Tuesday, November 29, 2011

ပြည်တွင်း၌ ပြန်ရောင်းပေးမည်ဆိုပါက မည်သည့် နိုင်ငံမှမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်

ပြည်တွင်း၌ ပြန်ရောင်းပေးမည်ဆိုပါက မည်သည့် နိုင်ငံမှမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူရှိသည်ဟု ကြားသိရပါက တိုင်ကြားနိုင် PDF Print
Tuesday, 29 November 2011 14:59
AddThis Social Bookmark Button

မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။
အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း  MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များ ကမ်းလှမ်းထား ဂျာမဏီ၊ ဆွီဒင်၊ နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့လည်း လာရောက်မြှုပ်နှံရန် အကြောင်းကြားထား PDF Print
Tuesday, 29 November 2011 14:41
AddThis Social Bookmark Button
အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များမှ ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ဂျာမဏီ၊ ဆွီဒင် နှင့် နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ လာရောက်ထောက်ပံ့ခြင်းများ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်ဟု လည်းသိရှိရသည်။
"အမေရိကန်သံရုံး ယာယီတာဝန်ခံက ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်အစိုးရဘက်က တစ်ချို့လူတွေ လာရောက်မြှုပ်နှံချင်တယ်လို့ ပြောတယ်။ အမေရိကန်မှ မဟုတ်ပါဘူး ဆွီဒင်၊ နော်ဝေနဲ့ အီးယူနိုင်ငံတွေကလည်း လာရောက်မြှုပ်နှံပြီး နည်းပညာတွေ ထောက်ပံ့လိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်"ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ရန်ကုန်မြို့ကဲ့သို့ အချက်အခြာကျသည့် မြို့များတွင်သာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များပြားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်းများ ရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမှ လုပ်သားတွေရဲ့ နေ့စဉ်ဝင်ငွေ တိုးတက်လာ မှာပါ။ အခု မြန်မာက အရှေ့တောင်အာရှမှာ တစ်ရက်ဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲ ပါနေတာလေ။ ဘယ်နိုင်ငံက မဆို သတ်မှတ်ချက်နဲ့ ညီရင် အားလုံးကို မြှုပ်နှံခွင့်ပြုသွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမယ့် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။ ဘယ်ကဏ္ဍမဆို မြှုပ်နှံချင်ရင် MIC မှာ လာပြီးတွေ့ဆုံဆွေးနွေးပါ။ အမြန်ဆုံး ပြန်ချပေးသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန် ဒေါ်လာ ၃၆ ဘီလျံကျော်ရှိပြီး အီးယူနိုင်ငံများ အနေဖြင့် အလုံးအရင်းဖြင့် မြှုပ်နှံမှုမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုသိရသည်။

No comments: