Friday, August 17, 2012
နေညိုချိန်အတွေး - ခိုင်ထူး
နေညိုချိန်အတွေး - ခိုင်ထူး
နေညိုချိန်ကို ဦးညွှတ်ဂုဏ်ပြုမယ် ရောင်စဉ်ဆိုတာ အလင်းရှိမှသာ ခွဲခြားနိုင်လိမ့်မယ် ပန်းနုကောင်းကင်ရေ တိမ်လွှာပြင်ကို ဆေးဆိုးလိုက်စမ်းပါ နေရောင်ခြည်ရယ် အနောက်ဖက် မကူးခင် အရှေ့က တိမ်ထုကို ဆေးသွင်းခဲ့ဦး နေညိုညိုရယ် မင်းရေးဆွဲတဲ့ တိမ်ပန်းချီကားချပ်ကို မြင်နိုင်သူတွေ အားလုံးအတွက်တော့ ပိုင်ဆိုင်နိုင်ခွင့်ရှိတယ် ရှိရမယ်လေ လေပြေလာရာ လမ်းဖက်လျှောက်ဦးမယ် လာပါမေရယ် ပန်းရနံ့သင်းတဲ့ စိမ်းလန်းမြက်ခင်းပြင် ဖြတ်လျှောက်ကြမယ်လေ တူစုံမောင်မယ် ခရီးကြမ်းဘဝလမ်းမှာ သာယာကြည်လင် ချမ်းမြေ့ခြင်းနဲ့ စိတ်ဓါတ်ခွန်အားကို ဖြည့်စွက်ခဲ့ဦး တိမ်ညိုညိုရယ် သားမွေးမဲ့မြက် ရေလိုနေဆဲမှာ ရွာပါစေလေ ပန်းဖူးပွင့်မှ စိုပြေလန်းဆန်းမယ် ဖူးပွင့်ပါမှ
Labels:အတိတ်က မြိတ်သမိုင်း
ဗီဒီယို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment