ရွှေလိုက ရွှေရ၏
ငွေလိုက ငွေရ၏ ။
ပစ္စည်းဥစ္စာ အဖြာဖြာ
လိုရာကိုသ ရှာလို့ရ၏ ။
အမေ့မေတ္တာ ဂရုဏာ စေတနာ
ကမ္ဘာအဆုံး ရှာပေအုံးလဲ
လုံးလုံးတိကျ ရှာမရ။
အမေ့မေတ္တာရေ
ပြည်မာပြည်ကိုအေးဆေးစေသည်။
အမေ့ကရုဏာတွေ
ပြည်သူတွေကို နွေးထွေးစေသည်။
အမေ့စေတနာတွေ
သတ္တ၀ါတွေကို ဘေးဝေးစေသည်။
အမေရေ
ပြည်သူတွေနဲ့ ထာဝရနေ
ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး
ပေးဝေပြီးမှ အားပါးတရ
အနားလဲရ တရားလဲပြ
လောကလူ့ဘောင် အလှဆောင်
ပြောင်ပြောင်ဝင်းဝင်း ပျော်ရွှင်ခြင်းနှင့်
အလင်းအမြဲရပါစေ တို့အမေ။
No comments:
Post a Comment