Saturday, February 18, 2012

ဖျာပုံမြို့ကကြိုဆိုပုံမျိုး စံချိန်ချိုး


ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်








ဖျာပုံက မြို့သိမ်းတိုက်ပွဲတွေမှာအသာဆုံးတဲ့
အားကစားကွင်းမငှါးတော့ဘဲမြို့ပြင်တမိုင်ကျော်ဝေးတဲ့ သဲသောင်ပြင်ပေါ်မှာ လူတွေဝက်ဝက်ကွဲပဲ။
အခြားမြို့တွေထက် ၂-ဆများသတဲ့။
ဖျာပုံမြို့ကကြိုဆိုပုံမျိုး စံချိန်ချိုး
အမေစုဘယ်ရောက်ရောက်
ခြောက်ပြီးတော့လည်း မစည်းရုံး
နှလုံးကိုအပျော့စွဲ (ငွေပေး အစာကျွေး)
ချော့ပြီးတော့လည်း မစည်းရုံး
ပြည်သူ့အသဲနှလုံးထဲ စွဲမြဲစွာတမ်းတ
အမေစုအလာကိုမှန်းဆ
လွမ်းနေကြတဲ့ ပြည်သူတွေပါ။

လှည်းနေလှေအောင်း မြင်းစောင်းမကျန်
သန်စွမ်းသူ မသန်စွမ်းသူ လူသူမှန်သမျှ
ပြင်းပြတဲ့မိမိဆန္ဒအရ လမ်းပေါ်ကိုထွက်လာကြ ကသူက ဆိုသူဆို
အမေစုကို အိုးစည်ဗုံမောင်းနဲ့ကြို
ဒါကိုမဖြစ်စေလိုတဲ့ အစိုးရ
နည်းအမျိုးမျိုးနဲ့တားကြ
ဟိုဟာမရ ဒီဟာမရ
အားကစားကွင်းလဲ ငှါးမရ
ပြင်းပြတဲ့ဖိနှိပ်အား ဘယ်ကလောက်ပင်များများ
တားဆီးပိတ်ပင်တဲ့ စိတ်
ဘယ့်ကလောက်ပင် ကြိတ်ကြိတ်
ပိတ်မနိုင် ကိုင်မရ သဲသောင်ပြင်ကိုထွက်လာကြ
များပြားလှတဲ့လူအမျိုးမျိုး ကြိတ်ကြိတ်ကိုတိုး
ဖြိုးကြွတဲ့ကြိုဆိုပုံမျိုး  စံချိန်ပင်ချိုး။

ဤသို့သောမေတ္တာစေတနာမျိုး
တန်ဖိုးအနဂ္ဃ ထိုက်တန်လှတာမို့
အခကြေးငွေ ရွှေတွေဆပြီး
ပေးဝယ်ကြလဲ မရပါ။

မေတ္တာ မေတ္တာ မေတ္တာနဲ့ကမ္ဘာတည်ဆောက်
တိုင်းမြန်မာပြည် ဖြိုးဖြိုးမောက်။

တက္ကသိုလ်ဘုန်းကြွယ်(၂-၁၇-၂၀၁၂)

No comments: