Friday, September 14, 2012

ဖြတ်- ညှပ်-သတ် ထဲရောက်သွားသော ၈၈၈၈ ပြည်ပရောက်တော်လှန်ရေးသမားများ (သို့ မဟုတ်) ၈၈၈၈ ပြည်ပကကောင်တွေ



Aung Khaing Myint 3:38am Sep 14
ဖြတ်- ညှပ်-သတ် ထဲရောက်သွားသော ၈၈၈၈ ပြည်ပရောက်တော်လှန်ရေးသမားများ (သို့ မဟုတ်)
၈၈၈၈ ပြည်ပကကောင်တွေ

ဖြတ် ညှပ် သတ် ဆိုတော့ ဘာလဲလို့ သာမန်လူတွေ သို့ လော သို့ လော ဖြစ်သွားနိုင်တယ်။ ဒါက စစ်သားတွေသိတဲ့ အသုံးအနှုန်း။ လက်နက်ကိုင်ခဲ့တဲ့ ကျောင်းသားတပ်မတော်လူတွေ ကောင်းကောင်း သိတယ်။ အထူ

းသဖြင့် ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၁) တို့ (၁၀၂) က စစ်သင်တန်းတက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေတော့ အသေအချာသိတယ်။ ကျုပ်က အခုတလော သိပ်ဟော့ဖြစ်နေတဲ့ ၈၈၈၈ ပြည်တော်ပြန်ခေါင်းဆောင်များကိ
စ္စကို ၀င်မပါဘဲ စောင့်ကြည်နေတာ။ မအောင့်နိုင်တော့တာနဲ့ ကျနော် တွေးနေမိခဲ့တာရယ်။ ဖြစ်သွားတာတွေကို စစ်သားတယောက်ရဲ့ အမြင်နဲ့ ရေးလိုက်တာပါ။
စစ်ဗိုလ်ကြီးများက ခေတ်သစ်ငြိမ်းချမ်းရေးစတိုင်နဲ့ စစ်အစိုးရကို တော်လှန်ဆန့် ကျင်လာခဲ့တဲ့ လူမျိုးစုံတော်လှန်ရေးအဖွဲအစည်း
တွေ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ ရုံးတွေတခါးခေါက်ပြီးကို ငြိမ်းချမ်းရေးတွေ တည်ဆောက်နေကြတာ အားရစရာကြီး။ သမ္မတကလဲ ပြည်ပရောက်နေတဲ့ တတ်သိ ပညာရှင်တွေ ပြည်သူတွေ အချိန်မရွေးပြန်လာပြီး တိုင်းပြည်အကျိုးပြုဖို့ ဖိတ်ခေါ်နေတယ်။ သူတို့ ကို ဆန့် ကျင်ခဲ့တဲ့သူတွေကို နံမည်ပျက်စာရင်းက အလောတကြီး ပယ်ဖျက်နေတယ်။ ဒါပေမဲ့ ငြိမ်းချမ်း ရေးတည်ဆောက်ဖို့ ကုန်ကျစရိတ်ကြတော့ နော်ဝေးနိုင်ငံက ပံ့ပိုးတဲ့ငွေတွေဆိုတော့ အစိုးရသစ်ရဲ့ စေတနာကလဲ သံသယဖြစ်စရာ ရှိနေပြန်ပါရော။

ခေတ်သစ်(အစိုးရ)ကိုယ်တော်မှို
င်းငြိမ်းချမ်းရေးအဖွဲ့ကြီးကအဲလိုအပူတပြင်းဆောင်ရွက်နေချိန်မှာ ပြည်ပကဗဟုအဖွဲ့ ဝင်တွေကလဲ နိုင်ငံတော်အဆင့်အဖွဲတွေရဲ့ အဖွဲ့ ဝင်တွေဖြစ်နေ။ ၈၈၈၈ အခန်းအနားကျင်းဖို့  ပြည်ထောင်စုဝန်ကြီးတွေက ငွေတွေဘာတွေ ထောက်ပံဆိုတော့ ရွှေပြည်သာ တော့မယ်ပေါ့။ ဒါပေမဲ့ဗျာ ကချင်ဘက်မှာစစ်ပွဲတွေ ဆက်ဖြစ်နေတာ။ ရှမ်းမှာလဲပြန်တိုက်နေတော့ ဟုတ်ပါ့မလားဆိုပြီး ကျုပ်က စစ်သားဆိုတော့ သံသယ၀င်နေမိတယ်။

