Friday, November 18, 2011

ဝေဖန်သုံးသပ် နိုင် ရန် တင်ပြလိုက် ပါတယ်။


 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
 
            ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။
 
            သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။
 
            ဤအခြေအနေအောက်တွင် -
 
-           နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊
-           တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊
-           လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊
-           လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ  ပိတ်ပင်ထားဆဲဖြစ်ခြင်း၊
-           နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊
-           ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊
-           လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင့်
 
            ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။
 
            ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။
 
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။
ရက်စွဲ။                ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။
 
 
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
 
 
 
 
ဒီမိုကရေစီရရှိရေး ပြည်သူအကျိုး ရှေ့ရှုမည်ဆိုပါက စစ်အာဏာရှင်များနှင့်ပေါင်းပြီး စစ်အာဏာရှင် စိတ်ကြိုက် လိုက်လုပ်မည်ဟု ဆိုလာသည့်သူများက ဆိုလာနေပေပြီ။ 

၂၀၀၈ နာဂစ် အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလာကြသလို။ ဘောင်းဘီချွတ်သိန်းစိန် အစိုးရကိုလည်း ပြောင်းလဲလာသော အစိုးရ ဒီမိုကရေစီနိုင်ငံတော်ကို ရှေးရှုမည့်အစိုးရဟု အသိအမှတ် ပြုသူများရှိလာကြသည်။ သိန်းစိန်နဲ့ စစ်ဗိုလ်တွေ လုပ်ပေးမှ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားလာမည်ဟုထင်လာကြသည်။ ယုံချင်သူများလာကြသည်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေရယ် စစ်ဗိုလ်လူထွက် သိန်းစိန်တို့လို ဗိုလ်သန်းရွှေသြဇာခံတွေရယ် မရှိလျှင် မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကား ခဲ့မည်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်ကပင်ဖြစ်သည်။ စစ်ဗိုလ်များက မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင် လုပ်ဆောင်ချင်လျှင် ဘာမျှမခက်။ စစ်မှန်သော စိတ်စေတနာကောင်းသာ ရှိဘို့လိုသည်။ တိုင်းပြည်အာဏာကို ၉၀ ရွေးကောက်ခံအမတ်များ ကိုလွှဲပေးလိုက် ယုံသာဖြစ်သည်။
 
ဒီမိုကရေစီရရှိရေးတိုက်ပွဲ သည် မရှုံးသေး၊ အချိန်အကန့်အသတ် မရှိလျှင် လုံးဝမရှုံးသေး။

''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
 
 
 
 
 
 
 
 
အင်တာနက် တိုက်ပွဲပျော်များခင်ဗျာ။
ဒေါ်စုကို ၀န်းရံကြ ။။ ၀ိုင်းရံကြလို့ အော်ခဲ့ ကြသူတွေ။ ဒေါ်စုနဲ့ အတူလို့  အော်ခဲ့ကြသူတွေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့
တိုင်းပြည်အရေးကိုပဲ ဦးထိပ်ပန်ဆင်ပါတယ်တဲ့ ။
ဒီမိုကရေစီလိုချင်ပါသည်ဆိုသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကို စိမ်ခေါ်လိုက်ပါပြီဗျာ။
အခု ၀ိုင်းရံမလား ၀ိုင်းကန်မှာလား၊
မြန်မာ့နိုင်ငံရေး ပွဲကြီးပွဲကောင်း စပါပြီဗျာ၊
ဖိုးဇီဝ
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
 
 
အစတုန်းကပင်သိနေတယ်လေ- နောက်ဆုံးတော့ အားလုံးဟာ သိန်းစိန်တို့အောက်ကို ဒူးထောက်ကြရမှာဆိုတာ။ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် ဘာဘဲလုပ်ရလုပ်ရဆိုတဲ့ အမြင်ရှိရင်တော့ သိန်းစိန်တို့ စစ်အုပ်စုကို ၀ိုင်းရန်ကြဖို့ အားလုံးကို တိုက်တွန်းရမှာပါ။
သိန်းစိန် စစ်အုပ်စု အဓွန့်ရှည်ပါစေ- ဒီမိုကရေစီဆိုတာ သိန်းစိန် စစ်အုပ်စုနဲ့ပေါင်းရင် ရနိုင်တယ်- စစ်တပ်နဲ့ပေါင်းပြီး လုပ်တတ်ရင် အကျိုးရှိမှာပါ။
သိန်းစိန်ကို ၀ိုင်းရန်ကြပါ။
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
Note|  သိန်းစိန်ကို ၀ိုင်းရန်ကြ  ၀န်းရံကြ မဟုတ်  ။
 
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
   ၁၈ - ရက် နမိတ်ဆိုးများ
ဟိုတချိန်က
၁၈ - စက်တင်ဘာ
အာဏာရှင်တွေကြောင့်
တစပြင်လို ဒီမိုကရေစီကျဆုံးခဲ့ရတယ် ။

အခုတချိန်
၁၈-နိုဝင်ဘာ
ဒီမိုကရေစီလမ်းခုလပ်မှာ
ခွပ်ဒေါင်းအလံ တောင်ပံကျိုးခဲ့ လေသလား ။

ကြိုးစင်ထက်က
ငိုရှိက်သံတွေနဲ့ 
ကြိုးတိုက်ထဲက
ကြုံးဝါးသံတွေ
ညံနေတုံးပါလား ကွယ်တို့ ။

လမ်းမပေါ်မှာ
တနေ့ သာဖြစ်လာရင်
၁၈-ရက်နေ့ ဆို
နောက်ပြန်လှည့်လိုက်တော့မယ်ဟေ့ ။

မိုးကြိုးပစ်တာ
ထန်းလက်နဲ့ ကာလို့  ရရင်
ထန်းတောရှိရာ
ထောင်ထဲကလူတွေ ခေါ်သွားမယ် ။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက်)
 
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ပြည်ပရောက် နိုင်ငံရေးစိတ်ဝင်စားသူများ ဝေဖန်သုံးသပ်နိုင်ရန်

Democratic Alliance of Burma (DAB) ၏ တာဝန်မဲ့မှုများ
၈လေးလုံး အင်တာနက်စာမျက်နှာနှင့် အချို့  သောကိုယ်ပိုင် အင်တာနက်စာမျက်များတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)  ကို ဝေဖန်သုံးသပ်ခြင်း၊ နိုင်ငံရေးအကြံ့ပုခြင်းများ လုပ်နေသည်တွေ့ ရပါသည်။
ဒီမိုကရေစီ အခြေခံသဘောတရားအရ လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိပါသည်။ အကြံဥာဏ်များပေးခွင့်ရှိကြ ပါသည်။ သို့ သော်လည်း ထိုသို့  ဒီမိုကရေစီ အရ  ဟု ဟစ်ကြွေးပြီး ဝေဖန်ပိုင်ခွင့်ရှိသည်။ အမေရိကန်နိုင်တွင် အိုဘားမားကို ဝေဖန်နေတာမတွေ့ ဘူးလား စသည်ဖြင့် ဒီမိုကရေစီဆိုသည့် စနစ်အား လွန်စွာမှ တတ်သိ သိရှိ နားလည်နေသူများသကဲ့သို့  ပြောဆိုပြန်လည်ချေပနေမှုများကိုလည်းတွေ့ ရပါသည်။ ဒီမိုကရေစီ ဆိုသည့် စနစ်အတွင်း၌ရှိသည့် စည်းမျဉ်းဥပဒေတွေကို မည်မျှသိရှိတတ်ကျွမ်းနားလည် နေကြသနည်း ဆိုသည်ကို တော့ မသိရှိနိုင်ခြေ။ 
၎င်း အင်တာနက်စာမျက်နှာများသည် ရန်သူ့ အကြိုက်ဖြစ်နေစေသည်ကို အားလုံးသောသူများသိရှိနေကြ သော်လည်း သူထက်ငါ အလုအယက် ဝေဖန်သုံးသပ်နေကြသည်ကိုလည်းတွေ့ ရပါသည်။ သူထက်ငါ အလု အယက်ဝေဖန်နေသူများ   အပြန်အလှန်အချင်းပွား နေသူများ၏ ဦးရေ (၁၀) ဦးထက်မကျော်ကြောင်းလည်း လေ့ လာသိရှိရပါသည်။
ကိစ္စမရှိဟု အားလုံးကို ပြောလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများအားလုံး၏ ဝေဖန်သုံးသပ်နေခြင်း များကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိရှိနိုင်မည်မဟုတ်သောကြောင့်ဖြစ်ပါသည်။ သိရှိပါကလည်း စိတ်ဝင်စားမည်မဟုတ်လှကြောင်းလည်းအသိပေးလိုပါသည်။ ထို့ အပြင် ထိုသူများသည် အများအားဖြင့် လက်ရှိ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့ အစည်းများတွင် လုပ်နေကြသည့်သူများမဟုတ်သည်ကိုလည်းတွေ့ ရပါ သည်။ ထို့ အတွက်ကြောင့် ကိစ္စ အထူးမရှိပါဟု ထပ်မံတင်ပြပါသည်။
သို့ သော်လည်း  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၅) ရက် နေ့ စွဲပါဖြင့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့  ချုပ် (မဒမခ) Democratic Alliance of Burma (DAB) မှ သဘောထားထုတ်ပြန်ကြေညာချက် တစောင်ထွက်လာသည်။ ၎င်းသဘောထားကြေညာချက်သည်တော့ဖြင့် အရေးပါသဖြင့် ယခုကဲ့သို့ လူထုအား အသိပေးရခြင်းဖြစ်ပါသည်။

သဘောထားကြေညာချက်ပါ (၆) ချက်ကိုထောက်ရှုရလျှင်။
(DAB) ကြေညာချက် အချက် (၃) တွင်  “ယနေ့ကာလ ပြောင်းလဲမှုများသည် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ် ဟုတ်မဟုတ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင်သည်” ။ ဟု ဆိုထားသဖြင့် (DAB) အဖွဲ့ ကြီးက ဘယ်အချိန်ဘယ်ကာလအထိ စောင့်ကြည့်ကြမည်နည်း။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (DAB) အဖွဲ့ နှင့် အတူ ထိုင်စောင့်ဆိုင်းနေရမည့် အချိန်ကာလ ဟုတ်မဟုတ် ကို လက်တွေ့ ကျကျ (DAB)  အနေဖြင့် သိရှိသုံးသပ်ဆုံးဖြတ်သင့်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်သည် အချိန်နှင့်အမျှ အာဏာရှင်အသွင်ပြောင်းအစိုးရနှင့် အနီးကပ်ရင်ဆိုင်လှုပ်ရှား တွေ့ ဆုံနေရသည်ကို သတိချပ် သင့်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွေ့ ဆုံဆွေးနွေးပြီး အပေးယူလုပ်ခြင်း၊ ပေးဆပ်ခြင်း၊ အလျှော့အတင်း လုပ်ရခြင်းတို့ ကို ပြုလုပ်နေချိန်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားဆင်ခြင်သင့်ပါသည်။ ထိုသို့  လုပ်ငန်းများအား လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသူအား (DAB) အနေဖြင့် ယခုအချိန်တွင် ရှုမြင်သုံသပ် ချက်များနှင့် ရွေးကောက်ပွဲဝင်သင့်မ၀င်သင့် စသည့်တို့ အား သဘောထားထုတ်ပြန်ရန် မလိုအပ်ဟု တင်ပြ ပါသည်။
အာဏာရှင်အသွင်ပြောင်းအစိုးရ၏ ကိုယ်စားလှယ် ၀န်ကြီးအောင်ကြည် နှင့် တွေ့ ဆုံပြီးတိုင်း နှင့် မတွေ့ ဆုံမိ အချိန်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရကိုယ်စားလှယ်များ၊ အခြားနိုင်ငံခြားတိုင်းပြည်မှ ကိုယ်စားလှယ်များဖြင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခြင်းများပြုလုပ်နေသည်ကို သတိချပ်မိရန်လိုအပ်ပါသည်။
အာဏာရှင်အသွင်ပြောင်းအစိုးရ၏ ကိုယ်စားလှယ် ၀န်ကြီးအောင်ကြည် နှင့် တွေ့ ဆုံပြီးတိုင်းတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD တို့ မှ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့် နိုင်ငံရေးအကြပ်အတည်းတခုကို ပျော့ပြောင်းသော နည်းဖြင့် အရယူနေရချိန်  ဖြစ်သည်အညီ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိုလည်း လုပ်ဆောင်နေ သည်ကို သတိချပ်မိရန် လိုအပ်ပါသည်။ လက်တွေ့  အချိန်နှင့် အလုပ်လုပ်နေသူများအတွက် စောင့်ကြည့် ရန်ဆိုသည့် ကိစ္စမရှိကြောင်း ထင်ရှားပါသည်။
ယခုကဲ့သို့  သဘောထားထုတ်ပြန်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အား စဉ်းစားဆင်ခြင်ဥာဏ်နည်းပါး သော သူ အဖြစ် ပြောနေသကဲ့သို ဖြစ်နေပါသည်။ (DAB) အဖွဲ့ ၏ အချက် (၁) (၂) ပါ နိုင်ငံရေးသုံးသပ်ချက် အဆင့်အတန်းလောက်ကို ဒေါ်အောင်ဆန်းစုကြည် မှ မြင်မထားပါလျှင် ၎င်းအနေဖြင့် လူထုခေါင်းဆောင် နေရာမှ စွန့် ခွာသွားမည် မလွဲ ဧကန်ဖြစ်ပါသည်။  စွန့် ခွာသွားသင့်ပါသည်။
(DAB)  အချက် ၄။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလ ရည်မှန်းချက်များဖြစ်သော နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲများ၏ သဘောတူညီမှုများအရသာလျှင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လိမ့်မည်၊ စစ်အုပ်စုက လွှမ်းမိုးထားသော ဟန်ပြ လွှတ်တော်အတွင်း မှတဆင့် ၎င်းရည်မှန်း ချက်များကို ဖေါ်ဆောင်သွားရန်မှာ မဖြစ်နိုင်ဟု ယုံကြည်သည်။”  ဟု ဆိုထားပြန်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အဓိက မူလရည်မှန်းချက်များတွင် တွေ့ ဆုံဆွေးနွေးရေးဆိုသည့် အချက် လည်း ပါဝင်သည်ကို သတိမေ့ထား၍မရပါ။ မိမိလိုရာကိုသာစွဲပြီး ဝေဖန်သုံးသပ်ယုံကြည်ခြင်းကို ရှောင်သင့်ပါ သည်။ DAB အနေဖြင့် တွေ့ ဆုံဆွေးနွေးရေးတွင် အင်မတန်မှပါဝင်လိုသည်ကိုနားလည်ပေးပါသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆိုသည့်ကိစ္စတွင် NLD ကလုပ်ငန်းစဉ်တခုအနေဖြင့် အကောင် အထည်ဖေါ်ဆောင်ရွက် နေခြင်းဖြစ်သလို လုပ်ငန်းတိုးတက်မှုအတိုင်းအတာတခု အနေဖြင့်လည်း ရရှိလာသည့် ရလာဒ်များကိုလည်း သတိချပ်သင့်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆိုသည့် ကိစ္စတွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထုတ်ပြန်ကြေညာသဘောထား ပေးပြီးဖြစ်ပါသည်။ ထိုကာလတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်၏ သဘောထားအပေါ်တွင် ကြိုဆိုသည် ထောက်ခံသည်ဆိုသည့် တုန်ပြန့် မှုသာရှိခဲ့ပါသည်။ လက်တွေ့  လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန် မည်သို့ ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက် ဆက်သွယ်ပြီး လုပ်ဆောင်ခဲ့ခြင်းများမရှိခဲ့သည်ကို  တွေ့ ရပါသည်။ DAB အနေဖြင့်လည်း ထိုကိစ္စအား မည်သည့် လုပ်ငန်းမျှဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းများ မရှိသည်ကိုလည်းတွေ့ ရပါ သည်။
လက်ရှိ အခြေအနေတွင် KNU အနေဖြင့် တဖွဲ့ ချင်းသာအရင်ဆွေးနွေးမည်ဆိုသည့် မူချမှတ်ထားသည်ဟု ထုတ်ပြန်ထားသည်ကိုတွေ့ ရှိရပါသည်။ ထို့ ကြောင့် အသွင်ပြောင်းအစိုးရမှ တဖွဲ့ ချင်းစီကို ဆွေးနွေးနေခြင်း အပေါ် တွင် ဆင်ခြေပေးငြင်းဆိုရန် မသင့်သည်ကို သတိပြုမိပါသည်။
တဖန် DAB မှ အဖွဲ့ ဝင် များ ပါ သည့် NCUB မှ ကြေညာချက် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်း၍ ဆွဲထည့်သည်ကိုလည်း တွေ့ ရပြန်ပါသည်။ ၎င်း NCUB တွင် ခေါင်းဆောင်လုပ်၍ အင်တာဗြူး သူအနေဖြင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား တစုတစည်း ညီညွတ်အောင်ပြုလုပ်ပြီး တသံတည်း ထွက်သည့် အခြေအနေရောက်အောင် အရင်ဆုံးလုပ်ဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အသွင်ပြောင်း အစိုးရတို့ ကို တောင်းဆိုခြင်း တိုက်တွန်းခြင်း စတာတွေပါသည့် ကြေညာချက်ထုတ်ရန်သင့်ပါသည်။
NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်များနေချိန်တွင် ၀ိုင်းဝန်းပံ့ပိုးကူညီရမည့်အစား သခွပ်ပင်ကတကျီကျီ လုပ်နေခြင်းမျိုးဖြစ်နေစေသည့် မိမိတို့ နိုင်ငံရေးအရှိန်အဟုန် ပျက်မသွားစေရန် ကြေညာချက်ထုတ်ပြန် အင်တာဗြူး များလုပ်ဆောင်နေခြင်းတို့ သည် ကောင်းသည့် လုပ်ရပ်များ ဟုတ်မဟုတ်သုံးသပ်ရန်လိုပါသည်။
DAB/NCUB/NCGUB/NLD-LA  အဖွဲ့ တို့ တွင် လမ်းပြမြေပုံ (၇) ချက်ကို အချက်တိုင်းတိုက်ဖျက်သွားရန် ဆိုသည့် မူချမှတ်ကာ လုပ်ဆောင်ခဲ့ကြသော်လည်း အချက်တိုင်းအောင်မြင်မှုမရှိခဲ့သည်ကိုတွေ့ ရပါသည်။
ထိုအချိန်ကာလများက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေပါသည်။ ယခု ၎င်းလမ်းပြမြေပုံ (၇) ချက်ကို အဏာရှင်အသွင်ပြောင်းအစိုးရက အောင်မြင်စွာလုပ်ဆောင်နိုင်သွားပြီကို မည်သူမျှငြင်းနိုင်မည်မဟုတ် ကြောင်း တင်ပြပါသည်။ ဘာကြောင့်မအောင်မြင်ခဲ့သည်ကို မိမိကိုယ်မိမိ အသိရှိဆုံးဖြစ်မည်ဟုသိရှိပါသည်၊ ထို့  ကြောင့် DAB အတွင်း ကိစ္စများအားထည့်သွင်းမတင်ပြခြင်းဖြစ်ပါသည်။
ကျန်ခဲ့သည့်အချိန်ကာလများတွင် (DAB) အဖွဲ့ အနေဖြင့် မည်သည့်ကိစ္စများတွင် အလေးထား ဆောင်ရွက် နေပါသနည်း။ အနှစ် (၂၀) အတွင်း အဖွဲ့ ပေါင်း (၂၅) ဖွဲ့  ပါဝင်ဖွဲ့ စည်းထားသည့် (DAB) သည် ယခု လက်ရှိအချိန်ကာလတွင် မည်သို့ ရပ်တည်နေပါသနည်း။ ဟန်သာရှိပြီး အဆန်မရှိသည့် (DAB)၊ စက္ကူကျားရုပ် (DAB) ဘ၀ဖြစ်နေသည့်အဖွဲ့ အစည်း ဖြစ်နေသည်ကို (DAB)အနေ ဖြင့် အသိဆုံးဖြစ်ပါသည်။
ထိုသဘောသဘာဝအခြေအနေအရ DAB ၏ ထုတ်ပြန်ကြေညာချက်သည် NLD အတွင်း ကြီးမားသည့် သဘောထားကွဲ လွဲမှုများဖြစ်လာစေရန် တွန်းပို့ သည့် ကြေညာချက်သာဖြစ်နေပါသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းရှိ နိုင်ငံရေးလုပ်နေသူအချို့ တွင် တောတွင်းလက်နက်ကိုင်၊ ပြည်ပအတိုက် အခံအဖွဲ့  စည်းများ ဆိုသည်ကို အထင်တကြီးရှိနေကြသောကြောင့်ဖြစ်သည်။ ဖြစ်စဉ်အမှန်နှင့် တကယ်လက်တွေ့  DAB အနေအ ထားကို မသိရှိနားမလည်သူများရှိနေပါသည်။
DAB မှ သုံးသပ်ထားသည့် စစ်အုပ်စုမှ လွှမ်းမိုးထားသောဟန်ပြလွတ်တော်ဆိုသည်မှာ များစွာမှ မှန်ကန်ပါ သည်။ သို့ သော် ၎င်းလွတ်တော်မှ ထုတ်ပြန်ကြေညာသည့် ဥပဒေများအတိုင်း ဆုံးဖြတ်ချက်များအတိုင်းသာ ကမ္ဘာ့အဖွဲ့ အစည်းများက ကြိုဆိုခြင်း စောင့်ကြည့်ခြင်း ထောက်ခံခြင်း စသည်တို့ ကို လုပ်နေကြသည် ကို အားလုံးက မငြင်းနိုင်သည့်အနေအထားရှိနေပါသည်။ လက်ရှိ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်ရေးကို အဖွဲ့ ဝင် နိုင်ငံခြားရေးဝန်ကြီးများက ထောက်ခံလိုက်သည်ကို ကြည့်ခြင်းအားဖြင့် အသွင်းပြောင်းအစိုးရ၏ အခြေအနေကို သိရှိနေနိုင်ပါသည်။ DAB အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး တဦး တယောက်နှင့်များဆွေးနွေးနိုင်ပြီး ကန့်  ကွက်နိုင်သည့် အဆင့်တွင် ရှိနေလျှင် အတိုင်းထက်အလွန် ၀မ်းသာကြိုဆိုရမည်မှာအမှန်ဖြစ်ပါသည်။
DAB နောက်ကြောင်းပြန် လှန်ရသော်။ ။။။။ ၁။ လမ်းပြမြေပုံ (၇) ချက်အားလည်း မတိုက်ဖျက်နိုင်ခဲ့။
၂။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဖြစ်နေစဉ်ကာလ များတွင်လည်း ရဟန်သံဃာများအား ရိုက်သတ် ဖမ်းဆီးထောင်ချနေခြင်းအားလည်းမကူနိုင်။ ၃။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကိစ္စကိုလည်း မခြေဖျက်နိုင်။
(၂၅) ဖွဲ့  ဘာများလုပ်နေပါသနည်း။
ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အခါ လုပ်ငန်းများအောင်မြင်တိုးတက်လာသည့် အပေါ်တွင် ပံ့ပိုးကူညီရမည့်အစား NLD အဖွဲ့ ဝင်များ နှင့် ပြည်သူကိုေ၀၀ါးစေသည့် ကြေညာချက် ထုတ်ပြန်ခြင်းသည် ကောင်းသော လုပ်ရပ်ဟုတ်မဟုတ် သုံးသပ်နိုင်ပါသည်။
သုံးသပ်မိသည်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးနောက် မြန်မာနိုင်ငံပြင်ပရှိ အဖွဲ့ အစည်းများ နိုင်ငံရေး လုပ်ကွက် အတော်ပျောက်သွားသည့် အဖြစ်ကိုရောက်ရှိခဲ့သည်ကို တွေ့ ရပါသည်။ Proposal တင်သည့် အခါတွင်လည်း ယခင်ကကဲ့သို့  ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်တွင်း လုပ်ငန်းစဉ် စသည်ဖြင့် တင်ရန် လည်း အခက်အခဲတွေဖြစ်လာပုံရသည်ဟုလည်း သုံးသပ်မိပါသည်။
ထို့ ကြောင့် ယခုကဲ့သို့ အကြံပေးလမ်းညွန်နေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက မှတ်ပုံမတင် ဘဲ နေ၊ ကြားဖြတ်ရွေးကောက်ပွဲလည်းမ၀င် ဆိုတာဖြစ်စေချင်နေတာပါလား။ ထိုသို့ လုပ်လိုက်လျှင် တရားမ၀င် ပါတီ အဖြစ် အသွင်ပြောင်းအစိုးရကကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်တို့ က ထိပ်တိုက်ရင်ဆိုင် လမ်းမပေါ် ထွက် လူထုအုံကြွမှုကြီးဖြစ်၊ ထို့ နောက် အနိုင်ရ ပွဲသိမ်းသွားမယ်လို့ ထင်ပါသလား။ သို့ မဟုတ် ဒေါ်စုကို နေအိမ် အကျယ်ချုပ်ပြန်ဖြစ်စေချင်နေတာလား။ ဒါမှ မိမိတို့  ပြန်လည်ပြီး နိုင်ငံရေးဆန်းပွင့်လာမယ်လို့ သုံးသပ် ထားကြပါလား။
DAB အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံကို ဖျက်သိမ်းရေးပြုလုပ်မည်ဆိုပါကလည်း မည်သည့်နည်းလမ်းများဖြင့် ဖျက်သိမ်း တိုက်ဖျက်ပြီး၊ DAB နှင့်အတူ လူထုမှမည်မျှပါဝင်ပတ်သက်ရမည်ကို လုပ်ငန်းစဉ်များ ချပြပြုလုပ်ခြင်း များဖြင့်သာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကူညီရာရောက်မည်ဖြစ်ပါသည်။
(DAB) အနေဖြင့် ယခုအချိန်တွင် နိုင်ငံရေးသုံးသပ်ချက် သဘောထားများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းချက်များထုတ်ပြန်ခြင်းလုပ်မည့်အစား
DAB နှင့်ပတ်သက်သည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့  အစည်းများ၏ အပစ်အခတ်ရပ်ဆဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို DAB အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး တပေါင်းတစည်း တည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘဲ၊ DAB မှ ဦးဆောင်ဦးရွက်မှုပြု လုပ်နိုင်ခဲ့ခြင်း မရှိဘဲနှင့် လူထုကအားကိုးသည့် အစင်အလာကြီးသည့် ဒေါ်စုနှင့် NLD ကို  နိုင်ငံရေး သုံးသပ်ဝေဖန်မှု များပြုလုပ်နေခြင်းသည် ဒီမိုကရေစီကျင့်စဉ်အရ သုံးသပ်ခွင့်ရှိ သော်လည်း ယခုကဲ့သို့  ကြေညာချက် ထုတ်ခြင်း မှာ အဖွဲ့ အစည်ခေါင်းစဉ် နှင့် စည်းတံဆိပ်တုံးသာရှိသည့် တာဝန်မဲ့သော နိုင်ငံရေးအဖွဲ့  အစည်းတခုဖြစ် ကြောင်းထင်ရှားပါသည်။
လှိုင်မြင့်
၁၈။ ၁၁။ ၂၀၁၁
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
မြန်မာပြည်သူပြည်သားအပေါင်းနှင့်
ပြည်တွင်းပြည်ပရှိတိုက်ပွဲဝင်ဒီမိုကရေစီအင်အားစုအပေါင်းတို့

လွန်ခဲ့တဲ့(၂၃)နှစ်တာကာလက ကျနော်တို့ကျောင်းသားတွေနှင့် ပြည်သူလူထုတရပ်လုံး နေလို၊ လ လိုတောင်းတလိုချင်ခဲ့ကြတာ လွတ်လပ်မှု၊တရားမျှတမှုကို အာမခံချက်ပေးသော ဒီမိုကရေစီနိုင်ငံရေးစနစ် ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်(၂၃)နှစ်လုံးလုံး အသက်တွေ၊ သွေးတွေ၊ ဘ၀တွေ အကျိုးအကြေခံပြီးပေးဆပ်ခဲ့၊ တိုက်ပွဲဝင်ခဲ့ကြတာပေါ့။ မြန်မာပြည်သူတွေလွတ်လပ်ဖို့ကျနော်တို့ရဲ့စေတနာသက်သက်ပါ။ဒါပေမဲ့ ဒီနေ့အခြေအနေတွေ ဟာကျနော်တို့ဒီမိုကရေစီတိုက်ပွဲရေးစီးကြောင်းရဲ့ထိုးဖောက်အောင်ပွဲဆင်နိုင် အောင်၊ တစိုက်မတ်မတ် အောင်ပွဲဝင်တဲ့အထိ၊ အစကနေ တစချင်း၊ တစချင်း ကြေမွသွားတဲ့အရာတွေကိုပြန် လည်ပြင် ဆင်ဖို့တည်ဆောက်ဖို့အချိန်ရောက်သွားပါပြီ။ဒီနေ့ဖြစ်လာတာတွေကိုသင်ခန်းစာယူပြီး၊တည် တည်ငြိမ်ငြိမ်နဲ့မူလရည်ရွယ်ချက်မပျက်ဆက်လက်ချီ တက် ကြဖို့အ ရေးကြီးပါတယ်၊ ဒီမိုကရေစီဆိုတာပြည်သူလူထုနဲ့အခြေခံတည်ဆောက်ရတဲ့စနစ်ဖြစ်တာကြောင့် ပြည်သူတွေရဲ့အဆုံးအဖြတ်အရေးကြီးပါတယ်။
ဒီတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကိုအရွေးအချယ်မမှားမိစေဖို့လိုပါတယ်။ အရွေးအချယ်မှားခဲ့ရင်လဲဒီကနေစပြီး ပြန်လည်ရွေးချယ်ရမှာပေါ့။ ဒါတွေဟာ ဒီမိုကရေစီကျင့်စဉ်တွေပါ။ ဒီမိုကရေစီတည်ဆောက်နေတဲ့အဖွဲ့အ စည်း တွေ၊ ဒီမိုကရေစီစနစ်ကိုယုံကြည်လက်ခံတဲ့ လူ့အသိုင်းအ၀န်းထဲမှာကျင့်သုံးရမှာပေါ့၊ဒီ(၂၃)နှစ်အတွင်းမှာ လှုပ်ရှားသက်ဝင်ခဲ့သူတွေ၊ အဖွဲ့အစည်းတွေကြားထဲမှာဒီမိုကရေစီစံတွေရှိ၊ မရှိဆို တာ နဲ့တိုင်းကြည့်ကြပေါ့။ သေချာတာတခုကတော့ ဒီနေ့အခြေအနေတွေဟာ ကျနော်တို့ရဲ့ဒီမိုကရေစီတိုက်ပွဲကိုဟန့်တားလိုမရနိုင်ပါဘူး။

လွန်ခဲတဲ့၂၀၀၈ခုနှစ်တည်းကကျနော်တိုပြောထားခဲ့ပြီးသားပါ၊အထွေထွေအမျိုးသားတိုက်ပွဲလှုပ်ရှားမှုကြီးတရပ်ဖော်ဖို့လိုတယ်။အထွေထွေညီညွတ်ရေးအင်အားစုသစ်ကြီးတရပ်လိုတယ်။လိုတဖွဖွပြောခဲ့တာပါ။
အချိန်မနှောင်းသေးပါဘူး။ ကျနော်တိုပြန်စုကြပါစို့။ လက်ကိုင်ပုဝါတွေမျက်နှာစည်းပြီး၊ ဒီသံနံရံတွေကို သွေးချင်းချင်းနီနေတဲ့ကျနော်တို့ရဲ့သီးခေါင်းတွေနှင့်ပြန်လည်တိုက်ချေကြပါစို့။ပြည်သူ့အာဏာတွေကိုပြန်လည်သိမ်းပိုက်ကြဖို့ ပြင်ဆင်ဖွဲ့စည်းကြပါစို့။

ရဲထွဋ်
ဥက္ကဌ
မြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း
 
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
 
 
ဦးအောင်မင်းခင်ဗျား-
"လူတော်တွေ အနာဂါတ်အတွက် အလုပ်လုပ်ပေးမဲ့လူတွေ အများအတွက် အနစ်နာခံစွန့်စားရဲသူတွေဟာ။ ပါတ်ဝန်းကျင် အတွေ့အထိ ကြောင့် ပုံစံ ပြောင်းသွားတွေ ကြောင့်ပါဘဲ။"
အဲ့ဒီ စကားစုကို ကျနော် သဘောတော့ကျတယ်၊ ဒါပေမဲ့ ဒီလို ကျင့်သုံးတဲ့သူတွေကို ကျနော်မုန်းတယ်။ ဒီလိုကျင့်သုံးတဲ့သူတွေဟာ ကိုယ့်ကိုကိုယ် မယုံလို့ဘဲ။
နောက်တခုက တစုံတဦးကို ကယ်တင်မယ်ဆိုရင်- မိမိ ကိုယ် မိမိပထမ ကာကွယ်ရမယ်- နောက်ပြီး ကယ်တင်မဲ့သူရော မိမိပါ အန္တရယ်မရှိဖို့ အရေးကြီးတယ်ဗျ၊ တကယ်လို့များ တစုံ တဦး ဒါမှမဟုတ် နှစ် ဦးစလုံး အန္တရယ်ရှိခဲ့သည်ဖြစ်သော်- ဘယ်ဟာသည် အဓိကလည်းဆိုတာ နောက်ဆုံး ဆုံးဖြတ်ချက်ချမည့်သူက ကယ်တင်မည့်သူကပါ။ ဒါပေမဲ့ ဒီကယ်တင်မဲ့သူက ပြင်ပ ပယောကကင်းစွာ ကိုယ့်ကိုကိုယ် စဉ်းစားဆုံးဖြတ်ချက်ချဖို့အရေးကြီးတယ်။ နိုင်ငံရေးမှာ မူ မရှိရင် ဘာလမ်းစဉ်ကိုမှ အကောင်အထည်ဖေါ်လို့မရဘူး။ အမြဲတမ်းရန်သူမရှိသလို- အမြဲတမ်းမိတ်ဆွေလည်းမရှိနိုင်ပါဘူး။ လူ-လူချင်း တချိန်ချိန်မှာ တနေ့နေ့တော့ ပုံစံတခုခုနဲ့ ဆုံနေမှာဘဲ (ခင်ဗျားနဲ့ ကျနော်နဲ့လိုပေါ့)။
သိန်းစိန်စစ်အုပ်စုကို ကျနော် လုံးဝမကြိုက်သလို ပြည်သူတွေကလည်း နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့- ကျနော်တို့ ဘာလုပ်နိုင်ကြမှာလဲ? ဘာမှမလုပ်နိုင်တဲ့အဆုံး သူတို့ကိုဘဲဝိုင်းဝန်းပြီး တိုင်းပြည် အနာဂါတ်အတွက် ၀ိုင်းရန်လုပ်ဆောင်ကြပါစို့ လို့ဆိုရင် ခင်ဗျားနဲ့အတူ ဒီမိုကရေစီ တိုက်ပွဲဝင် အပေါင်းက ကျနော့ကို ဘာပြောမလဲ? 

"ဘယ်လိုဖြစ်ဖြစ်လေ အဖြစ်မှန် အဖြေမှန်က တနေ့ အဆုံးအဖြတ် ပေးကြမှာပါ။ အချိန်ကတန်ဘိုးအရှိဆုံးပါ ။
တိုင်းပြည်တစ်ခုဟာ သည်တိုင်းပြည်နဲ့ တန်တဲ့ လူတွေကြောင့် အဆိုးအကောင်း ဖြစ်လာမှာဘဲ။"

ကျနော် ခင်ဗျားစာပိုဒ်လေးကို သဘောကျလို့ ဒါနဲ့ဘဲ အဆုံးသတ်လိုက်ပရစေဗျာ-
ကျေးဇူးတင်ပါတယ်-

''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 
 
သီဟသူရ ခင်ဗျား
     ကျနော် အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ လူတော်တွေ အနာဂါတ်အတွက် အလုပ်လုပ်ပေးမဲ့လူတွေ အများအတွက် အနစ်နာခံ
စွန့်စားရဲသူတွေဟာ။ ပါတ်ဝန်းကျင် အတွေ့အထိ ကြောင့် ပုံစံ ပြောင်းသွားတွေ ကြောင့်ပါဘဲ။
    အများအတွက် ဦးတည်ပေးမဲ့သူအစစ်က  ရလဒ်ကို မျှော်ကိုးလို့ အခွင့်လမ်းကြောင့်ခရီးသွားတာတို့ မရှိတာအမှန်ပါ
ဘာလို့လည်း ဆိုတော့ သူ့အခြေခံ မူရင်းစိတ်ဓါတ်ကိုက သူများအတွက် လုပ်ပေးနေခြင်လို့ပါဘဲ။ သတိမထားကြလို့မမြင်ရတယ်။
မီးလောင် နေတဲ့  မီးပုံထဲ ဂရုဏာစိတ်နဲ့ ၀င်ဆွဲကယ်တင်ပေးသူဟာ သူကိုယ်တိုင် ဒုက္ခဖြစ်နိုင်တာကို စဉ်းစားပေးနေတဲ့ အချိန်မပေးပါဘူး။
အသက်စွန့်ပွဲ ပြီးသွားမှ သူဘယ်လောက် အန္တရယ်ကြီးစွာ စွန့်စားလိုက်ကြောင်း နောက်မှ သိလိုက်ပါတယ်။
     လူမိုက်တစ်သောင်း ကဲ့ရဲ့ ညောင်းက လူကောင်းတယောက် ချီးမွန်းပြောက်၏ လို့ဆိုတယ်လေ။
အများဆိုတဲ့ နေရာမှာ အရည်အတွက် နဲ့အရည်အချင်းတွေရှိပါတယ်။ သီဟသူရ ပြောခဲ့တဲ့ ထိုင်ကြည့်နေတဲ့သူတွေထဲမှာတောင် မတူတာတွေ
ရှိတယ်။ တချို့က ခြံစည်းရိုး အလယ်မှာ ထိုင်ပြီး ဘယ်ဘက်က သာသလဲ သာတဲ့ဘက်က ၀င်ပါရန် အခြောင်စောင့်နေသူရှိသလို-
အခါအခွင့်မပေးလို့ စိတ်တူသဘောတူ သူတွေ မတွေ့သေးလို့ ထိုင်ကြည့်နေသူ တွေ ရှိတယ်လေ။
      ဘယ်လိုဖြစ်ဖြစ်လေ အဖြစ်မှန် အဖြေမှန်က တနေ့ အဆုံးအဖြတ် ပေးကြမှာပါ။ အချိန်ကတန်ဘိုးအရှိဆုံးပါ ။
တိုင်းပြည်တစ်ခုဟာ သည်တိုင်းပြည်နဲ့ တန်တဲ့ လူတွေကြောင့် အဆိုးအကောင်း ဖြစ်လာမှာဘဲ။
ကျေးဇူးတင်လေးစားလျှက်
အောင်မင်း (ပြည်ချစ်)
 
 
 ''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ကျွန်ုပ်တို့ စောင့်ကြည့်ကြရမည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDပါတီကတော့ ဦးသိန်းစိန်အစိုးရကို ယုံလို့ ပြည်သူလူထုအကျိုးကိုကြည့်ပြီး ကြားဖြတ်ရွေးကောက်ပွဲဖို့ ဆုံးဖြတ်လိုက်ပါပြီတဲ့။ ဦးသိန်းစိန်အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ NLDပါတီကိုရော ယုံကြည်ပြီး အမှန်တကယ် ပြည်သူလူထုအကျိုးကို ကြည့်တယ်ဆိုရင် ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး(အားလုံး) ကို လွှတ်ပေးရမှာဖြစ်ပါတယ်။ မလွှတ်ပေးဘူးဆိုရင်တော့ ဦးသိန်းစိန်အစိုးရဟာ ထုံးစံထဲကမထွက်တဲ့ ကလိန်ကကျစ်အစိုးရဖြစ်တယ်ဆိုတာကို ယုံမှားသံသယ ဖြစ်စရာအကြောင်းမ၇ှိဘူး။
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ရင်ကြားစေ့ရေးကိုလူတိုင်းအမှန်လိုလားကြမှာပါ၊ ဒါပေမဲ့အလိမ်ခံရတာများတော့လူတွေက
အယုံမလွယ်ဒါကိုလည်းနားလည်သင့်ပါတယ်၊ ဒေါ်စုကိုလူတိုင်းထောက်ခံသလို ဦးသိန်းစိန်
(ရုပ်သေး)အစိုးရကိုလည်းလူတိုင်းမယုံကြဘူး၊ ဒေါ်စုလုပ်သမျှထောက်ခံကြဆိုပြီး အညတရ
နိုင်ငံရေးလုပ်နေသူကို လုံးဝပြစ်ပယ်၇ှုတ်ချနေတာကလည်းလုံးဝအဓိပ္ပါယ်မရှိပါ။ နောက်ထပ်
အလိမ်မခံရဖို့ဒီလိုလိုင်းတွေလည်းဒီမိုကရေစီဘောင်အတွင်းမှာရှိသင့်ပါတယ်၊ အညတရဟာ ဒေါ်အောင်ဆန်းစုကြည်လောက်ဘယ်လိုမှမကြီးကျယ်ပေမဲ့ အာဏာရှင်တွေကနှိပ်ကွပ်ပြီဆို
ရင်အညတရတွေကဘယ်လိုမှနှိုင်းယှဉ်လို့မရအောင်ခံရတတ်ပါတယ်၊ ရှစ်ဆယ့်ရှစ်တွေဟာ
ဘယ်တော့မှEliteအကျဉ်းသားအခွင့်အရေးမျိုးမရခဲ့ဘူး၊ House arrest ခံစားခွင့်ကိုဘယ်တော့ မှမရခဲ့ဘူး၊ နိုင်ငံရေးအကျည်းသားတွေကိုတန်ဆာခံအဖြစ်ဖမ်းထားချိန်မှာ ဦးသိန်းစိန်ဆီက ဘာတွေများကတိက၀တ်တွေရထားလို့ပါတွမှတ်ပုံတင်သလည်းဆိုတာ မရှင်းမရှင်းဖြစ်နေကြ
တုန်းပဲ၊ ခုပဲကြည့်လေ သူတို့အာစီယမ်ဥက္ကဌဖြစ်သွားပြီ၊ ဘယ်မှာလည်းကိုယ့်ဖက်ကရတာ၊
ပါတီမှတ်ပုံတင်ခွင့်ရတာကိုပြောမလို့လား၊ ဒါနဂိုကတည်းကရှိပြီးသားကိုသူတို့ဖျက်ထားတာ
ပဲလေ၊ ပေးသားပေး၏မရပါတကားဆိုရင် မိအေးသုံးခါနာလေးခါနာ၊ နောက်အခါတစ်ရာနာ
ဖြစ်သွားမှာပဲ။ ဖိုးဇီဝကိုရော၊ လူတကာကိုလိုက်ဟောက်နေတဲ့ကိုရွှေထီးကိုရော၊ ကိုမူးသာ
ကိုရောပြောချင်တာကတော့ အရှိကိုအရှိအတိုင်းပဲသွားကြတာပေါ့၊ လုပ်စားနိုင်ငံရေးသမား
တွေကိုတိုက်ချင်တာနဲ့ မဆိုင်တဲ့သူတွေကိုထိအောင်မလုပ်ကြပါနဲ့၊ ဒေါ်စုကိုလည်းအားလုံး
၁၀၀%ထောက်ခံအောင်မလုပ်ကြပါနဲ့။ နောက်ထပ်မျိုးကျဲလို့ရအောင်ဆန့်ကျင်ရေးမျိုးစေ့
တွေကိုတော့ချန်ထားပါရစေဗျာ

ဇီဇ၀ါ

 NLDပါတီဟာအာဏာယူမည့်ပါတီမဟုတ်ဘူးလို့တရားဝင်ပြောထားတယ်နော်



No comments: