Wednesday, November 30, 2011

ခွပ်ဒေါင်းမျိုး သေရိုးမရှိ


ခွပ်ဒေါင်းမျိုး သေရိုးမရှိ
 
ပန်းတိုင်မရောက် ခရီးမပေါက်ခင်
ဘ၀တစ်ပါး ရောက်သွားတဲ့
ရဲရဲတောက် ဇာနည်မျိုး
ဒေါင်းမာန်မညှိုးတဲ့ ကိုမောင်မောင်စိုး။
 
အာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့မာန်တင်း ရန်မျိုးစုံခွင်းတဲ့သင့်လုပ်ရပ်
သမိုင်းမှတ်တိုင်မှာ ခတ်ခိုင်ခိုင်
ရပ်နိုင်ပြီး မော်ကွန်းရေး
ဖေါ်ညွှန်းပေးကြမှာမလွဲပါ။
 
သင့်ဘ၀စခန်း လျှောက်ရာလမ်းမှာ
ကြမ်းတမ်းကွေ့ကောက် ဆူးညှောက်အသွယ်သွယ်
အန္တရာယ် ရန်စွယ်အမျိုးမျိုးကို
မစိုးမရွံ့ နောက်မတွန့်ဘဲ
သက်စွန့်ကြိုးပမ်း လျှောက်ခဲ့တဲ့လမ်းကို
ဆက်လှမ်းမယ့် ခွပ်ဒေါင်း
ထောင်သောင်းမက
အတောင်မညောင်းကြသေး။
တော်လှန်ရေး မအောင်မချင်း
အမှောင်ခွင်းပြီးအလင်းဆောင်
အလင်းရောင်မြင်လာတဲ့အထိ
သတ္တိဇွဲ ရဲရဲဆောင် တောင်ပံဆန့်
မြန်ပြည်အနှံ့ခွပ်သွားမဲ့
လွတ်ကြောင်းအမှန်ကြံတဲ့
ခွပ်ဒေါင်းမာန်။
 
အာဏာရှင်စစ်ဖိနပ်အောက်
လက်မမြှောက် ဒူးမထောက်
ပန်းတိုင်ပိုင်ပိုင်ရောက်တဲ့ထိ
သတ္တိရှိရှိ တာဝန်သိသိနဲ့
တုံးဖိတဲ့ဖါး ငုံးမိတဲ့ငါးလို
မပိမပြား သတိထားပြီး
ကြိုးစားသွားမဲ့စိတ်ဓါတ်
ဘယ်တော့မှ ရပ်မသွားဖူး။
 
ရဲဘော်ကိုမောင်မောင်စိုး
အကြောင်းအကျိုးအခေတဲ့
ဒေါင်းအိုးဝေ သေရိုးမရှိ။
 
သင့်ခန္ဓာကိုယ် သေပေသော်ငြား
သင်ထားခဲ့တဲ့စိတ်ဓါတ်
သင်မှတ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ
ဇာတ်ကြောင်းအဖန်ဖန်တပ်
ရဟပ်ပေါင်းအတန်တန်ခတ်သလို
မရပ်မနား တသွားထဲသွား
တကြွားထဲကြွားနေရအုံးမှာပါ။
 
သင့်ကိုဆုံးရှုံးရတဲ့အတွက်
မျက်ရည်စက်လက်နဲ့
စိတ်မှာတသက်သက်ဖြစ်နေတဲ့ကြားက
သင့်လုပ်ကွက်တွေကိုကျုံးပြီး
အပြုံးနဲ့ ဂုဏ်ယူနေမဲ့အကြောင်း
ရဲဘော်ဟောင်း ဘ၀အပြောင်း
ကောင်းပါစေ အကြောင်းသာပါစေဗျာ။
သင့်ကိုရှေးရှု အလေးပြုလိုက်ပါတယ်။
သင့်ရဲဘော်
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) 11-29-11
 
 
 
 
ကျွန်တော်တို့  ဒီမိုကရေစီေ၇း လှုပ်ရှားမှုတွင်လည်း အင်အားတရပ် ဆုံးရှုံးရခြင်း ဖြစ်သဖြင့်
အထူးတလည် ၀မ်းနည်းစိတ်ထိခိုက်ရပါကြောင်း
 
၈၈၈၈ ရဲဘော်များ
 

 

No comments: