Sunday, April 8, 2012
ဒေါ်စုအသက်ကိုသူကယ်တင်ခဲ့တာလို့  ထှောက်လှမ်းရေးဟောင်းခင်ညွှန့် ပြောပြီ။
Suu Kyi still alive because of him says Khin Nyunt
Suu Kyi still alive because of him says Khin Nyunt
Photo from Takeshi Fujitani
He saved the life of opposition leader Aung San Suu Kyi nine years ago said Khin Nyunt, former general and former prime minister of Myanmar, who was pardoned from house arrest early this year by the Thein Sein government, the Bangkok Post reported.
When Suu Kyi and her party members were traveling to Monywa, they were attacked by a pro-junta mob at the Depaying Township’s outskirts in Sagaing Division on May 30, 2003. Myanmar’s former spy chief Khin Nyunt said he saved Suu Kyi and her group.
According to opposition group about 50 people were killed in the Depayin Massacre, but there have never been confirmed on the death toll.
When Khin Nyunt was interviewed by the Bangkok Post on Sunday, he said that he sent his men to save Suu Kyi from the attack mob on that night and they grabbed her from the mob to safety place at nearby army cantonment.
Suu Kyi is regarded as his younger sister said Khin Nyunt, he is highly respecting her because of her determination for the democracy in Myanmar.
Henry Tin
သူပြောတာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်၊ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ပြောပြရင် သိတ်ကောင်းမှာပဲ၊.
ဒီပဲယင်းလုပ်ကြံမှုကို ဘယ်သူတွေက ဘယ်လို ကြံစည်အကွက်ချခဲ့တယ်ဆိုတာ၊ သူကတော့ ကောင်းကောင်းသိမှာပဲ၊ အခုသူကိုယ်တိုင်က ပြန်အစဖော်လာပြီဆိုတော့ သတင်းမီဒီယာက ဆက်လိုက်သင့်ပါတယ်၊ ဒုတိယ အာဇာနည်နေ့ ဖြစ်တော့မလို့ နဲနဲလေးပဲ ကပ်လွဲခဲ့တယ့် ဒီလိုယုတ်မာ အောက်တန်းကျတယ့် ဒီပဲယင်းလုပ်ကြံမှုကြီးကို လွတ်လပ်တယ့် သတင်းမီဒီယာအောက်မှာ တိတိကျကျ ထုတ်ဖော် မှတ်တမ်းတင်သင့်ပါကြောင်း အကြံပြုပါတယ်...။.
 Sai Zaw
so who was commend for this mob attack? why he never speak out? some old retire junta say he just took the advance from this case.so he need to speck out completely just saying.
Oh!" I save her " is not enough.thx.
Aungnaing Oo · Private school at Servicing in educational field
ဒီပဲယင်း လုပ်ကြံမှုကြီး ဟာ သမိုင်း မှာ အလွန် အကြီးတန်လွန်းပါတယ်.
ဖျောက်ဖျက် ပြစ်လို့ ရမဲ့  အရာ မဟုတ်ပါဘူး.
အမြန်ဆုံး ဖော်ထုတ်နိုင်ပါစေ
Tin Shwe · 30 years old
You and your big Boss than shwe command all those SPDC hire terror but GOD save her because she stand for peoples.If you are honest then tell detais who direct and how many innocent peope killed.
Aung Phyo · B.Econ(Statistics),M.P.A
Suu Kyi is regarded as his younger sister said Khin Nyunt, he is highly respecting her because of her determination for the democracy in Myanmar.
 Zaw Zaw Win · · Yangon, Burma
We need to know more story from him because of most of the people and stakeholders alive.
အောင်မိုး (ကနေဒါ)
ခင်ညွန့် ရေ ကိုယ် လုပ့်နိုင်ခဲ့တဲ့၊ အချိန်တွေတုံးကလုပ့်သင့်လုပ့်ထိုက်ခဲ့တာတွေမလုပ့်ခဲ့ဘဲ၊ မလုပ့်သင့်တဲ့ အလုပ့်တွေကို ဗလနံ၊အပေါင်းအပါလုပ့်ဖေါ်ကိုင်ဘက်တွေနဲ့ ပျော်ပျော်ကြီး လုပ့်ခဲ့ကြပြီးပြီလေ။ ကိုယ်ပြုသည့်ကံ၊ ကိုယ့်ကံကြမ္မာတပတ်လှည်လာပြီး ကိုယ်လဲဘယ်လိုပြန်ခံခဲ့ရတယ်ဆိုတာ၊ ကိုယ်ပြန်ခံခဲ့ရတာကို၊ ပြန်ဆင်ချင်ပြီးတော့ ဖြစ်ခဲ့တဲ့သမိုင်းအမှန်တခုကိုအမှန်တရားဘက်ကနေရပ့်
တည်ဖေါ်ထုတ်ပေးသင့်တဲ့အချိန်တော့သင့်အတွက်ရောက်လာနေပြန်ပါဘီ။
ကိုယ်ပြုသည့်ကံ၊ ကိုယ်သာခံကြရစမြဲပါ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို
2012-04-07
မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA
No comments: