Friday, September 21, 2012

ယနေ့ ဆန္ဒပြသူများအား အရေးယူမည်


Saturday, September 22, 2012

ယနေ့ ဆန္ဒပြသူများအား အရေးယူမည်

ယနေ့ ဆန္ဒပြသူများအား အရေးယူမည် တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI) ယနေ့ဆန္ဒပြသူများမှာ ခွင့်ပြုချက်မရရှိပဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဖြတ်သန်းရာ မြို့နယ် ၁၀ မြို့နယ်က အရေးယူမှုကို ပြုလုပ်မည်ဟု လည်း ၎င်းက ပြောသည်။ အရေးယူရာတွင် ယင်းမြို့နယ်များတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူများအား အရေးယူသွားမည်ဟုလည်း ၎င်းကရှင်းလင်း  ပြောဆိုသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း ၂၀ က ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများသည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆူးလေ စေတီအနီးမှ စတင်ကာ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် အစရှိသည့်မြို့နယ်များကို ဖြတ်သန်း၍ အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်စိုက်ထူခဲ့သည်။
Punk ၀တ်စားဆင်ယင်သူများကလည်း ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည်။
 
 http://sankyawmyanmar.blogspot.ca/2012/09/blog-post_656.html

No comments: