Saturday, November 26, 2011

အာဏာရှင်စူးငုတ်တူးထုတ်ရမည်////ပိုက်ကွန်


                  အာဏာရှင်စူးငုတ်တူးထုတ်ရမည်
                     မြက်ကိုနှုတ်ရာ အမြစ်မပါ
                                      မိုးကျလာလျှင် သက်ပြန်ရှင်။

                                      သွားဆိုးသွားပုပ် နှုတ်မထုတ်
                                      လှုပ်မိလေတိုင်း မျက်ရည်ဝိုင်း။

                                      ခွေးရဲ့ အံ့ဖွယ် ပါးစပ်ဝယ်
                                      ဆင်စွယ်ပိုင်ပိုင် မထွက်နိုင်။

                                      ထို့နည်းတူစွာ အာဏာရှင်မှာ
ဆန့်ကျင်ဝါဒ အယူဆ
တူကြပါလျှင် လက်တွဲချင်
မတူရင်အဟုတ် ဖမ်းကာချူပ်
အာဏာရှင်အထုပ်နဲ့ ဒီမိုကရေစီလုပ်
အယုတ်သမာကောင် လူမွေးမပြောင်
ယောင်လို့ကြိုက်သွား အလိုက်မမှားနဲ့
ကိုက်စားမယ့်ဘီလူးပါးစပ်
အခုထိ မမှတ်သေးရင်
ကပ်ဆေးတဲ့အခါ တပြုံကြိးပါသွားမှာ။

အမှောင်နဲ့အလင်း စစ်ပြိုင်ခင်းရာ
အလင်းသည်သာ အောင်ပွဲခံရမှာ။

ယခုအခါ ကိုယ်တို့မြန်ပြည်ကြီးမှာ
မီးမလာ ရေရှား ဒုက္ခတွေကြား
စွန့်စား လုပ်စားနေရတာမို့
ထောင်ကျနေသည့်အလား ထူးမခြားနား
လင်းအားထိန်ထိန်နဲ့ထမင်းမြိန်မြိန်စားလိုသူတိုင်း
ကျောမခိုင်းနဲ့ အရိုင်းစူးငုတ်တွေကို
တအားတူးထုတ်ကြပါစို့။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ၁၁-၂၆-၁၁


ပိုက်ကွန်
 တရုတ်စစ်ပါဂူတဦးဖြစ်တဲ့ဆွန်ဇူးရဲ့  စစ်ရေးအတက်ပညာထဲမှာ တံငါသည်ဟာပိုက်ကွန်ကို ကျင်လည်စွာ ပစ်ကာ ငါးဖမ်းသလို၊တပ်မှူးကောင်းတဦးဟာလည်း သူ့ ရဲ့ တပ်ကို ကျင်လည်စွာ ရွေ့ ပြောင်းကာ စစ်ကစားနိုင်ရမယ်လို့  ရေးသားဖော်ပြထားတယ်။
 လက်တွေ့ လူ့ လောကထဲမှာလည်း ပိုက်ကွန်ပစ်ကျွမ်းကျင်သူတွေ၊ အကွက်ရွေ့ ပြောင်းတက်သူတွေပဲ နိုင်ငံရေး၊ စီးပွားရေး၊လူမှု့ ရေးနယ်ပယ်တွေမှာခေါင်းတလုံးပိုမြင့်နေတယ်။ကွန်ပစ်ချက်တွေအောက်၊ ရွေ့ ပြောင်းကွက်တွေ အောက်မှာ အပြစ်မဲ့လူသားတွေ၊ လွတ်လပ်စွာကူးခတ်မယ့်ငါးကလေးတွေ၊ လွတ်လပ်စွာပျံသန်းမယ့်ငှက်ကလေး
တွေကို အထိအခိုက်မခံစေချင်ဘူး။
 အချိန်တန်အိပ်တန်းပြန်ဝင်လေ့ရှိတဲ့ငှက်တွေကိုသစ်ပင်တွေအထက်ကနေငှက်ခတ်သမားတွေကပိုက်ကွန်တွေနဲ့   ဖမ်းတာကိုမြင်ဘူးခဲ့တယ်။ ရန်ကုန်ရှိဆူးလေဘုရားမှာ၊ ရွှေတိဂုံဘုရားတို့ လိုနေရာတွေမှာ စာကလေးတွေကို ခြင်း တောင်းလေးတွေနဲ့ ထည့်ကာ လွှတ်ပေးမယ့်သူကို စာကလေးတကောင်ချင်း ကျပ်ငွေရာဂဏန်းနဲ့  ရောင်းချကြ တယ်။မွေးနေ့ရှင်တွေ၊ယတြာချေလိုသူတွေ၊ကုသိုလ်ပြုလိုသူတွေဟာစာကလေးတွေကိုဝယ်ပြီးလွှတ်ပေးကြတယ်။ရောင်းသူရော၊၀ယ်ပြီးလွှတ်ပေးသူရော(လူ့ အချို့ ) ကလွှတ်လိုက်တဲ့ စာကလေးတွေပြန်မိအုံးမှာသိရှိကြတယ်။
 စာရေးဆရာတဦးကတော့ သူ့ လွှတ်မယ့်စာကလေးဟာ မျက်လုံးမှာ ဒဏ်ရာရထားကာ ကောင်းကောင်း မပျံနိုင် လို့  အိမ်ယူသွားပြီးမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆူးလေဘုရားရင်ပြင်ပေါ်မှာ ဘုရားဝတ်ပြုခိုက်လေးမှာပဲဘေးမှာ ချထားတဲ့ မပျံနိုင်တဲ့စာကလေးကို ကြောင်ကကိုက်ချီပြေးပါရော။ ဟာကွာ-သွားပါပြီကွာ ဆိုတဲ့ စာရေးဆရာရဲ့  အသံဟာ ဘုရားလုံခြုံရေးအစောင့်တွေကိုပါလှုပ်ရှားစေခဲ့တယ်။ သူရဲ့  အသည်းနှလုံးကကြီးတော့ ငှက်ကလေး တကောင်ရဲ့ အဖြစ်ကို ပိုခံစားရတယ်။ ကွန်ပစ်ချက်တွေကင်းစင်တဲ့ ကောင်းကင်အောက်မှာ ငှက်ကလေးတွေ လွတ်လပ်စွာပျံသန်းတာကိုပဲ မြင့်တွေ့ လိုတယ်။  
ဧရာ
၂၀၊၁၁၊၂၀၁၁
မှီငြမ်း
လွင့်မျောဝပ်ကျင်း/ ကျော်ခန့် လူ၊ စာမျက်နှာ ၁၉၄-၂၀၀၊ ကလျာမဂ္ဂဇင်း၊ မေလ၊ ၂၀၁၀၊ ရန်ကုန်မြို့ 


No comments: