Wednesday, November 23, 2011

NLD ဦးဆောင်အဖွဲ့သစ်


NLD ဦးဆောင်အဖွဲ့သစ်တွင် အမျိုးသမီးအင်အား ထက်ဝက် ပါဝင်နေ – new NLD CEC list



မိုးမခအထောက်တော် အမှတ် ဝဝ၁
နိုဝင်ဘာ ၂၄၊ ၂၀၁၁


NLD က ရွေးကောက်ပွဲကော်မရှင်သို့ ရက်ပိုင်းအတွင်း ပါတီ မှတ်ပုံတင်ရေးအတွက် လျှောက်လွှာ တင်ရန် ပြင်ဆင်နေပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အသစ်အတွက် လူရွေးချယ်ပြီးဖြစ်သည်ဟု သိရသည်။

CEC အသစ်၂၁ ဦးတွင် ၀ါရင့်ခေါင်းဆောင်အများအပြား ပါဝင်ခြင်းမရှိဟု သိရသည်။ ပါဝင်ခြင်း မရှိသူများမှာ အသက် ၈၀ နှင့် ၉၀ ၀န်းကျင် အသီးသီး ရှိကြသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ ဖြစ်သည်။

သို့သော်လည်း ၀ါရင့်ခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့
CEC အသစ်တွင် ပါဝင်ကြောင်း ရန်ကုန်မြို့ NLD သတင်းရပ်ကွက်ထံမှ သိရသည်။

ထိုစာရင်းအရ NLD ၏ အနာဂတ် ခေါင်းဆောင်အဖွဲ့တွင် အမျိုးသမီးပါဝင်မှု ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။
အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦး အမည်ဖော်ပြထားသော စာရင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
NLD ၏ အနာဂတ် ခေါင်းဆောင်အဖွဲ့
(၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရဖူးသူများ၏ အမည်ကို အပြာရောင်ခြယ်ထားသည်။)

၁။ သူရဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်

၃။ ဦးဝင်းတင်
၎။ ဦးဉာဏ်ဝင်း (မွန်)

၅။ ဦးဟံသာမြင့် (ရန်ကုန်)
၆။ ဦးဝင်းမြင့် (ဧရာဝတီ)

၇။ ဒေါက်တာ ဒေါ်မေဝင်းမြင့် (ရန်ကုန်တိုင်း)
၈။ ဦးမီလာရှီဆိုင်း (ကချင်)

၉။ နန်းခင်ထွေးမြင့် (ကရင်)
၁၀။ ဦးဇော်ပွဲ (ချင်း)

၁၁။ ဒေါ်ခင်သန်းလှိုင် (စစ်ကိုင်း)
၁၂။ ဒေါ်အုန်းကြည် (မန္တလေး)

၁၃။ ဒေါ်ခင်စောဌေး (မကွေး)
၁၄။ ဒေါ်ခင်ဌေးကြွယ် (မွန်)

၁၅။ ဒေါ်သန်းဌေး (ရှမ်း)
၁၆။ ဒေါ်ခင်မိုးမိုး (ရှမ်း)

၁၇။ ဦးကျော်ခင် (ရှမ်း)
၁၈။ ဒေါ်လှလှမိုး (ပဲခူး)

၁၉။ ဦးလှမင်း (တနင်္သာရီ)
၂၀။ ကိုမျိုးညွှန့် (လူငယ်လုပ်ငန်းအဖွဲ့)

၂၁။ ဒေါ်ခင်စောမူ (အမျိုးသမီးလုပ်ငန်းအဖွဲ့)


No comments: