
ငြိမ်းချမ်းရေး ပျက်လုံး ။
--------------------------
အမိုး ကောင်းကင်
ကြမ်း မြေပြင်နှင့်
--------------------------
အမိုး ကောင်းကင်
ကြမ်း မြေပြင်နှင့်
အရိပ်ခို အပင်တုံးတော့
ဆယ်နွေပူလည်း
ရင်ဆိုင်မြဲပဲ
လောကဓံရေ….။
နေပူကိုလည်း
သားမကြောက်ပါ။
မိုးသည်းသည်းလည်း
သားမကြောက်ပါ။
ဆောင်းခိုက်အေးလည်း
သားမကြောက်ပါ။
တူတူပြေးတဲ့
မိသားစုတွေ
သေကွဲ ကွဲမလား
ရှင်ကွဲ ကွဲမလား
ကြောက်နေရတဲ့
စိုးထိပ်ဗျာပါဒ နေ့တွေကိုတော့
သားတို့ မလိုချင်တော့ပါ။
နွမ်းလျလာတဲ့ အခါတိုင်း
သားတို့ အချင်းချင်း
မျက်နှာချင်းဆိုင်
ထိုင်၍ အကြည့်
မျက်ရည် ချင်း ငြိ
မချိ ရက်တွေ
များနေခဲ့ပြီဗျာ.... ။
အသံတွေကြားတိုင်း
ခေါင်းထောင်မိတယ်
သတင်း ဝေးဝေး
စာ ဝေးဝေးနဲ့
သဲ့သဲ့ သံကြား
ငြိမ်းချမ်းရေးတဲ့ လား....
ဟားဟားနဲ့ အဖေက ရီ(ရယ်) တော့
သားတို့လည်း လိုက်ရီ(ရယ်)တာပဲ...။
ခံစားနေရတဲ့ ဘဝ
ညတွေ နေ့တွေ
မလှတဲ့ဘဝကို
ပျားရည်ဝမ်းချသလို
မစာနာ ဘယ်အငြိုး
အမျိုးမျိုးနဲ့
အာဃာတ မကြေ
သူတို့တစ်တွေ
စစ်ခင်းနေလိုက်ကြတာ
ငါ့တို့ အတွက်တဲ့
ငါတို့ အတွက်တဲ့
-----------------
-----------------
ဟား.... ဟား...
ငါ...တို့...အတွက်...တဲ့
ပြေးရင်းလွှားရင်း
အမောပြေလေး
ရီ(ရယ်)လိုက်ကြရုံပေါ့…။
ကိုဝိုင်ဝိုင်ကေ
၂၄-၈-၁၂
နံနက်(၁း၃၅)
ဓါတ်ပုံကို Political Defiance Network မှ ခွင့်ပြု ရယူပါသည်။ ထို့အတွက် ကျေးဇူးတင်ရှိပါသည် ။
ဆယ်နွေပူလည်း
ရင်ဆိုင်မြဲပဲ
လောကဓံရေ….။
နေပူကိုလည်း
သားမကြောက်ပါ။
မိုးသည်းသည်းလည်း
သားမကြောက်ပါ။
ဆောင်းခိုက်အေးလည်း
သားမကြောက်ပါ။
တူတူပြေးတဲ့
မိသားစုတွေ
သေကွဲ ကွဲမလား
ရှင်ကွဲ ကွဲမလား
ကြောက်နေရတဲ့
စိုးထိပ်ဗျာပါဒ နေ့တွေကိုတော့
သားတို့ မလိုချင်တော့ပါ။
နွမ်းလျလာတဲ့ အခါတိုင်း
သားတို့ အချင်းချင်း
မျက်နှာချင်းဆိုင်
ထိုင်၍ အကြည့်
မျက်ရည် ချင်း ငြိ
မချိ ရက်တွေ
များနေခဲ့ပြီဗျာ.... ။
အသံတွေကြားတိုင်း
ခေါင်းထောင်မိတယ်
သတင်း ဝေးဝေး
စာ ဝေးဝေးနဲ့
သဲ့သဲ့ သံကြား
ငြိမ်းချမ်းရေးတဲ့ လား....
ဟားဟားနဲ့ အဖေက ရီ(ရယ်) တော့
သားတို့လည်း လိုက်ရီ(ရယ်)တာပဲ...။
ခံစားနေရတဲ့ ဘဝ
ညတွေ နေ့တွေ
မလှတဲ့ဘဝကို
ပျားရည်ဝမ်းချသလို
မစာနာ ဘယ်အငြိုး
အမျိုးမျိုးနဲ့
အာဃာတ မကြေ
သူတို့တစ်တွေ
စစ်ခင်းနေလိုက်ကြတာ
ငါ့တို့ အတွက်တဲ့
ငါတို့ အတွက်တဲ့
-----------------
-----------------
ဟား.... ဟား...
ငါ...တို့...အတွက်...တဲ့
ပြေးရင်းလွှားရင်း
အမောပြေလေး
ရီ(ရယ်)လိုက်ကြရုံပေါ့…။
ကိုဝိုင်ဝိုင်ကေ
၂၄-၈-၁၂
နံနက်(၁း၃၅)
ဓါတ်ပုံကို Political Defiance Network မှ ခွင့်ပြု ရယူပါသည်။ ထို့အတွက် ကျေးဇူးတင်ရှိပါသည် ။
No comments:
Post a Comment