
ကျွန်မအနေနဲ့ NLDကိုပြောချင်တာက ဒီနေ့ ပြည်သူလူထုဟာ ၁၉၉၀ လူထု မဟုတ်တော့ပါ။
NLD ပြောသမျှကိုယုံမယ်မထင်ပါနဲ့၊ ၂၀၁၀ လူထုဟာ ပါးပါးလေးနဲ့ နပ် နေပါပြီ။
NLD က အခုအချိန်ထိ ပါးလဲ မပါး နပ်လဲမနပ် ဘဲ ပြာပုံထဲ တိုးတိုး နေတုံးဘဲ။
ကိုယ်နဲ့မတူသူ မြင်မြင်သမျှကို ရန်သူလို့ စွဲမှတ်နေတုံးပါဘဲလား။
၉၀ ရွေးကောက်ပွဲ ရလဒ် ကလဲ နဝတစစ်အစိုးရကို ပါးပါးနပ်နပ် မကိုင်တွယ်တတ်လို့ ပြည့်ဆန္ဒတွေ ရေစုံမျော ခဲ့ရပြီးပြီ၊ တရားစကားနဲ့ ပြောရရင် ယူတတ်မှ ရမှာပါ ၊
၂၀၁၀ ရဲ့ ဆုံးဖြတ်ချက်အမှားက ပြည်သူကို ပွင့်ပွင့်လင်း လင်းဝန်ခံပြီး ရဲရဲ တင်းတင်းရင်ဆိုင် ဖြေရှင်းသင့်ပါတယ် ။
အခုတော့ မလိမ့်တပတ်နဲ့ ဝါဒတွေဖြန့်ပြ်ီး ဥပဒေတွေ ပြင်ပေးလို့ ပါတီကို အသစ်ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရတာပါတဲ့။
ကျွန်မစုံစမ်းလေ့လာရသလောက်က တော့ ဥပဒေကို မယ်မယ်ရရ ပြင်ထားတာမတွေ့ရပါဘူး။
နောက်ပြီး လွှတ်တော်အတွင်းမှာ မကြိုက်တဲ့ အခြေခံဥပဒေတွေပြင်မယ်တဲ့၊
ကျွန်မတို့ သင်္ဃန်းကျွန်းက ကိုယ်စားလှယ် တော်ကြီးလဲ အဲဒါတွေကို ပြင်ဖို့ကြိုးစားနေတာ မသိတာလား ၊ မသိခြင်ယောင် ဆောင်နေ တာလား ဆိုတာ မေးပါရစေ။
ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးစတဲ့ နိုင်/ကျဉ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆို တင်သွင်းခဲ့တာ၊ စီပင်ဥပဒေတွေ၊တရားရုံးနဲ့ ပါတ်သက်တဲ့ဥပဒေတွေ၊ပြင်ဖို့ အဆိုတင်သွင်းတာတွေ က လဲသင်္ဃန်းကျွန်းက ကိုယ်စားလှယ်တော်ကြီးပါ ၊
ရန်ကုန်မြို့သူမြို့ သားတွေကိုသောကသုံးရေဖူလုံ အောင်ရရှိရေး၊ လျှပ်စစ်မီး အပြည့်အဝရရှိရေး တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတွေတင်သွင်းတာ စတာတွေကို ဆောင်ရွက်နေတာလည်း သင်္ဃန်းကျွန်း ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးကျော်နဲ့ ဒေါ်စန်းစန်း မြင့်တို့ပါ၊
ဒီလူတွေက ဒါတွေ လုပ်ဆောင်နေတာကို မကြိုက်လို့လား၊ သဘောမတူလို့လား ဘယ်လိုလုပ်မှကြိုက် ကြမှာလဲ NLDရဲ့ လမ်းစဉ်အတိုင်း လူတွေကို လမ်းပေါ်ခေါ်ပြီး ထောင်ကျအောင် ဆန္ဒပြခိုင်းမှ နိုင်ငံရေးလုပ်တာ လို့သတ်မှတ်ပြီး ထောက်ခံအားပေးမှာလား၊ မေးစရာတွေက တသီတတန်းကြီးပါ၊
ကျွန်မအဆုံးသတ်ပါတော့မယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းက ခမောက်ကို ရွေးချယ်ခဲ့လို့ ကျွန်မတို့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ၂ နှစ်အတွင်းမှာ စတင်ပြီးခံစားနေရပါပြီ၊
၁၉၉၀ ကနေ ၂၀၁၀ အထိ NLD က ပေးခဲ့တဲ့ အသီးအပွင့်တွေက ဘာတွေလဲ၊
အသက်တွေကြီးမှ ရာဇဝင်တွေထဲကလို “မပေး ပေး ပေး ငါ့ခမောက်ပြန်ပေး” လို့လူကြားထဲ အရူးတစ်ယောက်လို လိုက်လိုက် အော်ပြီး သွက်သွက်ခါသွားတဲ့ ရွဲကုန်သည်အဖြစ်မျိုး ၂၁ ရာစုမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
< ဒီမိုနီနီ>
No comments:
Post a Comment