အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ၊ကော့မှူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်မှုများနှင့် အညီ ပညာရေးကွန်ရက် ၊ ကျန်းမာရေးကွနရက်တို့ဖြင့်ဖွဲ့စည်းထားသော ဒဂုံတောင်ပိုင်းမြို့နယ်၊ NLD-BG အရေးပေါ်အသက်ကယ် သွေးအကူအညီပေးရေးနှင့်၊ အသိပညာ၊အတတ်ပညာသင်ကြားပေးရေး၊ အသက်မွေးဝမ်းကြောင်းပညာ၊ အမှိုက်ကောက်လေလွင့်၊ကလေးငယ်များကို
နေ့စဉ်ပညာများသင်ကြား ပေးနေသော NLD-BG ပညာဒါနကျောင်းမှ တာဝန်ခံ ကိုညီညီ
ဦးစီး၍ ဒဂုံတောင် NLD မှ အဖွဲ့ဝင် ကော်မတီများ၊လူငယ်များ၊ပြည်သူများမှ ဆန်အိတ်ပေါင်း (၁၀၀)ကျော် ၊ အ၀တ်အထည်များ ၊စားကုန်၊ သောက်ကုန်များ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံးပစ္စည်းများကို
လက်ရှိ ရေဘေးသင့် ဒုက္ခရောက်နေသော ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊
ပဲခူးတိုင်း က၀မြို့နယ်နှင့် အနီးတ၀ိုက်ရှိ ရေနစ်မြုပ်နေသော ရွာများသို့
သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။
(သတင်း/ဓါတ်ပုံ - လင်းဆက်)။
No comments:
Post a Comment