ရွှေပြည်သာနေတယ်လို့ အတော်များများက အပေါင်းလက္ခဏာ ဘက်က မြင်နေကြတဲ့အချိန်မှာကျုပ်တို့ ၈၈၈၈ ပြည်ပရောက်လက်နက်ကို င်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့သူတချို့  မြန်မာပြည်ကို သွားမယ်ဆိုတဲ့သတင်းက ထွက်လာပါရောဗျာ။ အဲဒီရက်ပိုင်းတွေမှာ အံသြနေမိသလို စိတ်လဲလှုပ်ရှား နေတယ်။ ပြန်မဲ့ပြန်တော့လဲ အမိမြန်မာပြည်ငြိမ်းချမ်းရေးမစ်
ရှင်ဆိုပြီးအမေရိကလာမယ်။ မဲဆောက်က လဲ ခေါင်းဆောင်တချို့ ကလဲကုလသမဂ္ဂနဲ့ မြန်မာလူ့ အခွင့်အရေး ကော်မရှင်တို့  အစည်းအဝေးကို တက်ဖို့  သွားမယ်တဲ့ ။
ပြည်တော်ပြန်မဲ့သူတွေထဲမှာ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဟောင်းကြီးဘဲ ၃ ယောက်။ ၂ ယောက်က တောင်ပိုင်းမြောက်ပိုင်းလူသတ်မှ
ုတွေနဲ့  အငြင်းပွားစရာဖြစ်နေသူတွေ။ သွားမှာကတဖွဲ့ စီ။ ကိုထွန်းအောင်ကျော်ကတော့ တောထဲမှာ ဓာရနပရိတ်ရွတ်ဖို့ အချိန်တော်တော်ပေးရတဲ့သူဆိုတော့ လူသတ်မှုစွပ်စွဲချက်တွေနဲ့ တော့ အလှမ်းဝေးပေမဲ့ သူလဲ သူ့ မနကျောမှာတော့ ဒဏ်ရာနဲ့ ပါဘဲ။

လွတ်လပ်တဲ့မီဒီယာဖေ့ဘွတ်တွေ။ ဘလော့စာမျက်နှာတွေမှာတောင်ပိုင်
းမြောက်ပိုင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ။ ကိုယ်ကျိုးရှာလူတချို့ ရဲ့ ရံပုံငွေအလွဲသုံးစားမှုတွေကို ရေးကြဖေါ်ကြ ဖွကြတာ တွေကလဲ ပြည်တွင်းက မျိုးဆက်သစ်တွေရင်ထဲမှာ ၈၈၈၈ ပြည်ပရောက်သူတွေရဲ့  မကောင်းတဲ့ ပုံရိပ်တွေပဲ ကောင်းကောင်း လွမ်းမိုးနေခဲ့တာ လုံလောက်တဲ့ကာလတခု ရှိနေခဲ့ပါပြီ။ ပြည်တွင်း ပြည်သူ နဲ့ လူငယ်အများစုက သမိုင်းတွေ ကို သေချာသိခွင့် မရနိုင်ခဲ့ကြပါဘူး။
၈၈၈၈ပြည်တွင်းကျောင်းသားခေါင်းေ
ဆာင်တွေကတော့ လူထုရဲ့လေးစားအားကိုးမှုတွေ အပြည့်အ၀ရ နေတာကထင်ထင်ရှားရှား။ အဲဒါကို ၀မ်းမြောက်ကြည်နူးနေကြတာ ၈၈၈၈ ပြည်ပကကောင်တွေ အကုန်လုံးဘဲ (သူတို့ အောင်မြင်မှုတွေက ငါတို့ မျိုးဆက်ရဲ့ အောင်မြင်မှုပဲလို့ ခံစားကြ)။ ဒါပေမဲ့ ပြည်တွင်းက လူတွေက ကိုယ်တို့ ကို နှိုင်းယဉ်ကြည့်နေကြတာကို မတွေးမိကြ။

ပြည်ပရောက်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်နိုင်ဖို့ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် တရားဝင်ကြေညာဖို့ ပြည်တွင်းပြည်ပက လူတွေ။ အဖွဲ့ အစည်းတွေက တောင်းဆိုတိုက်တွန်းပေမဲ့  ရွေးကောက် တင်မြောက်ခံဆိုတဲ့ အစိုးရက ခပ်မဆိတ်လေးနေပြီး အိမ်တံခါးခေါက် ငြိမ်းချမ်းရေးဘဲ လုပ်ပါတယ်။ တယောက်ချင်းဘဲ ခေါ်ထုတ်သွားတော့တယ်လေ။ အဖွဲ့ အစည်းလိုက်တောင် မဆက်ဆံ ဘူးဗျာ။

ဒီအခင်းအကျင်းက ဘာတွေဖြစ်လာမှာလဲ။ ဘယ်သူတွေက ဘာလိုချင်တာလဲ။ ဘယ်သူက ဘာရမှလဲ ဆိုတာတွေးရင်းနဲ့ ဒီရက်တွေမှာ သတင်းတွေကို အကုန်လိုက်ဖတ်။ လေ့လာနေမိတယ်။ မူးသာဘန်ကောက် ရောက်ပြီး ဖုံးဆက်တော့ ကချင်နဲ့  ငြိမ်းချမ်းရေးအတွက် သူသွားကူလုပ်ချင်လို့  တဲ့။ သူက ကချင်ပြည်နယ်သားမဟုတ်လား။ အဲဒီမှာစပြီး တခုကို မြင်လိုက်တယ်။ ကချင်နဲ့ စစ်ဖြစ် နေတာ ဗိုလ်ချုပ်ဂွမ်မော်က စစ်တိုက်ချင်လို့ ဖြစ်နေတာမှမဟုတ်တာ။ ခေတ်သစ် (အစိုးရ) ကိုယ်တော် မှိုင်းငြိမ်းချမ်းရေးအဖွဲ့ ကြီးကလည်း ကချင်တပ်ထဲထိ သွားတွေ့ ဆုံလို့ ရတယ်။ စကားတွေ လက်ဆုံ ကြနေတာဖြင့် ငယ်ဖေါင်းကြီးဖေါ်တွေ ကြနေတာဘဲ။ ဘာလို့ အမေရိကန်မှာနေတဲ့လူတွေ ပါဖို့ လို သေးတာလဲ။
ပြည်တွင်းမှာအလုပ်သမား။ လယ်သမားလှုပ်ရှားမှုတွေကလည်း တဆင့်ပြီးတဆင့်အားကောင်း လာနေ။ ပြည်တွင်း ၈၈၈၈ ခေါင်းဆောင်တွေ ကြားဝင်ပေးလို့ ပွဲကကြည့်ကောင်းနေပြီ။ ဒေါ်စုနဲ့ အမတ်တွေကလဲ လွှတ်တော်ထဲ့က လုပ်သင့်သလောက်လုပ်နေတယ်။ အထဲမှာဇာတ်ရှိန်က တော်တော်လေး တက်နေပြီ။

ဒါဆိုရင် ဘာလို့ အမေရိကန်က ပြည်တော်ပြန်တွေ ချက်ခြင်း လာစေချင်တာလဲ။ မဲဆောက်ကလူတွေ ဘာလို့ တပြိုင်ထည်းလိုလို ရန်ကုန်ရောက်ဖို့ ဖိတ်ရတာလဲ။ ပြည်တော်ပြန် ခေါင်းဆောင်များကို အသုံးချပြီး ပြည်တွင်းအင်အားစုကို ထိုးနှက်လေမလား။ သူတို့ နိုင်ငံရေး အမြတ်ထုတ်ဖို့ လုပ်နေ တာလားဆိုတာကိုတော့  ထူးပြီး တွေးစရာတောင်မလိုဘူုးလေ။ ဒါဆို ဘာရှိသေးလဲ့ စဉ်းစားလို့ မရဘူး။


နောက်ကျုပ်တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။ ရန်ကုန်ရောက်ရင် လေဆိပ်မှာ ကိုနိုင်အောင်က သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ကြေငြာပြီး သွားတယ်။ (နိုင်ငံတကာက လူတွေက ရန်ကုန်ကပြန်ထွက်မှ သတင်းစာရှင်းလင်းပွဲ လုပ်လေ့ရှိတယ်)။ အမေရိကန်ရောက်များက အမိမြန်မာပြည်ငြိမ်းချမ်းရေးအဖွ
ဲ့  ဆိုပြီးဖွဲ့ သွားတယ်။ လေဆိပ်မှာ ကြိုကတည်းက ယဉ်သကိုး။ ပြည်တွင်း ၈၈၈၈ ကျောင်းသားနဲ့  အင်နယ်ဒီပါတီက ဘယ်သူမှ မလာဘူး။ သျှမ်းခေါင်းဆောင်တွေ အနှစ်၁၀၀ ထောင်ကျရတဲ့ အမှုက တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအေးလွင်ရဲ့ပါတီက လူတွေဘဲ လာကြိုတယ်။ တဖြည်းဖြည်းနဲ့  အရှိန် တက်လာပြီနော်။

အမေရိကန်က အမိမြန်မာပြည်ငြိမ်းချမ်းရေးအဖွ
ဲ့ သတင်းစာရှင်းလင်းပွဲလဲလုပ်ရော ကျုပ်အားလုံး ရှင်းလင်းသွားပါတော့တယ်။ အမိမြန်မာပြည်ငြိမ်းချမ်းရေးအဖွဲ့ အပါအ၀င် ၈၈၈၈ ပြည်ပရောက် အား လုံးဟာ သတ်ကွင်းထဲမှာ ချေမှုန်းခံလိုက်ရပြီလေ။ သူတို့  ( အစိုးရဘက်က) အဆင့်ဆင့် ပြင်တား တဲ့ဖြတ်တောက်ခြင်းများရဲ့ အောက်မှာ လှုပ်ရှားလူးလွန့် လို့ မရအာင် ညှပ်ထားပြီးတော့မှ သတ်ကွင်း ထဲမှာ ချေမှုန်းတာကို ယဉ်ယဉ်လေး ခံလိုက်ရတော့တာပါ။ အဲဒီမှာ ပွဲဆူတော့တာဘဲ။ အွန်လိုင်းပေါ်မှာ မွေးထားသူများရဲ့ ချေမှုန်းရေးတွေကိုလဲ အတော်ရင်ဆိုင်လိုက်ရပါတယ်။

သတင်းထောက်တွေကို အပြစ်မတင်ပါနဲ့ ။ သတင်းထောက်တွေက သူ့ အလုပ် သူလုပ်တာပါ။ ဒီမိုကရေစီစနစ်မှာ သတင်းထောက်တွေကို လွတ်လပ်စွာ မေးခွင့် ရေးခွင့်ပေးထားတယ်။ ကျုပ်တို့ က သတ်ကွင်းထဲ့ကို ရင်ကော့ပြီး ၀င်မိတာ။ ရန်သူက ပြင်ဆင်ထားတာကို သတိမမူဘဲ အလောတကြီး ပြည်တော်ပြန် မျက်နှာပန်းလှပြီလို့ ယူဆမိတဲ့။ ငါတို့ က တိုင်းပြည်အတွက် အသက်တွေ။ ဘ၀တွေပေးပြီး တာဝန် ကျေခဲ့တာလို့  ကိုယ့်ကို ကိုယ်ယုံကြည်နေတဲ့ ၈၈၈၈ ပြည်ပရောက်များကို ပြည်တွင်းက ၈၈၈၈ အပါအ၀င် ပြည်သူနဲ့ ဖြတ်လို့ ရသွားပြီ။ (အရင်တုန်းကတော့

ပြည်ပနဲ့ ဆက်ဆံရင် သူပုန်အားပေးဆိုပြီးဖြတ်တယ်။) အဲဒါပြီးရင် ဘာလာမှာလဲ။ ပြည်တွင်း ၈၈၈၈ ကိုလဲ ဖြတ်-ညှပ်-သတ် တွေလာဦးမှာပါ။ မကြာခင်လာပါမည်။ ဘော်ငွေရောင်ပိတ်ကားးပေါ် ရှုမျော်ပါ။

မြင့်ဝေ။ စစ်ပညာနည်းပြ။ တပ်ရင်း ၁၀၁ ဘုရားသုံးဆူနယ်မြေ ၁၉၈၉

No comments: