Friday, September 14, 2012
မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်
Friday, September 14, 2012
ABSDF(မြောက်ပိုင်း)
ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍
သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့်
လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း
မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF
အဖွဲ့ဝင်ဟောင်းဦးညီညီကျော်က ပြောကြားသည်။
ABSDF အဖွဲ့တွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသော
ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန်တို့သည် တရားစွဲဆိုခြင်းကို
ရင်ဆိုင်မှသာလျှင် ဖုံးကွယ်ခြင်းခံရသော အဖြစ်မှန် ပေါ်ထွက်
လာမည်ဖြစ်ကြောင်းနှ င့် မြောက်ပိုင်းပြဿနာနှင့် ပက်သက်၍
အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အပြင် ပြန့်ကျဲ နေသော
ရဲဘော်များနှင့်မိသားစုဝင်များ ပြန်လည်စုစည်းနိုင်ရန်အတွက်
အထူးခုံရုံးတစ်ရပ်လည်း ဖွဲ့စည်းထားကြောင်း သိရသည်။
No comments:
Post a Comment