Thursday, November 17, 2011

အန်အယ်ဒီရုံးရှေ့မှ ပါတီဝင်များနှင့် စကားစမြည်။


by Yangon PressInternational on Friday, November 18, 2011 at 2:41pm
ရွှေဂုံတိုင် အန်အယ်ဒီ ရုံးရှေ့နေ့လည် ၁၂နာရီ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၁

အန်အယ်ဒီရုံးချုပ်ခန်းမထဲတွင် ဗဟိုဦးစီးအဖွဲ့ဝင်များ စည်းဝေး နေကြစဉ် ပါတီရုံးရှေ့တ၀ိုက် ရှိ ပါတီဝင်များ ပါတီမှတ်ပုံ ပြန်တင်မည့် အလားအလာများနှင့်  ရွေးကောက်ပွဲ ၀င်မည့် အလားအလာများ အပေါ် မှန်းဆတွေးပြီးဆွေးနွေးလျက်ရှိကြသည်။


ယနေ့ နံနက် ၁၀ နာရီမှ စတင်ကျင်းပသည့် အစည်းအဝေးတွင် ပြည်နယ်နှင့်တိုင်းမှ လာရောက်ကြသည့် ဗဟိုဦးစီး အဖွဲ့ဝင် ကိုယ်စားလှယ် အများစုက ပါတီ မှတ်ပုံပြန်တင်သင့်ကြောင်း ထောက်ခံဆွေးနွေးနေကြသည့်အတွင်း အခြားသော ပါတီဝင်များမှာကြားဖြတ်  ရွေးကောက်ပွဲဝင် မည့် ကိစ္စအပေါ် ဘ၀င်မကျသည့် ဆွေးနွေးမှုများလည်း ရှိသည်ဟု ကြားသိရသည်။


 

ယနေ့ နံနက် ရွှေဂုံတိုင် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မြင်ကွင်း


အချို့က မှတ်ပုံပြန်တင်ခြင်းကို လက်ခံသော်လည်း.........

ရွေးကောက်ပွဲဝင်ရန် အဆင်သင့်မဖြစ်သေးဟု ယူဆလျှက်ရှိကြသည်။ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့် နေရာ ၄၀ ကျော်အတွက်ပင် အရည်အချင်းပြည့်မှီသည့် နိုင်ငံရေး သမားများ မရှိသေးဟု ယူဆမှုသူများလည်း ရှိသည်။ အရည်အချင်းရှိသူ အချို့ကိုလည်း နိုင်ငံရေး ယုံကြည်မှု မလုံလောက်သေးဟု ယူဆကြသည်။
ပါတီအနေဖြင့် capacity building များလုပ်ဆောင်ဖို့လိုသေးသည်ဟု ယူဆကြခြင်းဖြစ်သည်။

အခြား အဓိကကျသည့် ခံစားချက် တခုမှာ အန်အယ်ဒီပါတီဝင် လူငယ်များ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များက အကျဉ်းထောင်ထဲတွင် ရှိနေချိန်တွင် ရွေးကောက်ပွဲ ၀င်ပြိုင်ရမည်ကို စိတ်မကောင်းဖြစ်သည့် ခံစားမှုများ ရှိသည်ကိုလည်း ကြားသိရသည်။       ။



ယနေ့ အစည်းအဝေးသို့ တက်လာသော ကရင်ပြည်နယ်မှ ကိုယ်စားလှယ်

No comments: