ခုခေတ် ခုချိန်အထိ ကွက်တိဖြစ်နေတဲ့ ဆရာ့ကဗျာလေးပါ..
ဖတ်ကြည့်ပါ။ ပြီးရင် ဆန်းစစ်ကြည့်ပါ.။ အားမရရင် မှန်ကြည့်ပါ..မောင်ရင်
ဘယ်ကရဲဘော်လဲ
သူ့မယုံရ ကိုယ့်မယုံရ
သံသယတွေပိုကဲ
ဟိုတစ သည်တစပြိုကွဲ
ဘယ်ကရဲဘော်ဖြစ်မှာလဲ။
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည်သူ့အတွက်တဲ့
အရှက်ကနည်း၊ သွေးကခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ဘယ်ကရဲဘော်လဲ..........
တင်မိုး
၁၆.၃.၂၀၀၀
(ကြာသာပတေး ညနေခင်း)
ဆရာ့ကဗျာတွေကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေဖြန်ချိလိုက်တဲ့ ခွပ်ဒေါင်းအလံတော်ခေါ်ရာသို့ လွတ်မြောက်ရေးကဗျာများ စာအုပ်ထဲကဖြစ်ပါတယ်..
သူ့မယုံရ ကိုယ့်မယုံရ
သံသယတွေပိုကဲ
ဟိုတစ သည်တစပြိုကွဲ
ဘယ်ကရဲဘော်ဖြစ်မှာလဲ။
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည်သူ့အတွက်တဲ့
အရှက်ကနည်း၊ သွေးကခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ဘယ်ကရဲဘော်လဲ..........
တင်မိုး
၁၆.၃.၂၀၀၀
(ကြာသာပတေး ညနေခင်း)
ဆရာ့ကဗျာတွေကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေဖြန်ချိလိုက်တဲ့ ခွပ်ဒေါင်းအလံတော်ခေါ်ရာသို့
No comments:
Post a Comment