နှင်းဆီတမ်းချင်း (ကဗျာ)
နှင်းဆီတပွင့်
ကြွေသွားတယ်၊
ပန်းခင်းထဲမှာတော့
နှင်းဆီဖူးငုံတွေ
ကျန်နေဆဲ။
နှင်းဆီတခင်း
ပျက်သွားတယ်၊
နှင်းဆီခင်းတွေက
နေရာအနှံ့
ရှိနေဆဲ။
ကဲ-
မိတ်ဆွေတို့ရေ၊
နှင်းဆီမျိုးတုန်းပြီလို့
ဘယ်သူပြောရဲသလဲ။
ခင်မမမျိုး
(၂၄၊
၉၊ ၂၀၁၂)
(ကြွေလွင့်ခဲ့သော
နှင်းဆီနီတပွင့်သို့)
No comments:
Post a Comment