Friday, August 17, 2012

ကူညီပေးနိုင်သူများကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ

သူငယ်ချင်းများအားလုံးကို အကူအညီတစ်ခုလောက်တောင်း ချင်ပါတယ်. တစ်ခုတော့ကြိုပြောပါရစေ..ကျွန်တော် ဘယ် အဖွဲ့အစည်းကမှ မဟုတ်ပါဘူး.. ကိုယ်ချင်းစာစိတ် ကူညီချင်စိတ် .. မိခင်ရဲ့ ပူဆွေးသောက ကို မမြင်ရက်လို့ အခုလို ကူညီတဲ့အနေနဲ့ ဒီပို့စ်ကိုတင်ပြီး အကူအညီတောင်းခံတာပါ..

အခု တင်ထားတဲ့ ပုံလေးကို ကြည့်ပြီး မောင်နှမသားချင်း အဖြစ် စာနာပြီး ကူညီပေးစေချင်ပါတယ်.. ဒီပုံမှာပါတဲ့ ကလေးရဲ့နာမည်ကတော့ မောင်ပြည့်ဖြိုးကျော်ပဲဖြစ


်ပါတယ်..ဒီကလေးလေးဟာ မွေးကတည်းက စအို မပါခဲ့တဲ့အတွက် မွေးမွေးပြီးချင်းမှာပဲ "အူ" ထုတ်ပြီး နေခဲ့ရတာဟာ အခု အသက် သုံးနှစ်ကျော် အချိန်ထိပါပဲ.. သူ့မှာ အဖေမရှိတော့ပါဘူး.. အမေတစ်ခု သားတစ်ခုပါ.. သူ့အမေကလဲ အခု မနော်ဟရီလမ်း၊ ဒဂုံမြို့နယ်မှာ လမ်းဘေး ထမင်းဆိုင်လေး ဖွင့်ထားပါတယ်.. အခု လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကလေးဆေးရုံ ခွဲစိတ်ဆောင် (၁)မှာ ခွဲစိတ်ဖို့အတွက် စတက်ရမှာပါ.. ရက်ပေါင်းနှစ်ဆယ်လောက် တက်ရမယ်လို့ သူ့အမေ ပြောပြချက်အရ သိရပါတယ်.. လက်ရှိ သူတို့ အခက်အခဲကတော့ ငွေကြေးမပြည့်စုံတာပါပဲ.. ကျွန်တော်လဲ အခု ရုံးက လူတွေဆီကနေ စေတနာရှိသလောက်ဆိုပြီး အလှူငွေကောက်ပြီး ပေးပြီးသွားပါပြီ.. ဒါပေမယ့် ဆေးရုံ စရိတ် က အနည်းဆုံးသုံးသိန်းကျော်လောက် ကျမယ်လို့ ခန့်မှန်းထားပါတယ်.. ကလေးဆရာဝန်ကြီး(နာမည် သိတာနဲ့ ပြန်တင်ပေးပါ့မယ်) ကလဲ ခွဲစရိတ် မယူပဲ ခွဲပေးမယ်လို့ သိထားပါတယ်.. ဒါပေမယ့် ဆေးဝယ်စရိတ် သွားလာစရိတ် တွေအတွက်တော့ လိုမယ်လို့ပြောပါတယ်.. လောလောဆယ် တော့ သူတို့ မိသားစု(ဖခင်မဲ့) မှာတော့ ငွေ သုံးသောင်းလောက်ပဲ ရှိတယ်.. ကျွန်တော်တို့တွေ တတ်နိုင်သလောက် ကူညီပေးကြရအောင်ဗျာ.. ဘာဖြစ်လို့လဲဆိုတော့ ခုခေတ်မှာ တစ်ချို့သော လူတွေအတွက် ငွေ သုံး လေးသိန်းဆိုတာ ဘာမှမဟုတ်ပေမယ့်.. မောင်ပြည့်ဖြိုးကျော် အတွက်ကတော့ သူ့ ဘ၀ တစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်.. ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး ရသလောက် စေတနာရှိသလောက် လှူလိုက်ချင်တယ်ဗျာ.. ဆေးရုံက ရက်ပေါင်းနှစ်ဆယ်ကျော်လောက် တက်ရမှာဆိုတော့ ဒီရက်အတွင်းမှာလဲ သူ့အမေဟာ ဆိုင်ဖွင့်နိုင်မှာ မဟုတ်ပါဘူး.. ဒီအတွက် ဆက်သွယ် လှူတန်းချင်တယ်ဆိုရင် ကိုယ်တိုင်ကိုယ်က ဆေးရုံကို သွားပြီး လဲ လှူလို့ရပါတယ်.. ကျွန်တော့်ဆီ ဆက်သွယ်ပြီး လှူရင်လဲ ရပါတယ်.. ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင်တော့ ၀၉-၄၂၁၀၄၀၁၀၁ ကို ဆက်သွယ်ပြီးလှူနိုင်ပါတယ်.. ဒီကြားထဲ ဆေးရုံသွားကြည့်ရင်လဲ အခြေအနေတွေအားလုံးကို ပြန်ပြီး Update လုပ်ပေးပါ့မယ်..

သူငယ်ချင်းတွေအားလုံး ၀ိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းချင်ပါတယ်.. စေတနာရှင်တွေ အားလုံးစုပေါင်းကူညီလိုက်ရင်တော့ ဒီကလေးလေး ဘ၀ပြောင်းလဲသွားမှာပါ..

အဆင်ပြေတဲ့သူများထပ် Share ပေးကြပါ..
တတ်နိုင်တဲ့သူများလဲ ကူညီပေးကြပါ..
(မအားတဲ့အပြင် စာလဲ သိပ်မရေးတတ်တဲ့အတွက် ဖတ်ရတာ အနှောက်အယှက်ဖြစ်ခဲ့ရင် နားလည်ပေးစေချင်ပါတယ်)

ဆက်သွယ်ရန်
ကိုဖြိုး
09-421040101

ပြန်လည်မျှဝေ

No comments: