Thursday, September 13, 2012

ဘာသာကြီးလေးခု အပါအဝင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ



ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ၊ ဘာသာကြီးလေးခု အပါအဝင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တရပ်ကို ဒီကနေ့ မနက်ပိုင်း က ရန်ကုန် ဗဟန်းမြို့နယ်မှာ ရှိတဲ့ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအသင်းက ဦးစီး ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဘာသာ အယူဝါဒ အမျိုးမျိုး ကိုးကွယ်ကြတဲ့ ပြည်သူတွေ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့ အဓိက ရည်ရွယ်ပြ
ီး ကျင်းပတာလို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နဲ့ အပြည်ပြည်ဆိုင်ရာ အစ္စလာမ် နိုင်ငံများ အဖွဲ့ချုပ် OIC တို့ကလည်း ဒီကနေ့ အခမ်းအနားကို သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို သာသနာရေး ဝန်ကြီး သူရဦးမြင့်မောင်၊ အပြည်ပြည် ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ ဘာသာရေး
ခေါင်းဆောင်တွေ၊ နိုင်ငံတကာ သံရုံး တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပြည်တွင်း ဘာသာအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

No comments: