Saturday, February 11, 2012

ပင်လုံမှသည် ပြည်ထောင်စုနေ့ဆီသို့


ဖြိုးအိဝေ ဖန်တီးတဲ့ပုံကိုကဗျာဖွဲ့ပါသည်

ပင်လုံမှသည် ပြည်ထောင်စုနေ့ဆီသို့

သူတကွဲ ငါတခြား
ကွဲပြားနေတဲ့တိုင်းရင်းသားများကို
အင်းအားစုပြုံ စုဆုံလာအောင်
ပင်လုံဆိုတဲ့ ဘူမိနက်သန်
နေရာမှန်ကနေ မသွေအားထုတ်
ပင်လုံစာချုပ်ဟူ၍ ချုပ်ဆိုအတည်ပြု
ညီအောင်ပြုခဲ့တဲ့စာချုပ်မို့
ပြည်ထောင်စုရယ်လို့ အမြင်ထယ်
အတွင်ကျယ်ခဲ့တဲ့ ပြည်ထောင်စုနေ့ကြီးဖြစ်လာတော့တယ်။

ညီညာမှ ပြည်သာမှာမို့
ညီအောင်ပြုရမယ့်ပြည်ထောင်စုလည်း
တည်ထောင်သမှု ပြုရကျိုးနပ်ပေလိမ့်မယ်။

ဗိုလ်ချုပ်ရဲ့ မှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့
လှမ်းတက်နေကြတဲ့ခြေလှမ်းတွေက
ဘယ်အခြေပေါက်လို့ ဘယ်အနေရောက်နေပြီလဲ
လမ်းပေါက်ကကော ဖြောင့်ရဲ့လား
အကွေ့အကောက်နဲ့ ဘေးရောက်
ပြေးပေါက်မရှိအောင် စစ်မီးတွေတောက်
ကြောက်စရာဒီအရေး တွေးပင်မတွေးဝံ့
ပြည်တွင်းငြိမ်းချမ်းရေး ဝေးခဲ့ရ
စစ်ရေးစစ်ရာ ဖြစ်လာကြတာ
ရာစုတ၀က်တာပင် ကျော်လာခဲ့ပါပြီ။

ဗိုလ်ချုပ်သာကြား ရင်ကျိုးမှာပါလား
သူလက်နဲ့ရေးသွားခဲ့တာကို
ခြေနဲ့ဖျက်တဲ့စစ်အစိုးရ
အမျိုးလှအောင်မလုပ်
အုပ်စုနဲ့မိုက် အုပ်စုနဲ့ကိုက်ခဲ့လို့
ဟိုက်နေတဲ့ပြည်သူ အကြွေးတွေထူ
မကူ မ, မ  တိုင်းပြည်ချွတ်ခြုံကျ
အမွဲတကာ့အမွဲဆုံးနိုင်ငံဟာ မြန်မာ
ရှက်စရာအတိ မက်စရာမရှိအောင်
ကလိနေကြတာ ရဲဘော်တို့မြင်ကြစမ်းပါ။

အကိုရဲဘော်တို့ခင်ဗျား
အတွေးမချော်နဲ့တော့
ပြည်တော် မြို့တော်သာယာရေး
ပြည်သူလူထုနဲ့ ပူးပေါင်းပေး
အရေးတယူ အတူတကွ
ဆန္ဒပြ တော်လှန်ကြရင်
အာဏာရှင်နအဖ
ဂျွမ်းပြန်ကျမှာ သေချာတယ်။

လူထုနဲ့တပ်မတော် လက်တွဲခေါ်
ပြည်တော်သာရေး ခုမနှေး။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
မြန်မာပြည်မှာမွေးဖွားပေး။

ဒါဟာဒို့အရေး ဒါဟာဒို့သွေး။
ဒို့အရေး ဒို့သွေးအတွက်
အသက်ပေးကာ ကာကွယ်ကြလော့
တရက်မနှေးပါ ချီတက်ကြလော့။

တက္ကသိုလ်ဘုန်းကြွယ် ၀၂-၁၁-၁၂


No comments: