Tuesday, August 7, 2012

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းအသက်ပေးလှူသွားခဲ့ကြသော ရဟန်းရှင်လူကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား(ဒုတိယပိုင်း)ကို ယနေ့ ( သြဂုတ်လ ၈ ရက်) ၈း၄၅ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် ဆက်လက်ကျင်းပရာ နိုင်ငံရေးဆွေးနွေးမှုများကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ ဆွေးနွေးစဉ်။
 
 ယနေ့( သြဂုတ်လ ၈ ရက်)ကျင်းပသော ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို နံနက်၈း၁၅ မှ ၈း၄၅ နာရီအထိ မိနစ် ၃၀ ခေတ္တနားခဲ့ပြီး အခမ်းအနား (ဒုတိယပိုင်း)ကို ပြန်လည်စတင်ရာ မြန်မာ့နိုင်ငံအရေးတွင် အားလုံးပူးပေါင်းပါဝင်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ပထမဦးစွာ ဆွေးနွေးစဉ်။

တော်ဝင်နှင်းဆီတွင်ပြုလုပ်သော
၈၈၈၈အရေးတော်ပုံ(၂၄)နှစ်မြောက်အခမ်းအနားနှင့်ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ကြွရောက်လာကြသောဧည့်ပရိသတ်များကို တွေ့ရစဉ်။


 
တော်ဝင်နှင်းဆီတွင်ပြုလုပ်သော
၈၈၈၈အရေးတော်ပုံ(၂၄)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့်ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ


(၂၄ ) နှစ်မြောက် ၈၈ အရေးတော်ပုံ ငွေရတုအကြို အထိမ်းအမှတ် ထားဝယ်
အခမ်းနားကိုနံနက်(၇း၃၀) စတင်ကျင်းပသည်။


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ


    
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ
“အမေ့သား စကားတိုးတိုးပြောလှည့်ပါ ”
(တင်မိုး)

ကာရံချိုမြ
သွေးစစွန်းထင်းနေတယ် ။
တယောကြိုးလည်း
တီးတိုးငိုကြွေးနေတယ် ။
ဂစ်တာတလက်
အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး ။

အမေ့အိမ်နား
ဒီညများမှာ
စစ်သားဖိနပ်
တခွပ်ခွပ်နဲ့
ရပ်လို့စောင့်နေတယ် ။

အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျား မိနေရော့သလား ။

အမေ့နားမှာ
သားခေါ်သံများ
တိုးတိုး ကြားလျင်
နားကိုလှည့်စား
ဒီညများ
ဘယ်သွားနေလဲ လူကလေးရယ် ။

သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျက်
ညနေဘက်က
အရပ်ထဲကလူတွေတွေ့ခဲ့သတဲ့ ။

အမေ့သား
စကားတိုးတိုးပြောလှည့်ပါ ။

တင်မိုး
(ဒေါင်းအိုးဝေ အတွဲ (၁) ၊ အမှတ် (၇) အောက်တိုဘာလ၊၁၉၈၉ မှ)

No comments: