Thursday, November 17, 2011

ဘယ်သူဘဲဖြစ်ဖြစ် အမှန်ကိုပြောပါ NLDရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရ

IMG_1790
File Name: IMG_1790.JPG
File Name: IMG_1786.JPG
 
 
File Name: IMG_1788.JPG
 
File Name: IMG_1796.JPG
 
 
IMG_1798
File Name: IMG_1798.JPG
 
 
 
ရင်ကြားစေ့ရေးအတွက် ရင်မအေးနေသူများသို့ 

ကျနော် ဖိုးဇီဝပါ။ မည်သည့်အဖွဲ့ မှ အဖွဲ့ ဝင် မဟုတ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် မပျက်ပါ။
 ဒီနေရာမှာတော့ ကျနော်နည်းနည်းလေး အတွန့် တက်ချင်တယ်ဗျာ။
တကယ်တမ်းက ကျနော်တို့  activist တွေပါ။ အဲတော့ ကျနော့်တို့ အလုပ်ကို ကျနော်တို့ လုပ်ကြတာကောင်းပါတယ်။
issue တွေပေါ်မှာ အခြေံခံလုပ်ကြတာက ပိုပြီး ကောင်းမှာပါ။
ပါတီတခု မှတ်ပုံတင်ခြင်း မတင်ခြင်းဆိုတာက သူ့ ပါတီက လူတွေ ဆွေးနွေးရမယ့် ကိစ္စပါ။ ကျနော်တို့  ဆုံးဖြတ်ပေးလို့ မရပါဘူး၊
နောက်တခုက stand with(Daw) Aung San Suu Kyi လို့  အော်ခဲ့တဲ့သူတွေ အတော်များများ အခုတော့ ဒေါ်စုဖက်ကို မျှားတွေ ပစ်သွင်းနေတာတော့ အတော်မကောင်းဘူးလို့ 
ကျနော်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စကားကို ပြီးစလွယ် ပြောတတ်တဲ့သူ မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အေးချမ်းသာယာရေးအတွက်
လုပ်ဆောင်နေသူဆိုတာ သံသယ တစိုးတစိမျှ မတွေ့ ရသေးပါဘူး။ ဒေါ်စု စထွက်ထွက်ခြင်း အားလုံးကို လက်ကမ်းကြိုဆိုပါတယ်။ ဆိုတဲ့စကားဟာ အဓိပ္ပါယ်မဲ့  ပြောခဲ့တာ မဟုတ်ဘူးလို့  တွက်ဆမိပါတယ်။
တိုင်းပြည်အရေးကို ဦးစားပေးသူတယောက်အနေနဲ့  သူကိုယ်တိုင် ထိုးကျွေးခံသွားမယ့်သူလို့  ကျနော်ယုံကြည်ပါတယ်။ သူကိုယ်တိုင်ပြောထားပြီးပါပြီ၊
ကိုဝေမော်ရေးသားထားသလိုပါပဲ အခုချိန်မှာ တကယ်အားလိုနေတာပါ၊ ထောက်ခံမှုအားပေါ့ဗျာ။ ကိုရွှေထီးရေးသလိုပါပဲ အခုမှ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စ ခါစပါဗျာ
အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းမာတယ် တင်းခံတယ် ဆိုပြီး ဝေဖန်ပြစ်တင်ကြတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က လုပ်စားတာခံနေရတယ်။ အလျှော့ပေးလွန်းတယ်လို့  ဝေဖန်ကြပြန်တယ်။
ဒေါ်အောင်ဆန်းစုကြည်က အောက်ခြေထုရော။ လူငယ်ထုရော။ နိုင်ငံတကာ သံတမန်တွေနဲ့ ရော။ နိုင်ငံရေးသမားများနဲ့ ရော။ ဦးသိန်းစိန်ဖက်က အမာ။ အပျော့များနဲ့ ရော တွေ့ ဆုံစကားပြောနေတာမို့ 
နားအကြားများဆုံးပါ။ နားထောင်ပူနေဦးမှာပါ၊
ကိုမူးသာရေးထားတာကတော့ အပြတ်သားဆုံးပါ။
ကျနော်တို့  ဒီဘက်က အားမလို အားမရတွေဖြစ်နေမယ့်အစား တတ်နိုင်တဲ့ဝန်လေးတွေကို ကိုယ်နိုင်သလောက် ထမ်းပိုးတာ အကောင်းဆုံးဖြစ်မှာပါ။
တိုင်းပြည်ကောင်းရာ ကောင်းကျိုးအတွက် လုပ်မယ်ဆိုရင် ကျနော်တို့  personal လေးတွေ ဘေးချပြီး
အတူသွားကြတာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ကျနော်တို့  ဘာတွေလုပ်နိုင်မလဲ။ အဲဒါကိုပဲ အလေးအနက်ထား ဒီဘက်က လူတွေ တတ်အားသဖြင့်
ပံ့ပိုး အော်ဟစ်ကြတာ ဒီအချိန်မှာ အသင့်တော်ဆုံးပါ။ ဖောက်ပြန်သူတွေ။ အကျင့်ပျက်သူတွေ။ အဲဒီလူတွေကိုသာ  ထုံးကွင်းမှတ်ထားပါဗျာ။
အဲဒီလူတွေကမှ မြန်မာပြည်ကို အမှန်အကန် ဖျက်ဆီးနေသူတွေဖြစ်ပါတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့  ကိုဇာဂနာကတော့ ထုံးကွင်းမှတ်ရမယ့် စာရင်းထဲ ပါမှာ မဟုတ်ပါဘူး။
တတ်နိုင်သလောက် အားလုံးကို ဆွဲခေါ်နေသူတွေလို့  ကျနော်လည်း ထင်မြင်ပါတယ်ဗျာ။ နောက်ဆုံး တိုင်းပြည်ကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည် power share လုပ်တယ်ဆိုရင်တောင်
ကျနော်ကတော့ လက်ခံတယ်။ ဘာလို့ ဆိုတော့ ကျနော်တို့ နိုင်ငံကို နဂါးမြိုတော့မယ်။ ကျနော်တို့ နိုင်ငံသားတွေလည်း အိမ်နီးချင်းနိုင်ငံတွေမှာ စုတ်ပြတ်သတ်နေပြီ။
Refugees တွေကြောင့်ပဲ ထိုင်းနိုင်ငံလည်း ဒေါ်လာတွေ အတော်ထောနေပြီ။ ကိုယ့်တိုင်းရင်းသားတွေက မျက်နှာငယ်နေရတာ ဆယ်စုနှစ်ကျော်ပြီ။

မြန်မာပြည်ငြိမ်းချမ်းသာယာတိုးတက်ပါစေ ----
ပြည်တွင်းစစ် ရပ်ဆဲပါစေ -----
နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပါစေ ------

(သေချာတာကတော့ ထိုင်နေလို့ တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဗျာ)
ခင်မင်စွာဖြင့်
ဖိုးဇီဝ (အမေရိကန်ပြည်ထောင်စု။ ဗာဂျီးနီးယားပြည်နယ်)

 

ခြေစုံပစ်ထောက်ခံရမယ့် အချိန်

by Wai Maw on Tuesday, November 15, 2011 at 8:26pm
ကိုဇာဂနာ လိုင်းကြောင်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံနေရပြီလို့ ရေးနေပြောနေတာတွေ မြင်ရကြားရတော့ တကယ့်ကို စိတ်မကောင်းဖြစ်စရာပါ..။ အညှာတာမဲ့ဆုံး အသုံးအနှုန်းကတော့ NLD ပါတီမှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ် ဆိုတဲ့ ဒေါက်တာခင်စိန်ရဲ့ ရေးသားချက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလောက်ပြင်းထန်နေကြတာလဲ။ ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို လက်ဆုပ် လက်ကိုင်ရှိနေကြပြီလား။
ကိုယ်ခံယူထားတာနဲ့ မကိုက်ညီလို့ ဆန့်ကျင်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့တစ်ခု ရောက်ပြီဆိုရင် ကွဲကြပြဲကြနဲ့ ဒိုင်စားခရံတာတွေလည်း များလှပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာ နှစ်ဦးစလုံးက ရိုးသားဖြူစင်တယ်။ ပြည်သူလူထုအတွက် စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အများကြီး။ ဒီတော့ ပြည်သူလူထုကလည်း သူတို့နှစ်ဦးကို ယုံကြည်တယ်။ ထောက်ခံတယ်။ သူတို့ဘေးမှာ ၀န်းရံပေးဖို့လည်း အဆင်သင့်ပါပဲ။
အရှိန်သြဇာအရရော ဂုဏ်သိက္ခာအရပါ အားကြီးသူတွေဆိုတော့ ဆင်သွားရင်လမ်းဖြစ်တာပေါ့ဗျာ။ သူတို့ဘာပဲ လုပ်လုပ် လှုပ်ခတ်မှုကြီးမားမှာပဲ။
ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးနေတယ်။ ဒေါ်စုကို ထောက်ခံဝန်းရံတယ်ဆိုတာနဲ့ အစိုးရကို ထောက်ခံတယ်ဆိုပြီး ကောက်ချက်ဆွဲလို့မရပါဘူး။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်စုဘက်က ပြည်သူလူထုရှိတယ်။ အဲဒီပြည်သူလူထုက ပြောင်းလဲမှုကိုဦးတည်နေပါတယ်ဆိုတဲ့ ခြေလှမ်းတွေကို ထောက်ခံကြိုဆိုတာ။ နောက်ပြန်ဆုတ်သွားမှာကို မလိုလားဘူး။ အစိုးရဘက်က တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင်မပေးနိုင်ဘူးဆိုရင် အစိုးရကိုတွန်းရွှေ့ပစ်ဖို့ ဒေါ်စုမှာအားရှိတယ်ဆိုတာကို လက်တွေ့မြင်အောင် ပြထားဖို့ပါပဲ။
ဒီနေရာမှာ ကိုဇာဂနာလို ပြည်သူချစ်တဲ့ အနုပညာသမားတစ်ယောက် ပါဝင်အားဖြည့်လာတော့ အင်အားက အတိုင်းထက်အလွန်ဖြစ်သွားတာပေါ့ဗျာ..။
ကျနော်ကတော့ သူတို့နှစ်ယောက်လုံးကို အပြည့်အ၀ထောက်ခံပါတယ်။
ဖြစ်နိုင်ရင် သူတို့ကိုထောက်ခံတယ်ဆိုတဲ့ အသံက အစိုးရခေါင်းဆောင်တွေရဲ့ နားဝမှာ မိုးကြိုးပစ်သလို ဆောင့်ဝင်သွားအောင် လုပ်ပစ်ကြရမှာ ။
ထောက်ခံတယ်ဆိုတာက အပေးအယူလုပ်ပြီး စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မီးစိမ်းပြတဲ့ သဘောပဲရှိတာ။ အရှုံးပေးတာ နည်းနည်းလေးမှမဟုတ်ဘူး။
ခုချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက မြန်မာပြည်အရေးကို အလေးထား အာရုံစိုက်နေချိန်ဖြစ်သလို အစိုးရဖက်ကလည်း ရှေ့ခရီးဆက်ဖို့ အခက်တွေ့နေချိန်။ သူတို့ကိုထွက် ပေါက်ပေးနိုင်မယ့် အင်အားကြီးမိတ်ဖက်ကို အမိဖမ်းဖို့ကြိုးစားနေချိန်၊ ဒီအချိန်မှာ အပြောင်းအလဲတစ်ခုကို ရွေ့ဖို့လမ်းဆုံလမ်းခွကို ရောက်လာတဲ့အချိန်ဖြစ်နေတာပါ။ အကောင်းဘက်ကိုဦးတည်နိုင်မလား အဆိုးဘက်ကို ပြန်ကျမလား တွန်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။
အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းပြဿနာတွေမှာ အမေရိကန်နဲ့တရုတ် ရေရှည်ဘယ်သူ့ကို အဓိက အားထား နိုင်သလဲ ဆိုတဲ့အဖြေ ရှင်းရှင်းကြီးပေါ်လွင်သွားပါပြီ။ မြန်မာပြည်အရေးမှာတော့ အာရပ်နွေဦးနဲ့ ကွဲပြားတဲ့ ကကွက်ဆန်းတစ်ခု.. အစိုးရနဲ့ အတိုက်အခံ ပူးတွဲချန်ပီယံ ဆွတ်ခူးနိုင်ဖို့ Super power တွေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။
ကျနော်ယုံကြည်တာကတော့ အစိုးရနောက်မှာ စစ်တပ်ရှိတယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒေါ်စု ခေါင်း ဆောင်မှုနောက်မှာ ပြည်သူလူထုရှိနေတာကတော့ အသေအချာပါပဲ။ ဒေါ်စုနဲ့ပြည်သူလူထု တစ်သားတည်း ရှိနေတဲ့အားက စစ်တန်းလျားကို လှုပ်နှိုးမှာလည်း အသေအချာပါပဲ။ ဒီပွဲမှာ အစိုးရဖက်က ကလီကမာလုပ် လာရင် စစ်တပ်ထဲမှာကို အဖြူအမဲ ကွဲပြားရတော့မယ့် အခြေအနေပါ။
သူနေအိမ်အကျယ်ချုပ်ကပြန်လည်လွတ်မြောက်လာတဲ့ ၁ နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ပျော့ပြောင်းတဲ့ နည်းလမ်းဆိုတာ ပျော့ညံ့မှုမဟုတ်ဘူး” လို့ပြောသွားတာ သတိပြုစရာပါ။ ပျော့ပြောင်းပေမယ့် ခိုင်မာတောင့်တင်းတဲ့ သံမဏိကြိုးလို စိတ်ဓာတ်ပိုင်ရှင်တွေအတွက် သမိုင်းစာမျက်နှာတွေ ဘယ်တော့မှ မကုန်နိုင်ပါ။
အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ဒေါ်စုကို ယုံကြည်ပါတယ်။
မြန်မာပြည်ရဲ့ နယ်လ်ဆင် မင်ဒဲလား ဖြစ်စေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ….
 
ဝေမော်
 

 
 
အမှန်ကိုပြောတာ ဂရုစိတ်စရာမလိုပါဘူး ဘယ်သူဘဲဖြစ်ဖြစ် မှားရင်မှားတယ်ပေါ့
 
 
ကျွန်တော်... ဒေါက်တာခင်စိန်ပါ..
.ဆောင်းပါရှင်ကတော့ (ဝေမော်) Email Sender က kyi phyo (kyiwayphy0@yahoo.com) ဆိုတော့..အီးမေးဖြန့်သူက (ကိုထွန်းလှိုင် - အမေရိက) ဖြစ်နေပါတယ်။ ကိုထွန်းလှိုင်ဆိုသူက IFBNC အဖွဲ့မှာကျွန်တော်တို့နဲ့ အတူလုပ်နေတဲ့နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ပါ။ အခုသူ့ဆောင်းပါး (ခြေစုံပစ်ထောက်ခံရမယ့်အချိန်)ခေါင်းစဉ်ပေါ်မှာ NLD ပါတီမှတ်ပုံတင်ရင်ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ်လို့ဒေါက်တာခင်စိန်က ပြောပါတယ်ဆိုတဲ့ ထိပ်စည်းတပ်ပြီးသူ့ဆောင်းပါးကိုဖြန့်ပုံထောက်တော့ ..ကျွန်တော့်ကို နိုင်ငံရေးအရှိန်အ၀ါကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုင်ပေါက်ပြီး နိုင်ငံရေးထိုးနှက်တာပေါ့ဗျာ။ ရှင်းပါတယ်။ ကျွန်တော်ရေးသား တာကို ပထမတကြိမ်လဲ 8888peoplepower မှာရှင်းပြီးပါပြီ။ အခုတခါထပ်တက်လာလို့ ထပ်ရှင်းရဦးမယ်။ ကျွန်တော့်ရေးသားချက်မှာက ဒေါ်အောင်ဆန်းကြည်ကို ဘိုင်နိမ်းတပ်ပြီးပါတီမှတ်ပုံတင်ရင်နွားဖြစ်သွားမယ်ဆိုတဲ့ ရေးသားချက်မပါပါဘူး။ ကျွန်တော်က ဆောင်းပါးရှင်ကိုဇော်ဝင်းရဲ့ (ကျူံးသွင်းခံရတဲ့ဆင်ကြီးတကောင်) ဆောင်းပါးကိုကြိုက်လို့ အောက်မှာထပ်ဆင့် ကွန်မင့်အတိုလေးရေးခဲ့တာပါ။ အဲဒီကွန်မင့်ကလဲကျွန်တော်စတန့်ထွင်ရေးတဲ့ကွန်မင့်မဟုတ်ပါ။ လက်ရှိ NLD ခေါင်းဆောင် ဦးဝင်တင်တရားဝင်ပြောကြားခဲ့တဲ့စကား ( ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နအဖ တည်ဆောက်ထားတဲ့နွားတင်း ကုပ်ကြီးပဲ။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအောက် ၀င်တဲ့လူတိုင်းဟာနွားတင်းကုပ်ထဲ ၀င်တာနဲ့ အတူတူပဲ)လို့ ပြောခဲ့တာ အားလုံးအသိပါ။ အဲဒီ ဦးဝင်းတင်ရဲ့ စကားကို ကိုးကားပြီး ကျွန်တော့်ကွန်မင့်မှာ အဘဦးဝင်တင်စကားအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို မယ်မယ်ရရ မပြင်ဆင်ပဲနဲ့ ရွေးကောက်ပွဲဝင်ပြီးအဲဒီအောက်မှာ ၀င်လုပ်မယ်ဆိုရင် အဘဦးဝင်းတင်စကားအရ နွားဖြစ်သွားနိုင်တယ်လို့ ရေးခဲ့တာပါ။ မှန်ပုံတင်တာမတင်တာနဲ့မဆိုင်ပါဘူး။ ဒါကြောင့် ဒီစကားရဲ့ပင်မပိုင်ရှင် (Primary Owner )ကဦးဝင်းတင်ပါ။ ကျွန်တော် ဒေါက်တာခင်စိန်က ( Secondary )အဲဒီပင်မပိုင်ရှင်ရဲ့ စကားအဓိပ္ပါယ်ကို ထပ်ဆင့်ရှင်းလင်းပြီးဝေဖန်သူသာဖြစ်ကြောင်းပြောချင်ပါတယ်။ ဒါပေမဲ့ ခုလိုနိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်အချင်းချင်း အစွန်းနဲနဲထွက်လာရင်လိုသလိုအစဆွဲထုတ်ပြီး ဒေါ်စုနဲ့ကိုင်ပေါက်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ရင့်ကျက်တဲ့ရဲဘော်ရဲဘက်စိတ်ရှိရင်မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာကျွန်တော်တို့ရဲ့ခေါင်းဆောင်ပါ။ အရင်လဲခေါင်းဆောင်။ ခုလဲခေါင်းဆောင်ပါဘဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာပြောပြော ဘာလုပ်လုပ်ခေါင်းငြိမ့်ပါ။ ထောက်ခံရမယ်။ မဝေဖန်ရဘူးဆိုတဲ့အထဲ မှာတော့ ဒေါက်တာခင်စိန်မပါဘူး။ ဒီမိုကရေစီကိုသွားရင် ခေါင်းဆောင်လုပ်တာအကုန်လက်ခံရမယ်။ မဝေဖန်ရဘူး ဆိုတာဒီမိုကရေစီရဲ့အနှစ်သာရမဟုတ်ဘူး။အဲဒီအယူအဆအတွေးအခေါ်တွေဟာဒီမိုကရေစီနဲ့မဆီလျော်ပါဘူး။ ခေါင်းဆောင်လုပ်တာ အကုန်လက်ခံရမယ်။ မဝေဖန်ရဘူး။ ခိုင်းတာလုပ်။ခံမပြောနဲ့ဆိုတာတွေက စစ်တပ်တို့ အာဏာရှင်စံနစ်တို့နဲ့ပဲ ဆီလျော်ပါတယ်။ အခုလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခေါင်းဆောင်အဖြစ် ဦးဆောင်ပါတီအဖြစ်လက်ခံလျှက်ပါ။ထောက်ခံလျှက်ပါဘဲ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဆင်ပဲနဲ့ ဦးသိန်းစိန်အစိုးရနဲ့ ပူးပေါင်းမှာတော့ ကျွန်တော်လက်မခံပါဘူး။ ဒေါ်စုကိုလက်မခံတာမဟုတ်ဘူး။ သွားမဲ့လမ်းကိုကန့်ကွက်တာ။ လက်မခံတာကို ငြိမ်ငြိမ်လေးနေပြီးလက်မခံတဲ့ အစားထဲမှာလဲကျွန်တော်မပါဘူး။ ဒါပေမဲ့ကျွန်တော့ ကွန်မင့်ကအဘဦးဝင်းတင်ရဲ့ စကားကိုကိုးကားလိုက်တဲ့အတွက်စကားလုံးအရှိန်ပြင်းသွားတာတော့ ကျွန်တော်မတတ်နိုင်ဘူး။ ဒါဒုတိယနဲ့နောက်ဆုံးရှင်းလင်းချက်ပါ။ နောက်ထပ်ကျွန်တော့်ကွန်မင့်နှင့်ပတ်သက်ပြီးထပ်မံရှင်းလင်းခြင်းပြုလုပ်တော့မည်မဟုတ်ပါ။

အားလုံးကိုလေးစားလျှက်
ဒေါက်တာ ခင်စိန်
၁၅ နိုဝင်ဘာ ၂၀၁၁
 
 
ဒေါ်စု ဟာ တိုင်း ပြည် နှင့် လူမျိုး အပေါ် သစ္စာဖေါက်မဲ့ သူ မျိုး တော်လှန်ရေး နှင့် လုပ်ဖေါ် ကိုင်ဖက်များအပေါ် ချန်လှပ်ထားခဲ့ မဲ့ သူမျိုး မဟုတ်ဘူးဆိုတာ အားလုံး သိကြ
မှာ ပါ ၊ အဲ နောက်တခု က သူ့ မှာ နိုင်ငံ ရေး ပရိရယ် ကျွန်တော်တို့ ထက် ကြွယ်ဝ တယ် ဆိုတာ လည်း အားလုံး လက်ခံကြမှာပါ ၊ ဆက်လက် အနစ်နာ ခံ တော်လှန်နေသူ
တွေ အားလုံး ကို လေး စား ပါတယ် ၊ ကျွန်တော် တို့ က ပြည် ပက ၀န်းရံ တော်လှန်နေရတဲ့ အနေအထားဆို တာ နှင့်  သူ တို့ တွေ က ပြည်တွင်း ထဲ က နဖူးတွေ့ ဒူး တွေ့ 
ထိပ်တိုက် အနည်း ကပ် တွန်းလှန် နေကြရ သူတွေ ဆို တာ ကိုလည်း ထည့် သွင်း စဉ်းစား သင့် ပါတယ် ၊ တော်လှန်ရေး နိုင်ငံ ရေး မှာ အမြင် သဘောထား ခြင်း မတူညီ
မူ့ ဆိုတာတွေ ဖြစ်လေ့ ရှိပါတယ် ၊ ဒါ ဟာ ပုံ မှန် ပါပဲ အမြင် အတူ ပေ မဲ့ ဦးတည်ချက်တူနေသ၍ ရန်သူ တွေ မဟုတ်ကြပါဘူး ၊ ရေရှည် အကျိုး ကို ကြည့် ပြီး ထိမ်းထိမ်း
သိမ်း သိမ်း ဆွေး နွေး ကြဖို့ လိုပါတယ် ၊ အများ စု က တယောက်ကို တယောက် သိနေကြသူတွေ ဖြစ်ကြပြီး ရှေ့ ဆက်ပြီး ဘယ်လောက် ဘယ်နေရာ တွေမှာ လက်တွဲ
ကြရဦးမယ်ဆို တာ မသိနိုင်ကြပါဘူး ၊ ခံစားချက် စိုးရိမ် မူ့ တွေ နှင့်  ဆွေးနွေးနေကြလို့  ခုလို ပြင်းပြင်းထန်ထန်ထန် ဆွေးနွေးနေကြတာ ဆို တာ ကို နား လည် လေး
စား လျှက် ၊

IFBNC အဖွဲ့ ဝင် တဦး 
 
  ဦးမင်းရှင့်။

အခုလို အချိန်ပေးပြီး ကျယ်ကျယ်ပြန်ပြန့်ပြန်ရေးသားပေးပို့တဲ့အတွက်ကျေးဇူးပါ။
ဗဟုသုတလည်းရပါတယ်။ ဒါကြောင့် ဒီစာကို လက်ဆင့်ကမ်းလိုက်ပါတယ်။ ခွင့်ပြုလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်မတို့ မတူတဲ့အမြင်တွေနဲ့ တိုင်းပြည်ကောင်းဖို့အတူအလုပ်လုပ်နိုင်ကြမှာပါ။
 တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။
( တဦးကစေတနာ တဦးကမေတ္တာရုပ်ရှင်ဇာတ်လမ်းထဲက စကားပါ။)
ကြည်ကြည်လွင်
ရန်ကုန်မြို့

 


 
ဆရာမလေး ကြည်ကြည်လွင်
 

 
         ယခု လိုပြန်စာလေး ဝေဖန်မှု ပေးခြင်းနှင့် ယူဆချက်လေးကို ရေးပေးခြင်းသည်ပင်
မင်္ဂလာပါဘဲ။ ဆရာမလို ဒသန အမြင်ကို တင်ပေးမှလည်း ခံယူချက် ရည်၇ွယ်ချက် အတွေ့
အကြုံ နှင့် ဒသန ငါးရပ်အရ ဘယ်နေရာလေးမှာ ကွာခြားသလည်းလို့ ပိုင်းခြား ဆွေးနွေးခွင့်
ရတာပေါ့ ။ အရှိ ကို သိမှလည်း မရှိခြင်းက ဘာပါလဲ လို့နားလည်တာပေါ့ ဥပမာ အလုပ်
တခု အောင်မြင်ပို့ ကမ် စိတ် ဥတု အဟာရ  လေးခု ပြည့်စုံမှ ဖြစ်တယ်။ အကြောင်းလေးပါး
အရှိကို သိခြင်းဒသန ကို နားမလည်းလျှင် တွေးတော ဆင်ခြင်မှု မပြည့်စုံ လို့ ကမ်ရှိတိုင်းလည်း ဥာဏ်မရှိတော့မွဲတာပေါ့ ဒါကြောင့် ပြည့်စုံအောင် ကမ်ဥာဏ် ၀ိရိယ ဆို
လို့ နည်းဗျူဟာ ထည့်ပေးရတယ်။ မဟာဗျူဟာ ဆိုတဲ့ သိမှုဒသန ပညတ်လောက်ဘဲ နား
လည်ထားတော့။ စာတတ်ပေတတ် တိုင်းလည်း ကံဥာဏ်ဝိရိယ ကို အားဖြည့်ရတယ်
ရှိခြင်း သိခြင်း ကံဥာဏ်ဝိရိယ တွေ့ရှိသောလည်း အကျင့်သိက္ခာ ဆိးုခြင်းကောင်းခြင်း  
ကုသိုလ် အကုသိုလ် မယုံကြည်ပြန်လည်း သီလ နှင့်ပါတ်သက်သော အရေးကြီးသော
ဒသန မှာ ချို့ယွင်းနေကြလို့ အောင်မြင်ခြင်းနှင့် ကင်းရပါတယ်။ အဆုံးတော့ စိတ်ပညာ
သဘောအရ ရုပ်ပိုင်းစိတ်ပိုင်း လောကကြီးကို ကျွမ်းကျင်လိမ္မာ လှသော လူပညာရှိများ
နောက်ဆုံး ရဿ ပညာပိုင်းမှာ ရုပ်နာမ် မခွဲခြားနိုင်ဘဲ ပညတ် ပရမတ် မသိတော့ လုပ်သမျှ
တွေဟာ အကျိုးနဲရတယ် လောကီရေးဖြစ်ဖြစ် လောကုတ္တရာ အရေးဖြစ်ဖြစ်။ ပညာက
အရေးကြီးဆုံးပါဘဲ။ ပညာ ဆိုတာ လောကကြီးသုံးပါးမှ မြင်တွေ့နေသော ပညတ်သဘောသည် ပညာ အစစ်မဟုတ်ပါ ဆရာမ- ဥာဏ်မျက်စေ့ ဖြစ်တဲ့ ဆင်ခြင်တုန်
တရားအစစ်က သာ ပညာအစစ်ပါ။ မှားခြင်းမှန်ခြင်း အစစ်အမှန်ကို သိရပါလိမ့်မယ်။
              ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား အကြံဥာဏ်ပေးခြင်း ဝေဖန်ခြင်းကို
လက္ခွံမည့်သူတယောက်ပါ။ ဒီမိုကရေစီ နိုင်ငံကြီးမှာ ပညာသင်ကြားတတ်မြောက်လာ၍
ဒီမိုကရေစီ၏ မဟာဗျူဟာကို အတော်အတန် နားလည်ပြီ ဖြစ်၍ ဒသန ကွားခြားနေသော
မတူညီမှု မှ တူညီစေရေး ဆိုသော ဗျူဟာကို နားလည်မည်ဖြစ်ပါသည်။
               မဆလ န၀တ စစ်အာဏာရှင် စံနစ်ဆိုးကြီးကို ပြန်လည် ပြုပြင်လို၍ နည်းမျိုး
စုံရှာဖွေပြီး နည်းဗျူဟာများနဲ့ တိုက်ခိုက်ရမည်ဖြစ်လို့ သူသင်ကြားဘူးတဲ့ ပညာများအပြင်
အတွေ့အကြုံ နည်းဗျူဟာများ ကို လိုအပ်မည်သာဖြစ်၍ ဒီမိုကရေစီ နည်းအရ အဖွဲ့အစည်း
အသိုင်းအ၀ိုင်းနှင့် ၀ိုင်းကြမှာ အောင်မြင်မည်ဖြစ်ကြောင်း သူကောင်းကောင်းနာလည်ပါတယ်။
တဦးကောင်းတယောက်ကောင်း လုပ်ပြီး အောင်မြင်မှု မရှိကြောင်းကိုသိကြလျှင်။
ပါတီတွင်း အုပ်စုတွင်း လည်း အများသည် တစ်စုတည်း တညီတည်း ဖြစ်အောင် လုပ်ဆောင်
ကြစမြဲပါ။ ထိုကြောင့် ခေါင်းဆောင်လုပ်မည့်သူတိုင်းနားလည် ထားကြတာက။ အာဏာစက်
နဲ့ ဓမ္မာစက် ဖြစ်တယ်။ ဆိုတာ သိလျှင် ကိုယ့်ဘက်မှာ ဘာလိုတယ်ဆိုတာ သိဖို့လိုသည်
အကြိုးအကြောင်းမဆင်ခြင်ဘဲ ။ ငါ့တို့ကို ဝေဖန်ပေးသူ အကြံပေးသူတိုင်း ရန်သူဆိုလျှင်
အဲဒီခေါင်းဆောင် အဖို့ အမြန်ဆုံး ဆုံးရှုံးမှု နှင့်တွေ့ကြရတယ် အဲဒီသက်သေ တွေက စစ်အာ
ဏာရှင်ကြီးတွေထဲမှာ မြင်ကြည့်လျှင် တွေ့ကြပါလိမ့်မယ်။ အာဏာစက် အောင်မြင်မှု
ကြောင့် အာဏာတန်ခိုးကြောင့် တရားလက်လွတ် ဖြစ်ပြီး နောက်ဆုံး ကျဆုံးသွားကြရတယ်။
ဒါကြောင့် လမ်းမှန်တရားလို့ မိမိတို့က မိမိတို့ အဖွဲ့အစည်းယုံကြည်ပြီး တိုင်းပြည်အား အာဏာ
ရထားသူ အစိုးရ ဆိုသူအား ဝေဖန် ရဲ လမ်းပြရဲလျှင်။ ကိုယ့်ပါတီ ကိုယ့်လုပ်ရပ်ကိုလည်း
အခြားအဖွဲ့အစည်း အခြားပြည်သူလူထု ထဲမှာ ဝေဖန်ခြင်း အကြံဥာဏ်ပေးခြင်းကို လက်ခံရပ်ါလိမ့်မယ်။
              အဓိက အချက်တစ်ခုက စစ်ပွဲကြီးတစ်ခု၌ မိမိတပ်အင်အား ပစ္စည်းအင်အား တိုးတက်များပြားနေသော်လည်း။ ရန်သူဘက်က သတင်းတစ်ခုတလေ မှ မရပါက ၄င်းစစ်ပွဲ
ကြီးမုချ ဆုံးရှုံးရပေမည်။
             ရေးဘူးပေါက်တာ ငါနားမလည် မသိပါ။ -ရေးဘူးထဲ ရေပါလာတာဘဲ မြင်ခြင်တယ်။
ဆိုတဲ့ စစ်အာဏာရှင်များ၏ နည်းဗျူဟာ သည် တသွေးတသန် တမိန့်- ဖြစ်သော ၀န်ထမ်းနှင့်
စစ်တပ်မှာသာ လုပ်သော နည်းဗျူဟာဖြစ်သည်။
              ဒီမိုကရေစီနှင့်ပညာပိုင်းဆိုင်ရာ နိုင်ငံရေးဗေဒ ဒသန များမှာ ထူးခြားစွာသိခြင်း တတ်ခြင်းမှ -အောင်မြင်ခြင်း ဒသန ဖြစ်နေ၍ ပါတီခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင်သည်
အနားမှာ ကပ်ဖါးယပ်ဖါး ၀ိုင်းပါနေသူတွေလို သတိမပြုမိဘဲ။ အနားက ကပ်ဖါး ယပ်ဖါး နိုင်ငံရေး ခလေးပေါက်စ တွေကတော့ ဒို့သခင် ကိုထိရင် မခံဘူးဆိုပြီး အရမ်း ၀င်တိုက်ခိုက်တတ်ကြတယ်။ ဒါကြောင့်လည်း အဖွဲ့အစည်း တခု ပါတီ တစ်ခုသည် ခေါင်းဆောင်တဦးထဲ ကောင်းတိုင်းမဖြစ်နိုင်ဘဲ။ အားလုံး တပြေးညီညီ နိုင်ငံရေးကြွမ်းကျင် လိမ္မာသူများ ၀ိုင်းပါကြမှ ဖြစ်နိုင်ပါတယ်။
                ဆရာမ အခု ကျုပ်ကတော့ ပြည်ပ မှာ ပါ ရှစ်လေးလုံးကာလ ထက် နှစ် ၂၀-
လောက် စောပြီး တော်လှန်ရေးကာလ ထဲရောက်လာတဲ့သူပါ။ ဆိုပြခဲ့သလို တော်လှန်တယ်
ဆိုတာ - ပြည်သူကရွေးကောက်တင်မြောက် တဲ့ပြည်ထောင်စု အစိုးရကို စစ်အာဏာရှင်များက
အာဏာသိမ်းခြင်းကို တော်လှန်တယ်လို့ ပြောပါတယ်။ လူမျိုးစု များကလည်း တော်လှန်ရေးလုပ်ကြတယ်ပြောတယ်။ ကျုပ်တို့က စနစ်ကို တော်လှန်တာပါဘဲ။ စံနစ်တစ်ခုကို
တော်လှန်ကြသူများဟာ ကမ္ဘာတစ်ခုလုံး အများပါ။
                  တစ်ပြည်နှင့်တစ်ပြည် လူမျိုးတစ်မျိုးနှင့် တပါတီနှင့်တပါတီ တစ်ဖွဲ့နှင့်တစ်ဖွဲ့
မဟာဗျူဟာတွေ ဘယ်တူပါ့မလည်း နည်းဗျူဟာ ခြင်းလည်း မတူကြပါဘူး ပါလီမန်ဒီမိုကရေစီ
စံနစ်က ပုံစံက တစ်ခုထဲပါဘဲ။ နိုင်ငံရေးပါတီ ပေါ်လစီ တွေမတူတော့ အယူအဆ အတွေးအခေါ် တွေ ဘယ်တူနိုင်ကြပါ့မလည်း တစ်ခုတော့တူညီတာကတော့ စစ်အာဏာရှင်စံနစ်ကို ဖြုတ်ချထာခြင်း က အတူတူပါဘဲ စစ်အာဏာရှင်ကို မပြောပါနဲ့
ဒီမိုကရေစီ စံနစ်ဟာ တစ်ပါတီ အားဏာရှင် ဖြစ်လာမည့် လုပ်ရပ်မှန်သမျှကို မဖြစ်လိုပါဘူး
ဒါကြောင့် ပါလီမန်လွှတ်တော်ကို ဖွင့်ပြီး ပြည်သူက ရွေးကောက်သူများထဲမှာ အစိုးရလုပ်သူ
အတိုက်အခံ လုပ်သူ ဆိုပြီး ထားကြရတယ်။ အစိုးရ အဖွဲ့ဖြစ်လာသူများက အုပ်ချုပ်ရေးအာဏာကို ရယူပြီး အထက်လွှတ်တော် (ဆီးနိတ် အမတ်များနှင့် အတိုက်ခံ အမတ်များ အပါအ၀င် ပါလီမန်လွှတ်တော်တွင်း အမတ်များထဲမှ-ဥပဒေ ရေးဆွဲရေး အာဏာ
နှင့် နှစ်ဘက် ဆန့်ကျင် ပေးထားရတယ်။ သည်လို မလုပ်က အုပ်ချုပ်ရေးအာဏာရထားသူ
အစိုးရလုပ်သူက -သူလုပ်ခြင်သည်လုပ်ပြီး တရားမျှတမှု မရှိတဲ့ အာဏာရှင်ဖြစ်လာနိုင်သော
ကြောင့်ဖြစ်တယ် ထိုမျှ နှင့်မပြီးသေးဘဲ တရားစီရင်ရေး တရားလွှတ်တော်ချုပ်ဆိုတာလည်း
ရှိရသေးတယ် တိုင်းပြုပြည်ပြု ဥပဒေအရ အမျိုးသားလွှတ်တော်ကြီးတရပ်က အတည်ပြု ဆုံးဖြတ်ခဲ့သော ဥပဒေ အတိုင်းသာ မည့်သည့်ပါတီ က အစိုးရ ဖြစ်စေ ဥပဒေ အတိုင်း
အုပ်ချုပ်ရပါလိမ့်မယ်။ အဲသလို မလုပ်သော အစိုးရ အဖွဲ့ကို တရားရေးဌာန တရားလွှတ်တော်
ချုပ် ကတရားစွဲဆိုပြီး နိုင်ငံရေးလုပ်သူများကို နိုင်ငံရေးသမား အမတ်များကို ၄င်း အစိုးရ ဆိုသူအား၎င်း အပြစ်ပေးနိုင်တယ်။
                       ဒီမိုကရေစီသမားများဟာ မည်သည့်အစိုးရ မည်သည့်နိုင်ငံရေးသမားများကို
ဖြစ်စေ ဝေဖန် နိုင်ခြင်း အကြံဥာဏ် ပေးနိုင်ခြင်းများကို လုပ်နိုင်ကြတယ်။
                       လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာ နိုင်ငံရေးပါတီ ဖွင့်ပိုင်ခွင့် လွတ်လပ်စွာ ဝေဖန်ခွင့် လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် လွတ်လပ်စာပြောဆိုနိုင်ခွင့် လွတ်လပ်စွာ စီးပွါးရှာပိုင်ခွင့် လွတ်လပ်စွာ နိုင်ငံရေးစည်းရုံးလှုပ်ရှားခွင့် သည် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ရရှိကြသော လူအားလုံး၏ အခွင့်အရေးတရပ်ဖြစ်ပါတယ်။
                        ဒီမိုကရေစီကို နားမလည်သူများ စစ်အာဏာရှင်စံနစ် အောက်ရောက်နေသူများ အတွက် သတင်း ဌာနများအား ပိတ်ပင်ခြင်း နိုင်ငံရေးစာပေများ
ပိတ်ပင်ခြင်း။ နိုင်ငံရေး ဝေဖန်ခြင်း မလုပ်ဟု ဆိုခြင်းမှာ နိုင်ငံရေး အယူအဆ များကို
အမြစ်မကျန် နှုပ်ထုတ်လိုက်သော စစ်အာဏာ ရှင် စံနစ်၏ ချိန်းခြောက်မှု တစ်ရပ်သာဖြစ်
ပါသည်။ ဆရာမ အား ကျေးဇူးတင်ပါသည် ပြည်တွင်းသို့ ဖိတ်ခေါ်ခြင်း အတွက်ဖြစ်သည်
ဒသန အမြင်ခြင်း မတူသည်မို့ ပြည်တွင်း၌ နိုင်ငံရေး လွတ်လပ်စွာ လုပ်နိုင်မှု မရှိခြင်း
အစိုးရဆိုသူ မတရားသဖြင့် နိုင်ငံရေး အရ ဖမ်းဆီးထားသူများအား ယနေ့တိုင် လွှတ်ပေးမှု
မရှိသေးခြင်း။ ပါတီထူထောင်ခြင်းသည်ပင် ပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရသေး
သည်ကြောင့် ဆရာမ ဖိတ်ခေါ်ခြင်းအတွက် လက်မခံနိုင်သေးကြောင်းပါ။ စေတနာသည်
ပညာနဲ့ မဆိုင်ပါ စေတနာ ကောင်းသူတိုင်း မတရားအဖမ်းဆီးခံရသည့် စစ်အာဏာရှင်
အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင်း မည်၍ မည်မျှ ရှိကြောင်း ဆရာမ စာရင်းဇယား
ကောက်ကြည့်ပါ။ သို့မဟုတ် ပြည်ပရှိ နိုင်ငံရေးသမားအကျဉ်းသားများ အဖွဲ့အစည်းနှင့်
ဆက်သွယ်ပြီး စာရင်းယူကြည့်က အမှန်ကို သိနိုင်ပါမည်။
                      အစမကောင်းက အနှောင်း မသေ ခြာ ဆိုသောစကားရှိပါသည်။
ဆရာမတယောက် အပြစ်မြင်က ကျုပ်တို့ အခွင့်လွှတ်ပါသည် ကျုပ်တို့အဖို့- ၂၀၀၈-ခုနှစ်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သဘောမတူ ခြင်းနှင့်အတူ ပြည်သူအများ အားဇီးကုတ်
ပြီး ထောက်ခံခိုင်းလိုက်သော ဒီမိုကရေစီ အတုနှင့် ပြည်သူ့လွှတ်တော် စစ်ဝန်ထမ်းများ
လက်ရှိ ၂၅% ကြံဖွတ်မဲရသောစစ်ဗိုလ်လူထွက်နှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အမတ်
များ အားလုံးသည် လွှတ်တော် နှစ်ရပ်တွင် ၈၀%ကျော်သော စစ်မှုထမ်းများပါဝင်နေသော
လွှတ်တော်နှင့် အစိုးရကို မယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီ ၀င်
များကဲ့သို့ ကျုပ်တို့အားလုံ အများက ပြည်တွင်းသို့  ဆရာမ ဖိတ်ခေါ်ချက်ကို ငြင်းပယ်
ပါကြောင်း နှင့်အတူ ။ ဒီမိုကရေစီဆိုသည် အမြင်မတူ သူ ပေါင်းပြီး အကြမ်းဖက်မဟုတ်
သော နိုင်ငံရေး လုပ်နည်းဖြစ်ကြောင်းနှင့်အတူ ကျုပ်တို့၏ မဟာဗျူဟာကို ပါလီမန်ဒီမိုကရေစီ
ပါတီ၏ စာစောင်နှင့် ထုတ်ပြန်ကြေငြာချက်များ အင်တာနက်မှတဆင့် ဖတ်ရှု လေ့လာနိုင်ပြီး
နည်းဗျူဟာ သည် လက်ရှိ လုပ်နေသော လုပ်ရပ်များတွင် ထိတွေ့သူများ သိရှိ ခံစား ပူးတွဲ
ဆောင်ရွက်မှု ရှိခြင်းနှင့်အတူ။ တော်လှန်ရေးပြုပြင်ပြောင်းလဲ မှု နည်းဗျူဟာ ကိုတော့
လျှို့ဝှက်ချက်များဖြစ်၍ ပြောဆို တင်ပြခွင့်မရှိနိုင်ခြင်းကို ခွင့်လွှတ်ပေးပါရန်နှင့်-
                     အခုလို ဆရာမ ၏ ဒီမိုကရေစီ စံနစ်ကျင့်သုံးပြီး ဝေဖန်ခြင်း အကြံဥာဏ်ပေး
ခြင်းများကို များစွာ ကြေးဇူးတင်ကြောင်း အမြဲတန်း အကြံဥာဏ် များပေးပါရန် ဝေဖန်ပေးရန်။ လည်းဖိတ်ခေါ်ပါကြောင်း။
ကျေးဇူးတင်ခြင်း များစွာဖြင့်-
အောင်မင်း (ပါလီမန်ဒီမိုကရေစီပါတီ )
 

NLDရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရ

အစည်းအဝေးဆုံးဖြတ်အရ အန်အယ်လ်ဒီပါတီ မှတ်ပုံတင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
 
 

No comments: